ယူနန်ပြည်နယ် မုန်ဟိုင်းခရိုင်တွင် လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုကင်းဆက်တစ်ခုလုံး အရည်အသွေးမြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်စေ
2026-08-12 14:19|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မုန်ဟိုင်းခရိုင်သည် ဂေဟကာကွယ်ထိန်းသိမ်းရေးဦးစားပေးမူဝါဒကို အခိုင်အမာ ကျင့်သုံးကာ ရှေးဟောင်းလက်ဖက်ခြံများအား စနစ်ကျသော ထိန်းသိမ်းစောင့်ရှောက်မှု တင်းကျပ်စွာဆောင်ရွက်လျက်ရှိသည်။ စံစနစ်များ ပြည့်စုံပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုပညာနှင့် ခေတ်မီအရည်အသွေးထိန်းချုပ်ရေးစနစ်တို့ကို ချိတ်ဆက်ဆောင်ရွက်ကာ အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးကို တင်းကြပ်စွာ ထိန်းချုပ်လျက်ရှိရှိသည်။ တစ်ချိန်တည်းတွင် "လက်ဖက်နှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှု" ကို နက်ရှိုင်းစွာ ဆောင်ရွက်ကာ ကုန်ထုတ်လမ်းကြောင်းကို ချဲ့ထွင်ပြီး လုပ်ငန်း၏ အရည်အသွေးနှင့် ထိရောက်မှုကို မောင်းနှင်မြှင့်တင်လျက်ရှိသည်။ ၂၀၂၅ ခုနှစ်ကုန်ဆုံးချိန်အထိ ခရိုင်တစ်ခုလုံး၏ လက်ဖက်ခြံစုစုပေါင်းဧရိယာသည် တရုတ်မူ ၉၀ သောင်း ကျော်ရှိပြီး လက်ဖက်လုပ်ငန်း၏ အထွေထွေထုတ်လုပ်မှုတန်ဖိုးမှာ ယွမ် ၃၅ ဘီလီယံကို ကျော်လွန်ခဲ့ပါသည်။

近年来,云南省西双版纳傣族自治州勐海县坚持生态立县,对古茶园实施严格的系统性保护,通过健全标准体系,推动非遗工艺与现代品控接轨,严把质量安全关,同时深化“茶旅融合”,延伸产业链条,驱动产业提质增效。截至2025年末,全县茶园总面积超90万亩,茶产业综合产值突破350亿元。



အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




