"ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
2026-07-08 15:10|
တရုတ်နိုင်ငံ "ကျိန့်ဟော်" ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း နိုင်ငံတကာ ပုံစံမျိုးစုံဖြင့် ပူးတွဲပို့ဆောင်ရေး ရထားတွဲအား ဖွင့်လှစ်ပြေးဆွဲလာသည်မှာ ဇူလိုင် ၄ ရက်တွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ကူမင်းမြို့၊ ကျင့်နင်ခရိုင်ရှိ ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်း ပထမဆုံးခရီးစဉ်စတင်ချိန်မှစ၍ အဆိုပါရထားသည် တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး စင်္ကြံကို အမှီပြုကာ ပုံမှန်ဖြစ်၍ တည်ငြိမ်စွာ လည်ပတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပြီး ယူနန်ပြည်နယ်မှ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ ဦးတည်ချက်များအား မျက်နှာမူသော နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းများကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့သည်။
လက်ရှိအချိန်အထိ "ကျိန့်ဟော်" ရထားသည် စုစုပေါင်း ၁၅ စင်း ပြေးဆွဲခဲ့ပြီး ကုန်ပစ္စည်း တန်ချိန်စုစုပေါင်း ၇၀၀၀ ကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။ ယင်းတို့တွင် ဟင်းသီးဟင်းရွက်များ၊ ဓာတ်မြေဩဇာများနှင့် တိရစ္ဆာန်အစာများစသည့် ယူနန်ပြည်နယ်၏ အထူးထုတ်ကုန်များပါဝင်ပြီး "ယူနန်ပြည်နယ်ထုတ်ကုန်များ ပြည်နယ်ပြင်ပသို့ တင်ပို့ခြင်း"၊ "ယူနန်ပြည်နယ်ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ခြင်း" ကို ထိရောက်စွာ မြှင့်တင်ပေးခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



