တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းကြောင်းပေါ်ရှိ ကောင်းလီကုန့်တောင် ဥမင်လိုဏ်ခေါင်း တည်ဆောက်မှု ကြီးမားသော တိုးတက်မှု ရရှိ

2026-08-24 10:55|ဆင်ဟွာသတင်း

မကြာသေးမီက တရုတ်-မြန်မာ နိုင်ငံတကာ ရထားလမ်းကြောင်း၏ အရေးကြီးအစိတ်အပိုင်းဖြစ်သည့် ယူနန်ပြည်နယ် တာ့လီ-ရွှေလီ ရထားလမ်းပေါ်ရှိ ကောင်းလီကုန့်တောင်ဥမင်လိုဏ်ခေါင်း တည်ဆောက်မှုသည် ကြီးမားသော တိုးတက်မှု ရရှိခဲ့သည်။

ကောင်းလီကုန့်တောင်ဥမင်လိုဏ်ခေါင်းသည် စုစုပေါင်းအရှည် ၃၄.၅ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံ၏ ပထမဆုံး ဟန်တွမ့်တောင်တန်းအား ဖြတ်ကျော်ဖောက်လုပ်ထားသော အထူးရှည်လျားသည့် ရထားလမ်းဥမင်လိုဏ်ခေါင်း ဖြစ်သည်။ တည်ဆောက်ရေးနေရာတွင် မြေလွှာအမျိုးအစား ၁၇ မျိုး၊ မြေထုပြတ်ရွေ့ကြော ၁၉ ခုပါဝင်သည့်အပြင် အမှတ် ၁ ဒေါင်လိုက်တွင်းသည် အနက် ၇၆၅ မီတာအထိရှိကာ တရုတ်နိုင်ငံ၏ အနက်ဆုံးသော ရထားလမ်းဥမင်လိုဏ်ခေါင်း ဒေါင်လိုက်တွင်းဖြစ်သည်။ ယခုအကြိမ် အောင်မြင်စွာ ဖောက်လုပ်ချိတ်ဆက်နိုင်မှုသည် ဘက်စုံစနစ်ကျသော တည်ဆောက်ရေးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပင်မလိုဏ်ခေါင်း လုပ်ငန်းခွင်မျက်နှာပြင် ၄ ခုကို အသစ်ထပ်မံ ထည့်သွင်းနိုင်ခဲ့သည်။

တာ့လီ-ရွှေလီ ရထားလမ်းသည် စုစုပေါင်းအရှည် ၃၃၀ ကီလိုမီတာရှိပြီး တည်ဆောက်ပြီးစီးပါက တာ့လီမြို့မှ ရွှေလီမြို့သို့ ခရီးသွားရန်ကြာချိန်ကို ၆ နာရီမှ ၃ နာရီခန့်အထိ လျှော့ချနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲသည် ရထားလမ်းမရှိခြင်းသမိုင်းကို အဆုံးသတ်နိုင်တော့မည်ဖြစ်သည်။

近日,中缅国际铁路通道重要组成部分——云南大理至瑞丽铁路高黎贡山隧道建设取得重大进展。

高黎贡山隧道全长34.5公里,是中国首条穿越横断山脉的特长铁路隧道,施工区域涵盖17种地层、19条断裂带,1号竖井深达765米,为国内最深铁路竖井。此次贯通实现立体化施工,新增4个正洞作业面。

大瑞铁路全长330公里,建成后大理至瑞丽行车时间将由6小时缩短至3小时左右,与缅甸接壤的云南省德宏州将结束不通铁路的历史。(记者孙敏 赵奇旺)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်