တရုတ်-လာအို ရထားလမ်းမှ နယ်စပ်ဖြတ်ကျော် ကုန်စည်ကုန်သွယ်မှုသည် ယွမ် ၈၀ ဘီလီယံကျော်ရှိခဲ့

2026-04-09 17:44|ရောင်စုံတိမ်တံတား

2079022_2048x2048

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ မုန်လာ့အကောက်ခွန်ဌာန၏ စာရင်းအင်းများအရ တရုတ်-လာအို ရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ ယခုနှစ် ဧပြီလ ၇ ရက်နေ့အထိ သွင်းကုန်ပို့ကုန်တန်ဖိုးမှာ ယွမ် ၈၀ ဘီလီယံကျော် ရှိခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် "တရုတ်ထုတ်ကုန်များကို တောင်ပိုင်းဒေသသို့ ပို့ဆောင်ခြင်း၊ အရှေ့တောင်အာရှ အထူးထုတ်ကုန်များကို မြောက်ပိုင်းဒေသသို့ ပို့ဆောင်ခြင်း"ကို မြှင့်တင်ရန် ထိရောက်သော အပြန်အလှန် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်လာနေသည်၊ သွင်းကုန်ပို့ကုန် အမျိုးအစားသည် ရထားလမ်းဖွင့်လှစ်ချိန်တွင် အမျိုး ၅၀၀ ကျော်မှ ၃၈၀၀ ကျော်အထိ တိုးချဲ့လာခဲ့၍ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုသည် တရုတ်နိုင်ငံတစ်ဝှမ်း လုပ်ငန်းကုမ္ပဏီပေါင်း ၆၀၀၀ ကျော်ကို လွှမ်းခြုံထားပြီး လာအိုနှင့် ထိုင်း စသည့် နိုင်ငံနှင့် ဒေသ ၁၉ ခုသို့ ဖြာထွက်သွားခဲ့ကာ "ရွှေရောင်လမ်းကြောင်းကြီး" ၏ ရှင်သန်စွမ်းအားသည် ဆက်လက်ပေါ်ထွက်လာသည်။

အကောက်ခွန်ဌာန၏ အချက်အလက်များအရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်-လာအို ရထားလမ်းမှ သွင်းကုန်ပို့ကုန်တန်ဖိုးမှာ ယွမ် ၆.၈၁ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၆၂.၇ ရာခိုင်နှုန်း တိုးလာခဲ့၍ ပြီးခဲ့သည့်နှစ်များ၏ အလားတူကာလများတွင် အမြင့်ဆုံးဖြစ်သည်။ သွင်းကုန်ဘက်တွင် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တင်သွင်းလာသော အခြောက်ခံနှင့် လတ်ဆတ်သော သစ်သီးဝလံများ၏ တန်ဖိုးမှာ ယွမ် ၅၀၀ သန်းအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁ ဆ တိုးလာခဲ့၍ တင်သွင်းလာသော စားနပ်ရိက္ခာများ၊ သတ္တုရိုင်းများနှင့် သတ္တုသဲများ စသည့် အကြီးစားကုန်စည်များ၏ တန်ဖိုးမှာ ယွမ် ၁.၁၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၃၄.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ဒူးရင်းသီးသည် သွင်းကုန်ထဲမှ အဓိကထူးခြားချက် တစ်ခုဖြစ်ပြီး မိုဟန် ရထားလမ်းဆိပ်ကမ်းသည် တစ်နိုင်ငံလုံးတွင် ဒူးရင်းသီးတင်သွင်းမှုအတွက် အကြီးဆုံးသော ရထားလမ်းဆိပ်ကမ်း ဖြစ်လာခဲ့ပြီ။ ပို့ကုန်ဘက်တွင် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တင်ပို့သော စွမ်းအင်သစ်ကားများ၊ လီသီယမ်ဘက်ထရီများနှင့် ဆိုလာဆဲလ်များ အပါအဝင် "ကုန်စည်အသစ်သုံးမျိုး"၏ တန်ဖိုးမှာ ယွမ် ၁.၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၀.၄ ဆ သိသိသာသာ မြင့်တက်လာခဲ့သည်။ ၎င်းတို့အနက် တင်ပို့သော ဆိုလာဆဲလ်ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ယွမ် ၁.၁၉ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၄၃.၂ ဆ တိုးလာခဲ့သည်။

အကောက်ခွန်ဌာန၏ စာရင်းအင်းများအရ တရုတ်-လာအို ရထားလမ်းကို မှီခို၍ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော ကုမ္ပဏီများထဲတွင် ပုဂ္ဂလိကကုမ္ပဏီများ ၈၀ ရာခိုင်နှုန်းကျော် ရှိပြီး ပိုမိုများပြားသော စျေးကွက်ဆိုင်ရာ အဖွဲ့အစည်းများမှာ တရုတ်-လာအို ရထားလမ်း၏ ဖွင့်လှစ်ရေး အကျိုးအမြတ်များကို မျှဝေကြသည်။

2079022_2048x2048

据昆明海关所属勐腊海关统计,中老铁路通车运营以来,截至今年4月7日,进出口货值已超800亿元。中老铁路正成为促进“中国制造南下、东南亚特产北上”的双向贸易高效通道,进出口商品品类已从通车初期的500余种拓展至3800余种,运输服务覆盖全国超6000家企业,辐射老挝、泰国等19个国家和地区,“黄金大通道”活力持续迸发。

海关数据显示,今年一季度,中老铁路进出口货值达68.1亿元,同比增长62.7%,创历年同期新高。进口方面,经中老铁路进口的干鲜瓜果货值达5亿元,同比增长1倍,进口粮食、金属矿及其矿砂等大宗商品货值达11.3亿元,同比增长34.6%。榴莲是进口中的一大亮点,磨憨铁路口岸已成为全国最大的榴莲进口铁路口岸。出口方面,经中老铁路出口的“新三样”产品货值达13亿元,同比激增10.4倍。其中,出口光伏产品11.9亿元,同比增长43.2倍。

另据海关统计,依托中老铁路开展跨境贸易的企业中,民营企业占比超八成,越来越多市场主体共享中老铁路对外开放红利。(云南日报 记者刘子语) 

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်