ယူနန်ပြည်နယ် ရှီးမုန်သို့ သွားရောက်ပြီး တိုင်းရင်းသား ဒေသအစားအစာ စားပွဲရှည်ထမင်းဝိုင်း မြည်းစမ်းကြည့်ပါ
2026-04-22 15:35|
မကြာသေးမီက ကျရောက်ခဲ့သည့် သင်္ကြန်ကာလအတွင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူအယ်မြို့ ရှီးမုန် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ တိုင်လူမျိုး ကျေးရွာတစ်ခုတွင် "တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စားပွဲရှည်ထမင်းဝိုင်း" ကို ကျင်းပခဲ့သည်။
ဝါးစားပွဲရှည်ပေါ်တွင် လားဟူရိုးရာ ဝက်သားဟင်း၊ အမဲသား ဆာဖြယ်၊ ဝလူမျိုးရိုးရာဆန်ပြုတ်နှင့် ကောက်ညှင်းပေါင်း အစုံဗန်း စသည့် ဒေသရိုးရာအစားအစာများကို စုံလင်စွာ ခင်းကျင်းထားသည်။ တိုင်၊ ဝ၊ လားဟူ စသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများသည် မိမိတို့၏ ရိုးရာဝတ်စုံများကို ဝတ်စားဆင်ယင်ကာ အဝေးမှလာရောက်ကြသော ခရီးသွားဧည့်သည်များနှင့်အတူ ယှဉ်တွဲထိုင်ရင်း ရသာမွန်စားသောက်ဖွယ်ရာများဖြင့် မိတ်ဖွဲ့ခဲ့ကြသည်။
ယခုအကြိမ် စားပွဲကို မေ ၅ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ထမင်းတစ်ဝိုင်းတည်း အတူစားသုံးခြင်း၊ တစ်ဖလားတည်း ရေအတူတူပက်ခြင်း စသည့် ထူးခြားသော အပြန်အလှန်တုံ့ပြန်မှုများမှတစ်ဆင့် ဒေသန္တရ အရောင်အသွေးစုံလင်သော တိုင်းရင်းသားရိုးရာဓလေ့များကို ဖော်ထုတ်ပြသသွားမည်ဖြစ်ကာ ခရီးသွားဧည့်သည်များအတွက် ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံသစ်များကို အပြည့်အဝပေးစွမ်းသွားမည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



