တရုတ်-လာအို ရထားလမ်း ကုန်စည်ပို့ဆောင်မှုပမာဏ တန်ချိန် သန်း ၉၀ ကျော်လွန်
2026-08-20 14:38|
ဩဂုတ် ၁၈ ရက် နံနက်ပိုင်းအထိ တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ပြီးနောက် ကုန်စည်ပို့ဆောင်မှု စုစုပေါင်းတန်ချိန် သန်း ၉၀ ကျော်လွန်သွားပြီဖြစ်ပြီး ယင်းအနက် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုမှာ တန်ချိန် ၂၁ သန်းကျော်ရှိကြောင်း၊ လမ်းကြောင်းတစ်ခုလုံးတွင် ကုန်စည်ရထား အစင်းရေ ၈၀,၀၀၀ ကျော် ပြေးဆွဲခဲ့ပြီး ယင်းအနက် နယ်စပ်ဖြတ်ကျော် ကုန်စည်ရထား အစင်းရေမှာ ၂၃,၀၀၀ ကျော် ရှိကြောင်း သတင်းထောက်က China Railway Kunming Group ကုမ္ပဏီလီမိတက်မှ သိရှိခဲ့ရသည်။
တရုတ်-လာအို ရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှ စတင်၍ ဖွင့်လှစ်လည်ပတ်ခဲ့ပြီးနောက် တရုတ်နှင့် လာအို နှစ်နိုင်ငံ မီးရထားဌာနများသည် ကုန်စည်ပို့ဆောင်ရေး စီစဉ်မှုကို အားကောင်းစေကာ ပို့ဆောင်ရေးစွမ်းရည်နှင့် ထိရောက်မှုကို မြှင့်တင်ခဲ့ရာ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် ဆက်တိုက် မြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် စုစုပေါင်းပို့ဆောင်မှုပမာဏသည် တန်ချိန် ၁၇ သန်း နီးပါး ရောက်ရှိခဲ့သည်။ ၂၀၂၆ ခုနှစ်မှစ၍ ပျမ်းမျှနေ့စဉ် ကုန်စည်ပို့ဆောင်မှုမှာ တန်ချိန် ၆၇,၀၀၀ ကျော် ရှိလာခဲ့သည်။
China Railway Kunming Group ကူမင်း ထောက်ပံ့ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ နယ်စပ်ဖြတ်ကျော် ကုန်စည်ရထားများ၏ နေ့စဉ်ပြေးဆွဲမှုအရေအတွက်သည် စတင်ဖွင့်လှစ်သည့် ကနဦးကာလက တစ်နေ့လျှင် ၂ စင်းမှ အများဆုံး ၂၃ စင်းအထိ တိုးမြှင့်ခဲ့ပြီး ရထားတစ်စင်းဖြင့် သယ်ဆောင်သည့် တန်ချိန်သည် ၂,၀၀၀ မှ ၂,၈၀၀ တန်အထိ တိုးမြှင့်ခဲ့သည်။
လက်ရှိတွင် တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သော ကုန်စည်များသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၉ ခုအထိ လွှမ်းခြုံထားပြီးဖြစ်သလို ပို့ဆောင်သော ကုန်ပစ္စည်းအမျိုးအစားများမှာလည်း စတင်ဖွင့်လှစ်သည့် ကနဦးကာလက ၁၀ မျိုးကျော်မှ အမျိုးပေါင်း ၄,၀၀၀ ကျော်အထိ တိုးချဲ့ခဲ့သည်။
"Lancang-Mekong Express"၊ "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" နှင့် "တရုတ်-လာအို ရထားလမ်း + အနောက်ပိုင်း ကုန်းလမ်း-ပင်လယ်ရေကြောင်းလမ်း လမ်းကြောင်းသစ်" စသည့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ကုန်အမှတ်တံဆိပ်များမှာလည်း တဖြည်းဖြည်း ရင့်ကျက်လာခဲ့သည်။
记者8月18日从中国铁路昆明局集团有限公司获悉,截至8月18日上午,中老铁路开通以来货物运输累计突破9000万吨,其中跨境货物运输超2100万吨;全线累计开行货物列车超8万列,其中跨境货物列车超2.3万列。
中老铁路自2021年12月3日开通运营以来,中国和老挝两国铁路部门加强货物运输组织,提升运输能力和效率,跨境货物运输量节节攀升,到2025年底累计运输近1700万吨。2026年以来,日均运输货物超6.7万吨。
国铁昆明局昆明物流中心有关负责人介绍,中老铁路开通以来,跨境货物列车每日开行数量由开通初期的2列增至最高23列,列车牵引吨数由2000吨增至2800吨。
目前,中老铁路运输货物已覆盖老挝、缅甸、柬埔寨、泰国、越南、马来西亚、新加坡、孟加拉国等19个国家和地区,运输商品种类从开通初期的10余种拓展至4000余种。
“澜湄快线”“中老铁路+中欧班列”“中老铁路+西部陆海新通道”等国际联运品牌日渐成熟。(记者浦超)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

