နှင်းတောင် တောင်ခြေမှ ဘောလုံးအားကစားအတန်းချိန်
2026-06-22 11:19|
တရုတ်နိုင်ငံ ယူနန်ပြည်နယ် လိကျန်းမြို့ ယွိလုန် နာ့ရှီးလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ရှားမြို့နယ် ပိုင်ဆားဝမ် မူလတန်းကျောင်းမှ ကျောင်းသားများသည် ဇွန် ၁၇ ရက်တွင် ယွိလုန်နှင်းတောင် တောင်ခြေရှိ ဘောလုံးကစားကွင်း၌ လေ့ကျင့်မှုများ လုပ်ဆောင်လျက်ရှိသည်။ ဘောလုံးပေးခြင်း၊ ဘောလုံးသယ်ခြင်း၊ အုပ်စုခွဲ အတိုက်အခံကစားခြင်း … ကျောင်းသားများက ပြေးလွှားကာ အပြန်အလှန်လိုက်ရင်း ဘောလုံးအားကစားကြောင့် ပျော်ရွှင်မှုများကို အပြည့်အဝခံစားလျက်ရှိသည်။
ပိုင်ရှားမြို့နယ်၏ ဘောလုံးအားကစားသည် သမိုင်းကြောင်းကြာရှည်ပြီး အနှစ်သာရကြွယ်ဝပေသည်။ ၂၀၀၉ ခုနှစ်တွင် ယွိလုန်ခရိုင်က ပိုင်ရှားဝမ်မူလတန်းကျောင်း၌ ဘောလုံးလေ့ကျင့်ရေးစခန်းထားရှိ၍ ကျွမ်းကျင်နည်းပြဝန်ထမ်းများက ကျောင်းသားများအတွက် သိပ္ပံနည်းကျ၊ စည်းစနစ်ကျသော စနစ်တကျလေ့ကျင့်မှုများ လုပ်ဆောင်ပေးသည်။ နှစ်ပေါင်းများစွာကာလအတွင်း အဆိုပါကျောင်း၌ ပြည်နယ်အတွင်းအပြင် အဆင့်ဆင့်ဘောလုံးကလပ်များထံသို့ ဘောလုံးအားကစား လူရည်ချွန် ၄၃ ဦး ပျိုးထောင်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း





