တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
2026-07-09 09:37|
တရုတ်-လာအိုရထားလမ်းစတင်ဖွင့်လှစ်ပြေးဆွဲသည့်အချိန်မှစ၍ ဇူလိုင် ၈ ရက် နံနက်ပိုင်းအထိ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုသည် တန်ချိန် သန်း ၂၀ ထက်ကျော်လွန်ခဲ့ပြီး ပြေးဆွဲသည့် နယ်စပ်ဖြတ်ကျော် ကုန်စည်ရထားတွဲပေါင်း ၂၃,၀၀၀ ကျော်ရှိကြောင်း ဇူလိုင် ၈ ရက်တွင် China Railway Kunming Group Co., Ltd မှ သိရသည်။
တရုတ်-လာအိုရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ပြေးဆွဲလည်ပတ်သည့်အချိန်မှစ၍ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ၏ နှစ်နိုင်ငံရထားလမ်းဌာနများသည် ကုန်စည်ပို့ဆောင်ရေးစီစဉ်မှုကို မြှင့်တင်ပြီး ပို့ဆောင်မှုစွမ်းရည်နှင့် လုပ်ငန်းတွင်ကျယ်မှု တိုးမြှင့်လာခဲ့သဖြင့် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုပမာဏသည် တစ်ဆင့်ချင်းတိုးတက်လာရာ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စုစုပေါင်း ပို့ဆောင်မှုတန်ချိန်မှာ ၁၇ သန်းနီးပါး ရှိလာခဲ့သည်။
ယခုနှစ်အတွင်း တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုသည် မြင့်မားသောအဆင့်တွင် ဆက်လက်လည်ပတ်ခဲ့သည်။ ပျမ်းမျှတစ်ရက်လျှင် နယ်စပ်ဖြတ်ကျော်ပို့ဆောင်သော ကုန်စည်ပမာဏသည် တန်ချိန် ၁၇,၀၀၀ ရှိပြီး လက်ရှိတွင် စုစုပေါင်း တန်ချိန် ၃.၁၆ သန်းရှိလာကာ ယမန်နှစ်ကာလတူထက် တည်ငြိမ်စွာတိုးတက်နေသဖြင့် "ရွှေရောင်လမ်းကြောင်း" အကျိုးသက်ရောက်မှုများ ဆက်လက်ပေါ်ထွန်းလျက်ရှိသည်။
လက်ရှိတွင် တရုတ်-လာအိုရထားလမ်း ကုန်ပစ္စည်းပို့ဆောင်မှုသည် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံနှင့်ဒေသ ၁၉ ခုကို လွှမ်းခြုံထားပြီး ပို့ဆောင်သော ကုန်စည်အမျိုးအစားသည် စတင်ပြေးဆွဲသည့် ကနဦးကာလက ၁၀ မျိုးကျော်ရှိရာမှ ၃,၈၀၀ ကျော်အထိတိုးချဲ့လာခဲ့သည်။ "လန်ချန်း-မဲခေါင်အမြန်လမ်း" ၊ "တရုတ်-လာအိုရထားလမ်း + တရုတ်-ဥရောပရထားလမ်း" ၊ "တရုတ်-လာအိုရထားလမ်း + အနောက်ပိုင်း ကုန်းရေနှစ်သွယ်လမ်းကြောင်းသစ်" စသည့် နိုင်ငံတကာ ပူးတွဲပို့ဆောင်ရေးအမှတ်တံဆိပ်လမ်းကြောင်းများသည်လည်း တစ်နေ့တခြား တိုးတက်လာလျက်ရှိကြောင်း သိရသည်။
新华社昆明7月8日电 记者浦超 记者7月8日从中国铁路昆明局集团有限公司获悉,截至7月8日上午,中老铁路开通以来跨境货物运输累计突破2000万吨,开行跨境货物列车超2.3万列。
中老铁路自2021年12月3日开通运营以来,中国和老挝两国铁路部门加强货物运输组织,提升运输能力和效率,跨境货物运输量节节攀升,到2025年底累计运输近1700万吨。
今年以来,中老铁路跨境货物运输持续保持高位运行,日均运输跨境货物1.7万吨,到目前已累计运输316万吨,同比实现稳定增长,“黄金线路”效应持续释放。
目前,中老铁路运输货物已覆盖老挝、缅甸、柬埔寨、泰国、越南、马来西亚、新加坡、孟加拉国等19个国家和地区,运输商品种类从开通初期的10余种拓展至3800余种。“澜湄快线”“中老铁路+中欧班列”“中老铁路+西部陆海新通道”等国际联运品牌日渐成熟。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့

