မေလတွင် ယူနန်ပြည်နယ် ဟုံဟယ်ပြည်နယ်ခွဲ ကျင်းဖျင်ခရိုင်တွင် တောင်တန်းအနှံ့ လိပ်ပြာအများအပြားပျံသန်းနေသည့် ဂေဟဗေဒ အံ့အားသင့်ဖွယ်မြင်ကွင်းကို ဖြစ်ပေါ်
2026-05-14 10:48|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုးနှင့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်းဖျင် မြောင်လူမျိုး၊ ယောင်လူမျိုးနှင့် တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် မအန်ဒီမြို့နယ်ရှိ တရုတ် ဟုံဟယ် လိပ်ပြာချိုင့်ဝှမ်းသည် လိပ်ပြာများ စုစည်းထွက်ပေါ်သည့် ကာလသို့ ရောက်ရှိပြီး ဖြစ်ရာ မေလ ၁၅ ရက်နေ့တွင် လိပ်ပြာအများဆုံး ထွက်ပေါ်သည့်ကာလသို့ ရောက်ရှိမည် ဖြစ်ပြီး တူညီသောကာလအတွင်း ထွက်ပေါ်သည့် လိပ်ပြာကောင်ရေ သန်းရာပေါင်းများစွာ ရှိနိုင်မည်ဟု ခန့်မှန်းသည်။
တရုတ် ဟုံဟယ် လိပ်ပြာချိုင့်ဝှမ်းထဲတွင် တစ်နိုင်ငံလုံး လိပ်ပြာမျိုးရင်း ၁၂ မျိုးထဲမှ ၁၁ မျိုး၊ လိပ်ပြာမျိုးစိတ်ပေါင်း ၃၂၀ ကျော် ရှိသည်။ ဒေသတွင်း ပင်လယ်ရေမျက်နှာပြင်ထက် ကွာခြားမှုမှာ ကြီးမားလှပြီး ဒေါင်လိုက်ရာသီဥတု ဝိသေသလက္ခဏာများ ထင်ရှားပြီး ကြွယ်ဝသော မိုးရေချိန်သည် မြေကြီးကို အာဟာရဖြည့်တင်းပေးသောကြောင့် ဤနေရာတွင် သစ်တောလွှမ်းခြုံမှုနှုန်း ၇၀ ရာခိုင်နှုန်းနီးပါးရှိပြီး ပြည့်စုံထူထပ်သော သဘာဝတောတောင်များ ထိန်းတိမ်းထားကာ လိပ်ပြာများအတွက် ဥ၊ ပိုးကောင်ငယ်၊ ပိုးတုံးလုံးမှ လိပ်ပြာသို့ ပြောင်းလဲသည့် ပြီးပြည့်စုံသော ရှင်သန်မျိုးပွားရေးစနစ်ကို တည်ဆောက်ပေးလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


















