မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို

2026-05-12 17:41|ဆင်ဟွာသတင်း

1

မကြာသေးမီရက်များတွင် မြန်မာ့အရည်အသွေးမြင့် စိန်တလုံးသရက်သီးများသည် တရုတ်-မြန်မာ နယ်စပ်ဂိတ်အများအပြားမှ တရုတ်ဈေးကွက်သို့ လျင်မြန်စွာဝင်ရောက်ခဲ့သည်။ နှစ်စဉ် ဧပြီလမှ ဇူလိုင်လသည် စိန်တလုံးသရက်သီး အထွက်နှုန်း အကောင်းဆုံးကာလဖြစ်ပြီး ယခုနှစ် မြန်မာ့သရက်သီးများ တရုတ်နိုင်ငံသို့ တင်ပို့မှုတွင် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ပိုမိုမြန်ဆန်လာခြင်းနှင့် တင်ပို့မှုပမာဏ ပိုမိုကြီးမားလာခြင်းဟူသော ကောင်းမွန်သည့် အလားအလာများ ပြသနေပေသည်။

2

မကြာသေးမီရက်က တန်ချိန် ၁၄ တန်ရှိသော မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီးများသည် တရုတ်နိုင်ငံ ကူမင်းအကောက်ခွန်ဌာနလက်အောက်ရှိ မိန်းတိန်အကောက်ခွန်၏ ကြီးကြပ်အောက်တွင် ယူနန်ပြည်နယ် လျင်ချန်းမြို့အတွင်းရှိ မိန်းတိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ အကောက်ခွန်ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ ပြည်တွင်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။ ယင်းမှာ ထိုနယ်စပ်ဂိတ်တွင် သစ်သီးဝလံများအတွက် သတ်မှတ်ထားသော ကြီးကြပ်စစ်ဆေးရေးစခန်းကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက စစ်ဆေးအတည်ပြုပြီး အသုံးပြုချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် သရက်သီးများ တင်သွင်းခြင်း ဖြစ်သည်။

3

မေ ၉ ရက်တွင် တရုတ်-မြန်မာ နယ်စပ် ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲအတွင်းရှိ ဝမ်တိန်ဂိတ် မောင်မန်လမ်းကြောင်းတွင် လတ်ဆတ်သော စိန်တလုံးသရက်သီး ၇၂ တန် တင်ဆောင်လာသည့် ကုန်တင်ကားများသည် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်လာပြီးနောက် ၎င်းသရက်သီးများကို ကူမင်း၊ ချိန်တူး၊ ချုံချင့် စသည့် တရုတ်နိုင်ငံ မြို့ကြီးများရှိ သစ်သီးစျေးကွက်များသို့ အလျင်အမြန် ဆက်လက်ပို့ဆောင်ပေးခဲ့သည်။

4

မြန်မာနိုင်ငံမှ စိန်တလုံးသရက်သီးများသည် အချိုဓာတ်မြင့်မားခြင်း၊ အမျှင်နည်းပါးခြင်း၊ အခွံပါး၍ အသားထူခြင်း၊ ရနံ့မွှေးကြိုင်ခြင်း စသည့်ထူးခြားချက်များကြောင့် တရုတ်နိုင်ငံ စားသုံးသူများက အထူးနှစ်သက်အားပေးကြကြောင်း၊ စိန်တလုံးသရက်သီး ထွက်နှုန်းမြင့်ချိန်နှင့် တရုတ်ပြည်တွင်း သစ်သီးဝလံများ ထွက်ရှိသည့်ရာသီတို့မှာ အပြန်အလှန် ဖြည့်စွက်ပေးကာ စျေးကွက်အတွင်း ဝယ်လိုအား အလွန်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

5

သရက်သီးများ ဘေးကင်းထိရောက်စွာ အကောက်ခွန်ရှင်းလင်းလုပ်ဆောင်နိုင်စေရန်အတွက် တရုတ်နယ်စပ် သက်ဆိုင်ရာဌာနများသည် မကြာသေးမီက "အစိမ်းရောင်လမ်းကြောင်း" အထူး ဖွင့်လှစ်ခဲ့ကာ သက်ဆိုင်ရာ အစီအမံများစွာကို အကောင်အထည်ဖော်ခဲ့ပြီး လတ်ဆတ်သော သစ်သီးအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်း ထိရောက်မှုကို အရှိန်မြှင့်တင်ခဲ့သည်။

6

1

新华社昆明5月11日电 记者孙敏 王贤思 近日,缅甸优质圣德龙芒果通过中缅边境多个口岸快速进入中国市场。每年4月至7月是圣德龙芒果的盛产期,今年缅甸芒果输华呈现通关更快捷、规模更大的良好态势。

2

近日,一批重量为14吨的缅甸圣德龙芒果,在昆明海关所属孟定海关监管下,从云南省临沧市境内的孟定清水河口岸顺利通关入境中国,这是该口岸进境水果指定监管场地自2025年12月验收投用以来,首次进口芒果。

3

5月9日,位于中缅边境云南省德宏州境内的畹町口岸芒满通道,载有72吨新鲜圣德龙芒果的货车入境中国,随后被迅速发往昆明、成都、重庆等中国各大城市水果市场。

4

据了解,缅甸圣德龙芒果以甜度高、纤维少、皮薄肉厚、香气浓郁等特点,深受中国消费者喜爱,其盛产期与中国国内鲜果上市季节形成互补,市场需求十分旺盛。

5

为保障芒果安全高效通关,中国边境有关部门近期专门开通“绿色通道”,实行一系列相关举措,为鲜果通关提速增效。

6

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်