တရုတ်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့
2026-04-13 17:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလ ၈ ရက်နေ့တွင် Kunming Anthura Horticulture Co., Ltd. ၏ ဖန်လုံအိမ်သစ် စတင်သုံးစွဲခြင်း အခမ်းအနားကို တက်ရောက်ခဲ့ခြင်းမှာ တရုတ်နိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး André Haspels သည် ယခုနှစ်များအတွင်း ယူနန်ပြည်နယ်သို့ တတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။ ယူနန်ပြည်နယ်သို့ ဤခရီးစဉ် ၃ ကြိမ်ထဲမှ ၂ ကြိမ်တွင် သူသည် ပန်းလုပ်ငန်းအတွက် အထူးတလည် ရောက်ရှိလာခဲ့သည် ဖြစ်ကာ သူ့အမြင်ထဲတွင် "ပန်းများ" သည် ယူနန်ပြည်နယ်၏ သော့ချက်စကားလုံးတစ်လုံး ဖြစ်သည်။
André Haspels ၏ အဖေသည် ပန်းလုပ်ငန်းတွင် အလုပ်လုပ်ဖူးသောကြောင့် သူသည် ပန်းများအတွက် ထူးခြားသော သံယောဇဉ် ရှိသည်။ သူက Anthura ကုမ္ပဏီမှ စိုက်ပျိုးထားသော ပိန်းပန်း (Anthurium) နှင့် လိပ်ပြာသစ်ခွပန်း (Phalaenopsis)သည် နယ်သာလန်နိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ ပန်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှု၏ ကိုယ်စားပြုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်၊ နှစ်ဦးနှစ်ဖက်တို့၏ အတူတကွ ကြိုးပမ်းအားထုတ်ခြင်းအားဖြင့် နယ်သာလန်မှလာသော ကျူးလစ်ပန်းနှင့် နှင်းဆီပန်း စသည့် ပန်းမျိုးများစွာသည်လည်း ယူနန်ပြည်နယ်၌ အလှအပ ပွင့်ဖူးနေကြသည်။
André Haspels ၏ အမြင်ထဲတွင် Anthura ကုမ္ပဏီ၏ ယူနန်ပြည်နယ်၌ နှစ် ၂၀ကြာ ဖွံ့ဖြိုးတိုးတက်မှုသည် နယ်သာလန်-တရုတ် နှစ်နိုင်ငံတို့အကြား ပန်းလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းလာသည့် ပုံရိပ်ငယ် ဖြစ်သည်- ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာသည် ဆက်လက်တိုးချဲ့နေပြီး နည်းပညာဆန်းသစ်တီထွင်မှုသည် အဓိကအချက်တစ်ခု ဖြစ်လာကာ ဖွံ့ဖြိုးတိုးတက်မှု၏ ရေရှည်တည်တံ့နိုင်စွမ်းသည် အဆက်မပြတ် တိုးတက်လာ၍ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကာကွယ်ပေးမှုသည်လည်း တစ်နေ့ထက်တစ်နေ့ အားကောင်းလာနေကြောင်း ဖြစ်သည်။ တရုတ်ဈေးကွက်၏ အတိုင်းအတာသည် နယ်သာလန်ကုမ္ပဏီများအတွက် အလွန်ကြီးမားသော ဆွဲဆောင်မှုရှိပြီး တရုတ်စားသုံးသူများ၏ လူနေမှုအဆင့်အတန်း မြင့်တက်လာခြင်းသည် ပန်းစားသုံးမှု၏ အလားအလာကို အသက်ဝင်စေကြောင်း၊ ထို့ပြင်၊ Anthura ကုမ္ပဏီ၏ ယူနန်ပြည်နယ်ရှိ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းမှ လုပ်ငန်းများ၏ စီးပွားရေးပတ်ဝန်းကျင်သည် စဉ်ဆက်မပြတ် ကောင်းမွန်လာသည်ကို တွေ့မြင်နိုင်ကြောင်း သူက ပြောကြားခဲ့သည်။
လိပ်ပြာသစ်ခွပန်းများသည် လှပသပ်ရပ်သည့်အပြင် ခိုင်မာတောင့်တင်း၍ နယ်သာလန်-တရုတ် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့်တူသည် ဖြစ်ကြောင်း၊ နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှု၏ ဥပမာများသည် ဥယျာဉ်ခြံစိုက်ပျိုးပြုစုရေးထက် များစွာကျော်လွန်ကာ တရုတ်နိုင်ငံသည် နယ်သာလန်နိုင်ငံ၏ အရေးကြီးသော ကုန်သွယ်ဖက်နိုင်ငံတစ်ခု ဖြစ်ကာ နှစ်နိုင်ငံတို့သည် နည်းပညာအသစ်များ၊ ပင်လယ်ရေကြောင်း ဖွံ့ဖြိုးတိုးတက်မှု၊ ဆေးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများ စသည့် နယ်ပယ်များတွင် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ရှိကြောင်း၊ နှစ်ဦးနှစ်ဖက်သည် ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတွင် အပြန်အလှန် သင်ယူနိုင်သည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှု စသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာ အစိမ်းရောင်အသွင်ကူးပြောင်းမှုတွင် ဦးဆောင်အင်အားတစ်ခု ဖြစ်ကြောင်း၊ နယ်သာလန်နိုင်ငံသည် လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်နှင့် အခြားအစိမ်းရောင်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးတွင် တရုတ်နိုင်ငံ၏ အတွေ့အကြုံမှ သင်ယူနိုင်ကြောင်း André Haspels က ပြောကြားခဲ့သည်။
လာမည့်နှစ်သည် နယ်သာလန်နှင့် တရုတ်နိုင်ငံတို့အကြား သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၅၅ နှစ်ပြည့် ဖြစ်၍ နှစ်ဖက်အကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ပြီး ပိုမိုများပြားသော နယ်သာလန်လုပ်ငန်းကုမ္ပဏီများသည် တရုတ်မိတ်ဖက်များနှင့် အပြန်အလှန်အကျိုးရှိစေရန် လက်တွဲလုပ်ဆောင်သွားမည် မျှော်လင့်ကြောင်း André Haspels က ပြောကြားခဲ့သည်။
4月8日,参加昆明安祖花园艺有限公司新温室启用仪式,是荷兰驻华大使昊使博近年来第3次到云南。这3次云南行,他有两次都专程为花卉产业而来,在他眼中,“花”无疑是云南这片土地的关键词。
昊使博的父亲曾在花卉行业工作,这让他对花有着特殊的情感。他说,安祖公司种植的红掌、蝴蝶兰是荷兰与云南花卉合作的代表。此外,经过双方共同耕耘,来自荷兰的郁金香、玫瑰等多种花卉也在云南绽放美丽。
在昊使博看来,安祖公司在云南发展的20年正是荷中两国花卉产业合作不断深化的缩影:合作规模持续扩大,技术创新成为亮点,发展可持续性不断提升,知识产权保护也日益增强。他说,中国市场的体量对荷兰企业有很大的吸引力,中国消费者生活水平提高激活了花卉消费的潜力;另外,从安祖公司在云南的发展历程中可以看到,企业的营商环境得到了不断优化。
“蝴蝶兰美丽、优雅,同时也强壮、坚韧,正如我们两国的合作。”昊使博说,荷中合作的范例远不止园艺一项。中国是荷兰重要的贸易伙伴,新技术、海洋发展、医疗保健、养老服务等领域合作前景广阔。“双方可以在创新、可持续发展上相互学习。”他说,中国在应对气候变化等全球议题中发挥着重要作用,是全球绿色转型的领导力量。中国风能、太阳能及其他绿色技术发展的经验值得荷兰借鉴。
昊使博表示,明年是荷中建立大使级外交关系55周年,期待双方开展更紧密的合作,更多荷兰企业与中国伙伴携手共赢。(云南日报 记者刘子语)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဖူအော်မြို့ရှိ နွေဦးကာလ ကနဦးလက်ဖက်ခြောက်ကို နိုင်ငံတကာဈေးတွင် ရောင်းကောင်း
- ၂၀၂၆ ခုနှစ် ပထမ ၂ လအတွင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းများမှ ဒူးရင်းသီးတင်သွင်းမှုမှာ ၃၅၁.၆ ရာခိုင်နှုန်း တိုးပွားခဲ့
- ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ် ယခုနှစ် ပြည်ဝင်ပြည်ထွက် ခရီးသွားပမာဏ အကြိမ်ရေ ၁ သန်းကျော်ရှိလာ
- တရုတ်-လာအို ရထားလမ်း၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် ၁၈ သန်းကျော် ရှိလာ
