ကူမင်းမြို့မှာ စာအုပ်ဆိုင်တွေကို အကြံပေးပါ
2026-06-30 17:02|
User နုနု၏ မေးခွန်း။ ။ မင်္ဂလာပါ၊ ကျွန်တော်က စာအုပ်ဖတ်ဖို့ စာအုပ်ဆိုင်သွားချင်ပါမယ်၊ ကူမင်းမြို့မှာ စာအုပ်ဆိုင် သုံးလေးငါးခုလောက် အကြံပေးနိုင်ပါလား။
အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ၊ ရတာပေါ့။ ကူမင်းမြို့ဟာ စာအုပ်ရနံ့နဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ထူးခြားတဲ့ စာအုပ်ဆိုင်တွေ အများကြီးရှိပါတယ်။ အောက်မှာ သင့်အတွက် သုံးလေးငါးခုလောက် အကြံပေးပါမယ်။
က။ ကူမင်းမြို့စာကြည့်တိုက် (ဒုံဟွာလူနေရပ်ကွက် ကျီးချွမ်းလမ်း)
ကူမင်းမြို့စာကြည့်တိုက်ကို ၁၉၂၆ ခုနှစ် ဆွေဟူရေကန်ဘေးမှာ စတင်တည်ထောင်ခဲ့ပါတယ်၊ အကြိမ်ပေါင်းများစွာ နေရာပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံး ဒုံဟွာလူနေရပ်ကွက်မှာ အခြေချနေပြီ။ အခုဆိုရင် စာအုပ်ပေါင်း ၁.၆၁၂ သန်းကျော် စုဆောင်းထားပါတယ်။
ခ။ ဘိုင်လီ ချွမ်းချူး နွေဦးမြို့တော်ဧည့်ခန်း (ရန်မင်ကျုံးလမ်း အမှတ် ၉၄)
ကူမင်း ကွန်ဖြူးရှပ်တန်ဆောင်းဘေးမှာ တည်ရှိနေတဲ့ "မြို့ပြယဉ်ကျေးမှုဧည့်ခန်း"က စာဖတ်ခြင်း၊ ပြပွဲ၊ ဇာတ်ရုံ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၊ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှု၊ ကော်ဖီတို့ကို ပေါင်းစပ်ထားတယ်။ ၂၀၂၄ ခုနှစ်မှာ စတင်လည်ပတ်ကတည်းက လှုပ်ရှားမှုရာပေါင်းများစွာကို ကျင်းပခဲ့ပြီး နေ့စဉ်ပျမ်းမျှ လာရောက်သူ အကြိမ်ရေ ၁၅၀၀ ကျော်ကို လက်ခံပါတယ်။ လူသိနည်းတဲ့ ပြပွဲတစ်ခုကို ကြည့်ရှုဖို့၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထုတ်ကုန်အသစ်တွေကို ကြည့်ရှုဖို့၊ ကော်ဖီတစ်ခွက် သောက်ဖို့နဲ့ ကူမင်းမှာ ပေါ့ပေါ့ပါးပါးနေထိုင်မှုကို ခံစားဖို့ ဒီကို ဘာလို့မလာတာလဲ။
ဂ။ ဖူယွီစာအုပ်ဆိုင် (C86 ရှမ်ချာဖုံး)
ဒီနေရာမှာ ဂရုတစိုက်ရွေးချယ်ထားတဲ့ စာအုပ်ကောင်း ၈ သောင်းရှိတာသာမက "ဟင်းသီးဟင်းရွက်ဈေးထဲက စာအုပ်ကလပ်" နဲ့ "ဇာတ် + စာဖတ်ခြင်း" လိုမျိုး ဆန်းသစ်တီထွင်မှုရှိတဲ့ လှုပ်ရှားမှုတွေကိုလည်း ရှိပါတယ်။ အပတ်စဉ် စာအုပ်အသစ် အမျိုးပေါင်း ၃၀ မှ ၅၀ အထိ ထပ်ဖြည့်တင်းပေးပြီး ကလေးရှိတဲ့ မိသားစုတွေနဲ့ အနုပညာနှစ်သက်လူငယ်တွေ၏ မကြာခဏ လာရောက်လေ့ရှိရာ နေရာတစ်ခု ဖြစ်ပါသည်။
ဃ။ ကျီပုရှီစာအုပ်ဆိုင် (ဆွေဟူမြောက်ပိုင်းလမ်း အမှတ် ၃၂)
ကျီပုရှီစာအုပ်ဆိုင်ဟာ စာအုပ်၊ ကော်ဖီ၊ ဗီနိုင်းဓာတ်ပြားနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ တီထွင်ဖန်တီးမှုပစ္စည်းတွေကို ပေါင်းစပ်ထားတဲ့ ဘက်စုံသုံး လွတ်လပ်တဲ့ စာအုပ်ဆိုင်တစ်ခု ဖြစ်ပါတယ်။ "စက်ရုပ်သစ်ပင်အိမ်"ကို IP အဖြစ် အသုံးပြုပြီး ယူနန်ဒေသခံယဉ်ကျေးမှုကို နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး ရွတ်ဖတ်ခြင်း flash mob၊ တစ်ရက်တာ ဆိုင်တာဝန်ခံပြုခြင်း စတဲ့ လှုပ်ရှားမှုတွေကနေ အတူတူဖန်တီးပြီး အချင်းချင်းပေါင်းစည်းထားတဲ့ ယဉ်ကျေးမှုအသိုက်အဝန်း တည်ဆောက်ထားပြီး ဆွေဟူရေကန်ဧရိယာမှာ ရေပန်းစားတဲ့ ယဉ်ကျေးမှုအထင်ကရနေရာ ဖြစ်လာနေပြီ။
င။ ဖန်လုံစာအုပ်ဆိုင် (ရန်မင်အရှေ့လမ်း အမှတ် ၆)
စတုရန်းမီတာ ၃၈၅၀ ကျယ်ဝန်းတဲ့ နေရာကြီးမှာ စာအုပ် ၁၆ သောင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ တီထွင်ဖန်တီးမှုပစ္စည်း အမျိုးပေါင်း ၆၀၀၀ ရှိတဲ့အပြင် သီးသန့်တဲ့ "ဖန်လုံယဉ်ကျေးမှု မိုက်ခရိုနေရာ"လဲ ရှိပြီး ရှေးဟောင်းကူမင်းရဲ့ လမ်းကြီးလမ်းငယ်ပုံပြင်တွေ ပြောပြထားပါတယ်။ စာအုပ်အနံ့၊ လက်ဖက်အနံ့၊ ကော်ဖီအနံ့ သုံးမျိုးလုံး မွှေးကြိုင်နေပါတယ်၊ အပြင်ကို လူကြပ်တာမခံချင်ဘူးဆိုရင် ဒီကို ကလေးခေါ်ပြီး စာဖတ်ရတဲ့အချိန်ကောင်းတွေ ရယူနိုင်ပါတယ်။
စ။ ကျီလျန်ကျီးစာအုပ်ဆိုင် (၈၇၁ ယဉ်ကျေးမှု တီထွင်ဆန်းသစ်မှုစက်ရုံအတွင်း)
စက်မှုစတိုင်ကျတဲ့ စက်ရုံအဆောက်အအုံထဲမှာ ဆယ်မီတာကျော်မြင့်တဲ့ စာအုပ်စင်နံရံ၊ အထပ်လိုက် ဖတ်စရာနေရာတွေရှိပြီး မရွေးချယ်ဘဲ ရိုက်ရင်လဲ ဓာတ်ပုံလှလှတွေ ရနိုင်တယ်။ ကော်ဖီရနံ့နဲ့ စာအုပ်ရနံ့တွေ ရောယှက်ပြီး စာအုပ်များထဲမှာ နစ်မြုပ်နိုင်ပါတယ်။
ဆ။ တုန်းဖုန်းစာအုပ်ဆိုင် (ကူမင်းလမ်းဟောင်း / ဝမ်မင်လမ်း)
၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကူမင်းလမ်းဟောင်းရဲ့ မူလနေရာမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လစဉ် "ဝူဟွာစကားဝိုင်း" ကို ကျင်းပလေ့ရှိပြီး ယူနန်ရဲ့ ပုံရိပ်တွေ၊ ကူမင်းရဲ့ ရှေးဟောင်းအမှတ်တရတွေကို ဆွေးနွေးကြတယ်။ ဒီကိုလာတာ စာအုပ်ဝယ်ရုံတင်မက အနှစ်တစ်ရာကျော်ရှိတဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကိုပါ ခံစားရရှိပါတယ်။ စာအုပ်ဆိုင်ကို လှည့်လည်ကြည့်ရှုပြီးတော့ ကူမင်းလမ်းဟောင်းမှာ တို့ဟူးနို့ခဲမြီးရှည် တစ်ပန်းကန်နဲ့ ဗေါက်သီးဖျော်ရည် တစ်ပန်းကန် စားသောက်ပြီး တစ်ရက်တာ citywalk အလွယ်တကူ အဆင်ပြေ အကောင်အထည်ဖော်နိုင်ပါတယ်။
ဇ။ လောင်ကူမင်း စာအုပ်အမျိုးစုံဆိုင် (ရှီးစန်းခရိုင် ဆွေယွီလမ်း အမှတ် ၅၁)
လောင်ကူမင်း စာအုပ်အမျိုးစုံဆိုင်ဟာ အစမူလက ၁၉၉၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ယူနန်လင်ချန်းစာအုပ်ဆိုင် ဖြစ်ပါတယ်၊ ရှေးဟောင်းပစ္စည်း ၂၀၀၀ ကျော်၊ စာအုပ်စာတမ်း ၅ သောင်းကျော် စုဆောင်းထားပြီး ၂၀ ရာစုအစပိုင်းကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေထိမှ စာအုပ်၊ ရိုးရာပုံပြင်၊ စာလွှာ၊ ဓာတ်ပုံ၊ မှတ်တမ်းစာရွက်စာတမ်း၊ သတင်းစာနဲ့ မဂ္ဂဇင်း စတာတွေ ပါဝင်ပြီး ဒီနေရာမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေက အချိန်ဟောင်းကို တစ်ခါတည်းပြန်ရောက်သွားသလိုပါပဲ။
ဈ။ ရှူပိယင်စာအုပ်ဆိုင် (ချာမာဟွားလမ်း D အဆောင်)
စာအုပ်ဆိုင်ထဲမှာ စာအုပ်ပေါင်း ၃ သောင်းကျော်ကို ရှိပြီး "အသေးစား ယူနန်မှတ်တမ်းရတနာသိုက်" အဖြစ် ချီးကျူးခံရပြီး ယူနန်ဒေသခံ ရာဇဝင်တွေ၊ တိုင်းရင်းသားစာပေတွေကို အထူးစုဆောင်းပါတယ်။ "စာအုပ်ဟောင်းလဲလှယ်ပွဲတော်"၊ "ရှေးဟောင်းစာအုပ် ပြန်လည်ပြုပြင်ခြင်း အတွေ့အကြုံ" စတဲ့ လှုပ်ရှားမှုတွေကို ပထမဆုံးလုပ်ခဲ့ပါတယ်။ ရှီးစန်းတောင်ကို တက်ပြီးတော့ ဒီကို လာရောက်အနားယူရင် နောက်ထပ်ပုံနှိပ်ထုတ်ဝေခြင်း မရှိတဲ့ စာအုပ်ဟောင်းတစ်အုပ်ကို ရှာတွေ့နိုင်ပါတယ်။
网友努努提问:您好,我想去书店看书,能推荐几家昆明的书店吗?
小编解答:您好,当然可以。昆明是一座充满书香的城市,特色书店众多。下面为您推荐几家,供您参考。
1.昆明市图书馆(东华小区知春街)
昆明市图书馆诞生于1926年的翠湖边,一路历经搬迁,最终扎根东华小区。如今有着161.2万余册的藏书量。
2.百里·春秋春城会客厅(人民中路94号)
藏在昆明文庙边的“城市文化客厅”,集阅读、展览、剧场、非遗、文创、咖啡于一体。自2024年运营以来,已举办各类活动数百场,日均接待1500+人次。不妨来这儿看一场小众展览,看一看非遗新品,喝一杯咖啡,感受春城生活的松弛感。
3.璞玉书店(C86山茶坊)
这里不仅有8万册精选好书,更有“菜市场里的读书会”“戏剧+阅读”等创新玩法。每周上新30-50种图书,是亲子家庭和文艺青年的常驻据点。
4.纸布石书店(翠湖北路32号)
纸布石是一家融合书籍、咖啡、黑胶与非遗文创的复合型独立书店。以“机器人树屋”为IP,深耕云南在地文化,通过朗读快闪、一日主理人等活动,打造共创共融的文化社区,已成为翠湖片区热门文化地标。
5.盘龙书城(人民东路6号)
3850㎡超大空间,16万册图书+6000种文创,还有专属“盘龙文化微空间”,讲述老昆明街巷故事。书香、茶香、咖啡香,三香俱全,不想出去人挤人,可以带着孩子到这儿收获阅读好时光。
6.几两屐(871文化创意工厂内)
工业风厂房里,十几米高的书墙、错层阅读区,随手一拍就很出片,咖啡香与书香交织,遨游书海。
7.东方书店(昆明老街/文明街)
始建于1926年,2018年在昆明老街原址复业,每月举办“五华讲坛”,讲云南故事、聊昆明往事。来这里,不只是买书,更是与百年文脉对话。逛完书店,顺道在昆明老街吃碗豆花米线,来一碗木瓜水,一日citywalk轻松搞定。
8.老昆明杂书馆(西山区翠羽路51号)
老昆明杂书馆前身为1990年创办的云南霖昌书社,收藏有老物件2000余件,图书资料5万余册,涵盖20世纪初至20世纪90年代的图书、民间杂谈、书信、照片、档案文献、报纸杂志等,在这里,秒回20世纪80年代的旧时光。
9.书必银书店(茶马花街D座)
书店藏书3万余册,被誉为“微缩版云南记忆宝库”,专收云南地方志、民族文献。首创“旧书交换节”“古籍修复体验”等活动。爬完西山,来这里歇脚,说不定能淘到一本绝版老书。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
