ယူနန် ဘိုင်ဝူရွာသည် စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် အားကစားတို့ ပေါင်းစပ်မှုဖြင့် ကျေးလက်ဖွံ့ဖြိုးမှုအတွက် တွန်းအားအသစ် ဖြည့်တင်းပေး
2026-04-30 15:09|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ချွီကျင့်မြို့ ဟွေ့ကျယ်ခရိုင် နတ်ဂူမြို့နယ် ဘိုင်ဝူရွာသည် ကြာရှည်သော သမိုင်းကြောင်းနှင့် ပန်းချီကဲ့သို့ သာယာလှပသော ရှုခင်းများရှိ၍ မင်မင်းဆက်မှ ချင်းမင်းဆက်တို့အတွင်း "တောင်ပိုင်းဒေသရှိ ကြေးများကို မြောက်ပိုင်းဒေသသို့ ပို့ဆောင်ခြင်း"၏ ပထမဆုံးနေရာဖြစ်ခဲ့ပြီး ရွာထဲတွင် ရှေးဟောင်းအကြွင်းအကျန်နေရာ များစွာရှိသည်။
မကြာသေးမီနှစ်များအတွင်း ဟွေ့ကျယ်ခရိုင်သည် ဘိုင်ဝူရွာ၏ မြင်းကုန်တင်အဖွဲ့ယဉ်ကျေးမှုနှင့် ကြေးပို့ဆောင်ရေးယဉ်ကျေးမှု စသည့် ထူးခြားသော အကြောင်းအရာများကို နက်နက်ရှိုင်းရှိုင်း စူးစမ်းလေ့လာခဲ့ကာ ရွာထဲမှ ရှေးဟောင်းအဆောက်အအုံများကို အခြေခံပြီး ထူးခြားသော ယဉ်ကျေးမှုနေရာများကို ဖန်တီးခဲ့၍၊ အပန်းဖြေစာအုပ်ဆိုင်၊ ကော်ဖီဆိုင်၊ ခရီးသွားရိုက်ကူးခြင်းနှင့် အရပ်သားနေအိမ် စသည့် လုပ်ငန်းသစ်များကို သွင်းယူခဲ့သည့်အပြင် သလဲသီးယဉ်ကျေးမှုပွဲတော်နှင့် "ယူနန် ဟွေ့ကျယ်ရှိ ရွာထဲပြေးပွဲ" စသည့် လှုပ်ရှားမှုများကို အောင်မြင်စွာ ကျင်းပခဲ့ကာ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် အားကစားတို့ကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်စေပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားအသစ် ဖြည့်တင်းပေးခဲ့သည်။
စာရင်းအင်းများအရ ဘိုင်ဝူရွာသည် ဧည့်ခံရသည့် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ခရီးသည်ပမာဏ အကြိမ်ရေ ၂၄.၅ သောင်းကို ဧည့်ခံခဲ့ကာ တစ်ရွာလုံး အိမ်ထောင်စု ၁၈၈ စုသည် ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
























