ပေါင်ဆန်းမြို့ လုံယန်ခရိုင် ဖူဖျောင်မြို့နယ်ရှိ "ကြာပန်းစားပွဲ" သည် နွေရာသီ ကျေးလက်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့

2026-07-13 11:33|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ နွေရာသီ နေ့လယ်ခင်းအချိန်တွင် ပေါင်ဆန်းမြို့ လုံယန်ခရိုင် ဖူဖျောင်မြို့နယ် ရွှောင်ဟေကျေးရွာရှိ ကြာကန်ဘေးတွင် လေညှင်းသည် အလွှာလိုက်ဖြစ်သော ကြာရွက်စိမ်းများကို တိုက်ခတ်ကာ ပန်းရောင်နှင့် အဖြူရောင်ကြာပန်းများ ယိမ်းနွဲ့လှုပ်ရှားနေသည်။ လမ်းလျှေက်တံတားများပေါ်တွင် ခရီးသည်များသည် မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်ပြီး ပန်းပင်လယ်နှင့်အတူ ဓာတ်ပုံရိုက်ကူးရန် အလုပ်များနေကြသည်။ အနီးအနားတွင် ကျေးလက်အိမ်ခြံဝင်းများမှ ကြာပန်းမွှေးရနံ့များ လွင့်ပျံလာသည်၊ ကြာရွက်ကြက်သားဟင်းသည် ပေါင်းအိုးအတွင်း နွေရာသီ၏ အစစ်မှန်ဆုံးအရသာကို ချက်ပြုတ်နေဆဲဖြစ်သည်။

"ဒီကြာရွက်မွှေးရနံ့ကို မြည်းစမ်းကြည့်ဖို့ မြို့သူမြို့သားအတော်များများက ကားမောင်းပြီး အထူးလာကြတယ်" ဟု ရွာသူရွာသားက ပြုံးလျက် ရွှေဝါရောင်ဆီပြောင်ပြောင် ကြာရွက်ကြက်သားဟင်း တစ်ပွဲကို တင်ဆက်လိုက်၍ အသားနူးညံ့ပြီး အရိုးမှ ခွာရလွယ်ကူကာ စားပွဲတွင်ထိုင်နေသော စားသုံးသူများမှာ သူတို့၏ တူများကို မစောင့်နိုင်တော့ရန် ချီကိုင်လိုက်ကြပြီဖြစ်သည်။ ယင်းမှာ ရွှောင်ဟေကျေးရွာမှ ယခုနွေရာသီတွင် အထူးထုတ်လုပ်သည့် "ကြာပန်းခေါင်းစဉ်ဖြင့် စားပွဲ" ဖြစ်သည်၊ ကြာရွက်၊ ကြာပန်း၊ ကြာခွက်၊ ကြာစေ့များကို ဟင်းလျာအဖြစ် ထည့်သွင်းကာ ကျွမ်းကျင်သော လက်ရာဖြင့် ကျေးလက်ဟင်းလျာ စားဖွယ်ကောင်းဆယ်ကျော်ကို ချက်ပြုတ်ထားသည်။ ဝက်သားဆန်မှုန့်ကြာရွက်ထုပ်ပေါင်းသည် ဆီများအီခြင်းကို လျော့ကျစေပြီး၊ ကြာစွယ်မှုန့်နှင့် ကြာစေ့ဟင်းရည်တွင် မက်မွန်ပင်ကော်စေးထည့်၍ ချိုမြိန်စေကာ အာမခြောက်အောင် ပြုလပ်စေပြီး၊ ကြာပန်းကြက်ဥပူတင်းသည် နူးညံ့ချောမွတ်ပြီး၊ ကြာစေ့ကြက်သားဟင်းသည် အာဟာရဖွယ်ကောင်းလှသည်။ ပန်းနှင့်အရွက်များကို ဟင်းလျာအဖြစ် ပြုလုပ်ကာ ပန်းချီကားကဲ့သို့ လှပစွာ ခင်းကျင်းထားပြီး အသားဟင်းနှင့် ဟင်းသီးဟင်းရွက်များ မျှတစွာ ပါဝင်သဖြင့် ခရီးသည်များအား မျက်စိပျော်ရွှင်မှုရော၊ အရသာပါ ပြည့်ဝစေပါသည်။

"တနင်္ဂနွေနေ့တွေမှာ မိသားစုနဲ့အတူ လမ်းလျှောက်တံတားတွေပေါ် မှာ လမ်းလျှောက်လာကာ ပန်းပင်လယ်ကို ကြည့်ရှုပြီး ကြာပန်းစားပွဲကိုလည်း သွားရောက်စားသုံးရင် နွေရာသီတစ်ခုလုံး အေးမြသွားသလို ခံစားရတယ်" ဟု ပေါက်ဆန်းမြို့ထဲမှ မစ္စစ်လီက ချီးကျူးပြောဆိုခဲ့သည်။ ယခုအခါ ရွှောင်ဟေကျေးရွာသည် အနီးပတ်ဝန်းကျင်ရှိ မြို့သူမြို့သားများအတွက် ကျေးလက်ဒေသအပန်းဖြေခရီးစဉ်တို၏ ရေပန်းစားသော နေရာတစ်ခု ဖြစ်လာပြီး ပန်းကြည့်ရှုခြင်း၊ စားပွဲသုံးဆောင်ခြင်း၊ ခူးဆွတ်ခြင်း၊ လမ်းလျှောက်လည်ပတ်ခြင်းတို့ဖြင့် သက်တောင့်သက်သာ အေးဆေးတည်ငြိမ်သော ကျေးလက်ဒေသနှေးကွေးမှုဘဝကို ခံစားနိုင်သဖြင့် ခရီးသည်များ စဉ်ဆက်မပြတ် လာရောက်ရန် ဆွဲဆောင်လျက်ရှိသည်။

ကြာပန်းစားပွဲ၏ ရေပန်းစားမှုသည် နွေရာသီ ထမင်းစားပွဲကို တောက်ပစေရုံသာမက ရွာတွင်းရှိ ကာလရှည်ကြာ အသုံးမပြုဘဲ လစ်လပ်နေသော ကြာကန်အရင်းအမြစ်များကိုပါ ပြန်လည်အသက်ဝင်ခဲ့သည်။ ကျေးလက်စားသောက်ဆိုင်လုပ်ငန်းသည် အရည်အသွေးနှင့် ထိရောက်မှု မြှင့်တင်လာသဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေ တိုးလာပြီး ဥယျာဉ်အတွင်း ခူးဆွတ်ခြင်းနှင့် ကျေးလက်ဒေသခရီးစဉ်တိုများလည်း ဖွံ့ဖြိုးတိုးတက်လာသည်။ "ပန်းကြည့်ရှုခြင်း + စားပွဲသုံးဆောင်ခြင်း" ဖြစ်သော စီးပွားရေးလုပ်ငန်းပုံစံပေါင်းစပ်မှုသည် ငြိမ်သက်အေးချမ်းသော ကျေးလက်ဒေသရှုခင်းများကို ပြည်သူများအတွက် မျက်မြင်ကိုယ်တွေ့ အကျိုးအမြတ်အဖြစ် ပြောင်းလဲပေးနေပြီ ဖြစ်သည်။

နောက်တစ်ဆင့်အနေဖြင့် ဒေသတစ်ခုလုံး၏ ဂေဟစနစ်ဆိုင်ရာ အုတ်မြစ်ကို အခြေခံကာ ကျေးလက်ထွက်ကုန်လုပ်ငန်း၏ တန်ဖိုးကို နက်ရှိုင်းစွာ ထုတ်ယူသုံးစွဲပြီး လယ်ယာစိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းတို့၏ နက်ရှိုင်းစွာ ပေါင်းစပ်မှုကို စဉ်ဆက်မပြတ် မြှင့်တင်သွား၍ စိမ်းလန်းသော တောင်တန်းနှင့် ကြည်လင်သော ရေတို့သည် ပြည်သူများ ချမ်းသာကြွယ်ဝစေရန်နှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကမောင်းနှင်အား ဖြစ်လာစေကာ နေထိုင်ရန် သင့်တော်၍ စီးပွားရှာရန် အဆင်ပြေပြီး လှပသာယာသော ကျေးလက်ဒေသများ တည်ဆောက်ရေးအတွက် မဆုတ်မနစ်သော အရှိန်အဟုန်ကို ဖြည့်ဆည်းပေးသွားမည်ဟု ဖူဖျောင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 

盛夏午后,保山市隆阳区蒲缥镇双河村的荷塘边,清风拂过层层碧叶,粉白荷花摇曳生姿。栈道上,三三两两的游客举着手机,忙着与花海合影;不远处,农家小院里飘出缕缕荷香——荷叶鸡正在蒸笼里酝酿着夏日最地道的风味。

“这口荷叶香,多少城里人专程开车来寻。”村民笑着端上一盘金黄油润的荷叶鸡,软嫩脱骨,满桌食客已迫不及待举箸。这正是双河村今夏主打的“荷花主题全宴”——荷叶、荷花、莲蓬、莲子,一池风物尽入席,巧手烹出十余道精致乡土菜:清香荷叶蒸肉中和了油脂肥腻,藕粉莲羹缀以桃胶清甜润喉,荷花蒸蛋嫩滑爽口,莲子炖乌鸡醇厚滋补……花叶入馔,摆盘如画,荤素相宜,让游客既饱眼福,更饱口福。

“周末带家人来走走栈道,看看花海,再吃一桌荷花宴,感觉整个夏天都清凉了。”来自保山市区的李女士赞不绝口。如今,双河村已成为周边市民短途乡村休闲的热门打卡地,赏花、品宴、采摘、漫步,闲适惬意的乡村慢生活引得客流不断。

荷花宴的火热,不仅点亮了夏日餐桌,更盘活了村里长期闲置的荷塘资源。农家餐饮提质增效,农户腰包鼓了起来,田园采摘、乡村短途游也随之联动升温。“赏花+品宴”这一业态组合,正把静谧的田园风光变成群众实实在在的收益。

蒲缥镇相关负责人表示,下一步将立足全域生态底色,深挖乡土产业价值,持续推进农文旅深度融合,让绿水青山真正成为富民兴村的发展动能,为宜居宜业和美乡村建设注入源源不断的活力。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်