တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

2026-06-25 14:19|ဆင်ဟွာသတင်း

1

ခရီးဆောင်အိတ်ရထားတွဲအား အသစ်ဖြည့်စွက်တွဲချိတ်ထားသော K12 သာမန်ခရီးသည်တင်ရထားတွဲသည် ဒေသစံတော်ချိန် ဇွန် ၂၂ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် လာအိုနိုင်ငံ ဗီယင်ကျန်းဘူတာမှ တည်ငြိမ်စွာ ခုတ်မောင်းထွက်ခွာလာခဲ့သည်။ ယင်းသည် တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းဖြစ်ရာ လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းသည် "ခရီးသည်နှင့် ကုန်ပစ္စည်းများ ရောနှောပို့ဆောင်ခြင်း" ပုံစံကို တရားဝင်နှုတ်ဆက်ကာ ပို့ဆောင်မှုစွမ်းရည်နှင့် ဝန်ဆောင်မှုအရည်အသွေးအား ဘက်စုံအဆင့်မြှင့်တင်မှု အကောင်အထည်ဖော်ခြင်းကို အမှတ်သင်္ကေတပြုနေပေသည်။

လာအို-တရုတ်ရထားလမ်း ကုမ္ပဏီလီမိတက်၏ မိတ်ဆက်ပြောကြားမှုအရ တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ရာ၌ မူလတွင် အဓိကအားဖြင့် K12/K11 သာမန်ခရီးသည်တင်ရထားတွဲ၏ ကျန်ရှိသောထိုင်ခုံနေရာများတွင်သာ ထားရှိခြင်းဖြစ်ပြီး ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အပြင် ခရီးသည်များ ရထားစီးနင်းမှု ခံစားချက်ကိုလည်း သက်ရောက်မှုရှိကြောင်း၊ ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်မှု အခြေအနေ တိုးတက်ကောင်းမွန်လာစေရန်အတွက် လာအို-တရုတ်ရထားလမ်း ကုမ္ပဏီလီမိတက်သည် ခရီးဆောင်အိတ်ရထားတွဲတစ်တွဲ ထည့်ဝင်အသုံးပြု၍ ပုံမှန်လည်ပတ်ရန် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ လာအိုနိုင်ငံအတွင်း ရထားလမ်း ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်မှုစွမ်းရည်ကို တစ်ဆနှင့်အထက် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်အသစ်ပြေးဆွဲသည့် ရထားလမ်း ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်းသည် တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်း အဓိကဘူတာနေရာများကို လွှမ်းခြုံထားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအနက် ဗီယင်ကျန်းဘူတာ၊ ဘိုတန်ဘူတာတွင် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်မှုနှင့် ရောက်ရှိလက်ခံမှု နှစ်ဖက်ပို့ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ပြီး လွမ်ပရာဘွမ်ဘူတာ၊ မိုဇိုင်ဘူတာ၊ နာတေဘူတာတို့တွင်မူ ခရီးဆောင်အိတ် အထုပ်အပိုးများ ရောက်ရှိလက်ခံမှုလုပ်ငန်းသာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်း လည်ပတ်လုပ်ကိုင်သည့်ကာလအတွင်း လာအို-တရုတ် ရထားလမ်း ကုမ္ပဏီလီမိတက်သည် ရထားလမ်း ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ခရီးစဉ်တစ်လျှောက် စောင့်ကြည့်ထိန်းချုပ်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

1

新华社万象6月22日电 记者赵旭 马淮钊 当地时间22日上午8时25分,新编组加挂行李车的K12次普速旅客列车从老挝万象站平稳驶出。这是中老铁路老挝段首次常态化启用行李车开展行包运输业务,标志着老挝段行包运输正式告别“客货混运”模式,运输效能与服务品质实现全面升级。

据老中铁路有限公司介绍,中老铁路老挝段行包运输原来主要使用K12/K11普速旅客列车空余座位开展,既满足不了行包运输需求,又影响旅客乘车体验感。为改善行包运输条件,老中铁路有限公司协调引入一辆行李车实现常态化运营,老挝境内铁路行包运输能力将提升一倍以上。

据悉,本次全新开通的铁路行包运输业务将覆盖中老铁路老挝段核心站点。其中,万象站、磨丁站可办理行包托运与到达双向业务,琅勃拉邦站、孟赛站、纳堆站仅承接行包到达业务。运营期间,老中铁路有限公司将按照铁路行包运输规范进行全程盯控。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်