၂၀၂၆ ခုနှစ် ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
2026-05-06 18:04|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဤနှစ် ဧပြီလ ၂၈ ရက်နေ့အထိ ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂.၁၃၃ သန်းအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၄.၅ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်ကြောင်း မကြာသေးမီက သတင်းထောက်က ဟယ်ခုတ် ပြည်ဝင်ပြည်ထွက် နယ်စပ်စစ်ဆေးရေးဂိတ်မှ သိရှိရခဲ့သည်။
တရုတ်နှင့် ဗီယက်နမ်အကြား လူမှုယဉ်ကျေးမှုဖလှယ်ရေး ဆက်တိုက်နက်ရှိုင်းလာသည် နှင့်အမျှ ယူနန်ပြည်နယ်၏ လှပသော ရှုခင်းများအတွက် စိတ်ဝင်စားသော ဗီယက်နမ်ခရီးသည်များသည်လည်း တဖြည်းဖြည်း တိုးပွားလာနေသည်။ နွေဦးရှုခင်းရှုစားရန် ခရီးသွားအဖွဲ့၊ နွေရာသီ အပူဒဏ်ရှောင်ရန် ခရီးသွားအဖွဲ့၊ ဆောင်းဦးရှုခင်းများကို ကြည့်ရှုရန် ခရီးသွားအဖွဲ့နှင့် ဆောင်းဆီးနှင်းရှုစားရန် ခရီးသွားအဖွဲ့ အပါအဝင် ဟယ်ခုတ်နယ်စပ်ဂိတ်တွင် တစ်နှစ်ပတ်လုံး ဗီယက်နမ်ခရီးသွားအဖွဲ့များသည် ရောက်ရှိလာလျက်ရှိသည်။ ယခုနှစ် ပထမသုံးလပတ်တွင် ဗီယက်နမ်ခရီးသွားအဖွဲ့ ၇၇၂ ဖွဲ့၊ စုစုပေါင်း အကြိမ်ရေ ၁.၅ သောင်းသည် နိုင်ငံကူးလက်မှတ်စာအုပ်ဖြင့် ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၄.၀၃ ရာခိုင်နှုန်းနှင့် ၁၁.၅၇ ရာခိုင်နှုန်း အသီးသီးတိုးလာခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


