မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းတွင် ကျောင်းသုံးပစ္စည်းများလှူဒါန်းခြင်းအခမ်းအနား ကျင်းပ
2026-09-04 10:09|
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာနိုင်ငံ ဧရာဝတီတိုင်းဒေသကြီး အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းသို့ ကျောင်းသုံးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယင်းဒေသ၌ စက်တင်ဘာ ၂ ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံမှူး လီချန်းကော်၊ အထက(ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်နှင့်အတူ ဒေသန္တရစီမံအုပ်ချုပ်ရေးဌာန၊ လွှတ်တော်၊ သတင်းနှင့်ပြန်ကြားရေး၊ ပညာရေး စသည့် အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူဦးရေ ၅၀၀ နီးပါးတက်ရောက်ခဲ့ကြသည်။
အထက (ခွဲ) ငမဲအိုင်ကျေးရွာ စာသင်ကျောင်းသည် ၁၇ ကျောင်းမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးစာသင်ကျောင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ် လှူဒါန်းသော အထောက်အပံ့ပစ္စည်းများတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သိုလှောင်မှုစနစ်၊ သတင်းအချက်အလက်နည်းပညာ ကိရိယာများ၊ ပန်ကာများ၊ မြက်ရိတ်စက်များနှင့် အားကစားပစ္စည်းများ စသည်တို့ ပါဝင်သည်။
ဟင်္သာတခရိုင် ပညာရေးမှူး ဒေါ်စန်းယုမော်က အမှာစကားပြောကြားရာတွင် ဒေသန္တရပညာရေးလုပ်ငန်းများအပေါ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးအနေဖြင့် ရေရှည်ဂရုတစိုက် ကူညီပံ့ပိုးပေးသည့်အပေါ် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ခိုင်က တရုတ်သံရုံးသို့ လှူဒါန်းမှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ကာ တရုတ်သံရုံး၏ လှူဒါန်းပစ္စည်းများသည် စာသင်ကျောင်း၏ လက်တွေ့လိုအပ်ချက်များနှင့် အလွန်ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
အပြန်အလှန်ဆွေးနွေးပြောကြားရာတွင် Grade 9 ကျောင်းသူ မလင်းလဲ့နေခြည်ဇော်နှင့် Grade 12 ကျောင်းသား မောင်ချစ်လင်းကို အပါအဝင် ကျောင်းသား၊ ကျောင်းသူများက တရုတ်ယဉ်ကျေးမှုအပေါ် အထူးစိတ်ဝင်စားကြောင်း ဖော်ပြကြသည်။"တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းရဲ့ ကျောင်းသားများအနေဖြင့် တရုတ်နိုင်ငံကို အလွန်စိတ်ဝင်စားကြပြီး တရုတ်နိုင်ငံအကြောင်းကို ပိုမိုလေ့လာလိုကာ တရုတ်နိုင်ငံနှင့်ပတ်သက်တဲ့ အသိပညာတွေ ပိုမိုရရှိချင်ပါတယ်။ အနာဂတ်မှာ ပညာသင်ကြားပြီး ကြီးပြင်းလာရာမှာလည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းဖို့ မိမိအင်အားနဲ့ အကျိုးဆောင်ပေးသွားချင်ပါတယ်" ဟု ၎င်းတို့က ပြောကြားခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးသည် မကြာသေးမီနှစ်များအတွင်း တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်း စီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ စာသင်ကျောင်းများ၏ သင်ကြားရေးပတ်ဝန်းကျင်နှင့် အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးခဲ့ရာ လူမှုရေးဆိုင်ရာ အကျိုးရလဒ်ကောင်းများ ရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူများအကြား စိတ်ချင်းဆက်နွှယ်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မကြာမီကာလအတွင်း တရုတ်သံရုံးသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စသည့် ဒေသများရှိ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းများသို့လည်း ပညာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
9月2日,中国驻缅甸使馆向伊洛瓦底省额麦恩中学助学捐赠活动在当地举办,中国驻缅甸使馆李千国参赞、额麦恩中学伦伦凯(Lwin Lwin Khaing)校长及当地市政、议会、宣传、教育等政府部门代表和师生近500人出席。
额麦恩中学为第17号中缅友谊学校,2016年3月挂牌。此次所捐赠物资包括太阳能发电储能、信息化设备、风扇、除草机、体育器材等。
兴实达县教育局局长姗玉莫(San Yu Maw)致辞时感谢中国驻缅甸使馆长期以来对当地教育事业的关心和支持。伦伦凯校长向使馆转交捐赠证书并表示,中国驻缅甸使馆所捐物资非常契合学校实际需求。
在互动环节,初三学生玛琳腊蕾季佐(Ma Linn Lett Nay Chi Zaw)、高三学生貌齐林戈(Maung Chit Lin Ko)等同学对中华文化表现出强烈兴趣,并表示:“作为中缅友谊学校的学生,我们都很关心中国,想多多了解中国,获得更多有关中国的知识。我们愿意在今后学习和成长过程中为传承中缅友谊贡献自己的力量”。
中国驻缅甸使馆近年通过中缅友谊学校项目,力尽所能帮助缅方改善各地学校教学环境和条件,取得了良好社会效果,为促进两国民心相通发挥了重要作用。近期,中国驻缅甸使馆还将向勃固省、仰光省等地的中缅友谊学校捐赠助学物资。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ






