"HPAJI MAHKRAI"အဖွဲ့သည် ကူမင်း၌ ချစ်ကြည်ရေးဖလှယ်ပွဲကို ကျင်းပ၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အတူတကွ ဆွေးနွေးခဲ့ကြ
2026-03-30 17:51|
(ရောင်စုံတိမ်တံတား၊ မရီရီ) မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် "HPAJI MAHKRAI (Kachin Bridge of Knowledge)" အဖွဲ့သည် ကူမင်း၌ တရုတ်နိုင်ငံရှိ ကချင်ပညာတော်သင်များအတွက် ချစ်ကြည်ရေးဖလှယ်ပွဲကို ကျင်းပခဲ့သည်။ ယူနန်ပြည်နယ်အတွင်းရှိ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းနှင့် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများစွာမှ ကချင်ပညာတော်သင် အယောက်ပေါင်း ၆၀ ကျော်သည် စုဝေး၍ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အတူတကွ ဆွေးနွေးခဲ့ကြသည်။
"HPAJI MAHKRAI"အဖွဲ့ ဥက္ကဋ္ဌ မရမ်နန်ဆန်သည် အမှာစကား ပြောကြားစဉ်
ချစ်ကြည်ရေးဖလှယ်ပွဲ အစတွင် "HPAJI MAHKRAI"အဖွဲ့ ဥက္ကဋ္ဌ မရမ်နန်ဆန်သည် အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ သူမသည် "အသိပညာသည် နယ်နိမိတ်စည်းကြောင်းမရှိ၊ အိပ်မက်သည် စွမ်းအားရှိခြင်း" ဟူသော စကားဖြင့် တရုတ်နိုင်ငံတွင် ပညာသင်ကြားသည့် အချိန်ကာလကို တန်ဖိုးထားရန်၊ ပညာရပ် အသိပညာများကို ကောင်းမွန်အောင် သင်ယူတတ်မြောက်ရန်၊ တရုတ်ယဉ်ကျေးမှုကို ခံစားနားလည်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု လက်ဆင့်ကမ်းသော၊ ဖလှယ်ရေးကို မြှင့်တင်ပေးသော မြန်မာ-တရုတ် ချစ်ကြည်ရေး သံတမန်ဖြစ်အောင် ကြိုးပမ်းအားထုတ်ရန် ကျောင်းသားများအား တိုက်တွန်းအားပေးခဲ့သည်။
"HPAJI MAHKRAI"အဖွဲ့သည် တရုတ်နိုင်ငံတွင် ပညာသင်ယူနေဆဲ၊ သင်ဖူးသော ကချင်လူငယ်များဖြင့် ၂၀၂၄ ခုနှစ် မေလတွင် ကူမင်းမြို့၌ စတင်ထူထောင်ဖွဲ့စည်းခဲ့သည့် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ထူထောင်ပြီး တစ်နှစ်ကျော်ကာလအတွင်း အဆိုပါအဖွဲ့သည် ကချင်ကျောင်းသား ၁၁၈ ဦးကို ပေကျင်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ယူနန်တက္ကသိုလ်နှင့် ယူနန်မင်ဇူတက္ကသိုလ် စသည့် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများသို့ ဆက်လက်လေ့လာသင်ယူနိုင်ရန် အောင်မြင်စွာ ကူညီပေးခဲ့ကြောင်း၊ ထို့ပြင် ဤအဖွဲ့သည် ကုမ္ပဏီနှင့်ကျောင်းအကြား ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်း၊ HSK စာမေးပွဲ ဖြေဆိုသည့် စင်တာများ၏ ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း စသည့် နည်းလမ်းများဖြင့် ကချင်ကျောင်းသားများ တရုတ်နိုင်ငံတွင် ပညာသင်ကြားနေစဉ် အထောက်အပံ့ပေးလျက်ရှိပြီး မြန်မာ-တရုတ် ပညာရေးဖလှယ်မှုကို နက်ရှိုင်းခိုင်မာစေရန် စဉ်ဆက်မပြတ် အထောက်အကူပြု လျက်ရှိကြောင်း မရမ်နန်ဆန်၏ ဖော်ပြချက်အရ သိရှိရခဲ့သည်။
ယူနန်ပြည်နယ် လူမှုသိပ္ပံအကယ်ဒမီ မြန်မာသုတေသနဌာနမှ ဌာနမှူး လေကျုနင်သည် အမှာစကား ပြောကြားစဉ်
ယူနန်ပြည်နယ် လူမှုသိပ္ပံအကယ်ဒမီ မြန်မာသုတေသနဌာနမှ ဌာနမှူး လေကျုနင်က မိန့်ခွန်းပြောကြားရာတွင် မြန်မာ့ကချင်လူမျိုးနှင့် တရုတ်ဂျိန်ဖော့လူမျိုးတို့၏ အကြောင်းရင်းဇာစ်မြစ် တူညီသော သမိုင်းယဉ်ကျေးမှု ဖြစ်ဖျားခံရာကို နက်ရှိုင်းစွာ ရှင်းလင်းခဲ့ပြီး ကချင်လူမျိုး မွေးချင်းပေါက်ဖော်များ၏ ကောင်းမွန်ထူးကဲသော အကျင့်စရိုက်ကိုလည်း မြင့်မားစွာ ချီးကျူးဂုဏ်ပြုခဲ့သည်။ သူက ကချင်ပညာတော်သင်များအား အဖိုးတန် ပညာသင်ယူအချိန်ကာလကို တန်ဖိုးထားရန်၊ ပညာရပ်တွင် ကြိုးစားလေ့လာရန်၊ တရုတ်ဘာသာစကားကို ပိုမို ကျွမ်းကျင်တတ်မြောက်စေရန်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဖလှယ်မှုတံတားဖြစ်အောင် ကြိုးပမ်းအားထုတ်ရန်နှင့် ဇာတိမြေ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှု၊ တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ခိုင်မာလာအောင် လူငယ်များ၏ စွမ်းအားကို လှူဒါန်းပေးမည်ဟု မှာကြားခဲ့သည်။
ယူနန်ပြည်နယ် လူမျိုးစုအသင်း ဂျိန်ဖော့လူမျိုးစု လေ့လာရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် ဖိုင်ဟွာသည် မိန့်ခွန်းပြောကြားစဉ်
တရုတ်နိုင်ငံရှိ ကချင်ပညာတော်သင်များသည် ကချင်ပြည်နယ်၏ အနာဂတ် မျှော်လင့်ချက် ဖြစ်ပြီး တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး၏ ဖော်ဆောင်သူများ ဖြစ်ရုံသာမက နိုင်ငံနှစ်ခုကြား ပြည်သူများ၏ စိတ်နှလုံးကို ချိတ်ဆက်ထားသည့် အရေးပါသော ခါးကြိုးလည်း ဖြစ်သည်ဟု ယူနန်ပြည်နယ် လူမျိုးစုအသင်း ဂျိန်ဖော့လူမျိုးစု လေ့လာရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် ဖိုင်ဟွာက ပြောကြားခဲ့သည်။ သူက လူငယ်ကျောင်းသားများအား ကြိုးစားလေ့လာပြီး သင်ယူရသည့် အသိပညာများကို ပြတ်သားစွဲမြဲစွာ လက်တွေ့အသုံးချ၍ ကျွမ်းကျင်မှုစွမ်းရည်များကို မြှင့်တင်ရန်၊ ကျွမ်းကျင်ပညာရပ်ဆိုင်ရာ အရည်အချင်းနှင့် အပြည်ပြည်ဆိုင်ရာ ရှုထောင့်အမြင် နှစ်မျိုးပါရှိသည့် ဘက်စုံလူတော်လူကောင်းများ ဖြစ်အောင် ကြီးပြင်းလာရန်၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ပညာရေးနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်များမှ နက်ရှိုင်းသော ဖလှယ်မှုများကို တိုးမြှင့်ရန်၊ တရုတ်-မြန်မာအကြား "ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်မှုရှိခြင်း" ဟူ၍ ချစ်ခင်ရင်းနှီးသော အတွေးအခေါ်ကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းစေရန် တိုက်တွန်းအားပေးခဲ့သည်။
ကချင်ပညာတော်သင်များသည် ကိုယ်တိုင်မိတ်ဆက်စဉ်
ကိုယ်တိုင်မိတ်ဆက်သည့် အစီအစဉ်တွင် ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်၊ ဟွာချောင်တက္ကသိုလ်နှင့် လျောင်နင်ဆရာအတတ်သင်တက္ကသိုလ် စသည့် တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများမှ ကချင်ပညာတော်သင်များသည် အလှည့်ကျ မျှဝေပြောကြား ခဲ့ကြသည်။ အားလုံးသည် တရုတ်နိုင်ငံတွင် ပညာသင်ကြားရသည့် အခွင့်အရေးကို တန်ဖိုးထားမြတ်နိုးမည် ဖြစ်ကာ ဘဝရည်မှန်းချက်များကို ကြိုးစားဖော်ဆောင်သွားမည် ဖြစ်ပြီး လက်တွေ့လုပ်ဆောင်မှုများဖြင့် မြန်မာ-တရုတ်အကြား ချစ်ကြည်ရင်းနှီးသော ဖလှယ်မှုလုပ်ငန်းများအတွက် လူငယ်များ၏ စွမ်းအားကို လှူဒါန်းပေးမည်ဟု ပြောကြားခဲ့ကြသည်။
"HPAJI MAHKRAI"အဖွဲ့၏ ချစ်ကြည်ရေးဖလှယ်ပွဲတွင် အဆိုအကအစီအစဉ် ဖျော်ဖြေတင်ဆက်စဉ်
ဖလှယ်ပွဲတွင် ယူနန်တက္ကသိုလ်၊ ယူနန်မင်ဇူတက္ကသိုလ်နှင့် ယူနန်ဆရာအတတ်သင်တက္ကသိုလ် စသည်တို့မှ ကချင်ပညာတော်သင်များသည် လှပသော ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားပြီး "ပညာသင်ယူခြင်းဖြင့် အနာဂတ်ကို အကျိုးဆောင်ပေးခြင်း"နှင့် "စည်းလုံးညီညွတ်မှု" စသည့် ထူးခြားသော အဆိုအကအစီအစဉ်များကို ဖျော်ဖြေတင်ဆက်ခဲ့ရာ အငွေ့အသက် အလွန်စည်ကားသိုက်မြိုက်ပြီး လက်ခုပ်သံများကို အဆက်မပြတ် ကြားရခဲ့သည်။
"HPAJI MAHKRAI"အဖွဲ့၏ ချစ်ကြည်ရေးဖလှယ်ပွဲဆိုင်ရာ အမှတ်တရ စုပေါင်းဓာတ်ပုံ
အနာဂတ်တွင် "HPAJI MAHKRAI"အဖွဲ့သည် ယူနန်ပြည်နယ်ရှိ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းများကို မှီခိုအားထား၍ တရုတ်ပြည်တွင်း အရည်အသွေးမြင့် ပညာရေးအရင်းအမြစ်များနှင့် ချိတ်ဆက်သွားမည် ဖြစ်ပြီး လူငယ်များအကြား ဖလှယ်မှုအတွက် ပလက်ဖောင်းများကို ဆက်လက်တည်ဆောက်သွားမည် ဖြစ်ပြီး မြန်မာ-တရုတ် ပညာရေး၊ ယဉ်ကျေးမှုနှင့် လူတော်လူကောင်း ဖလှယ်မှုကို နက်ရှိုင်းစေမည် ဖြစ်ကာ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးသော ပြည်သူ့ဆန္ဒအခြေခံကို အဆက်မပြတ် ခိုင်မာမြဲမြံစေရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး ပိုများသော ကချင်လူငယ်များအား မြန်မာ-တရုတ် ချစ်ကြည်ရေးကို လက်ဆင့်ကမ်းသော လူငယ်သံတမန်များအဖြစ် ကြီးထွားလာအောင် ကူညီပံ့ပိုးပေးမည် ဖြစ်ကြောင်း "HPAJI MAHKRAI"အဖွဲ့ ဥက္ကဋ္ဌ မရမ်နန်ဆန်က ပြောကြားခဲ့သည်။
昆明信息港讯 记者刘冬霞 文丽荣 3月21日上午,克钦留华之桥在昆明举办克钦留华学生联谊会。省内专家学者、企业及社会组织代表与来自全国多所高校的60余名克钦留学生代表齐聚一堂,共叙胞波情谊。
克钦留华之桥会长木然楠伞致辞。
活动伊始,克钦留华之桥会长木然楠伞发表致辞。她以“知识无国界,梦想有力量”勉励学子珍惜在华学习时光,学好专业知识,感受中华文化,争当传递友谊、促进交流的中缅友好使者。
据木然楠伞介绍,克钦留华之桥于2024年5月在昆明成立,是由在华及曾在华留学的克钦青年组成的公益性组织。成立一年多来,该组织已成功帮助118名克钦学子赴北京外国语大学、云南大学、云南民族大学等高校深造。与此同时,克钦留华之桥还通过深化校企合作、优化HSK考点服务等方式,为克钦学子在华求学保驾护航,持续助力中缅教育交流走深走实。
云南省社科院缅甸研究所所长雷著宁致辞。
云南省社科院缅甸研究所所长雷著宁在致辞中,深入阐释了缅甸克钦族与中国景颇族同根同源的历史文化渊源,并高度评价克钦族同胞的优良品格。他寄语克钦留学生珍惜宝贵求学时光,深耕专业、精进中文,努力成为中缅友好交流的桥梁纽带,为家乡发展建设与中缅胞波情谊深化贡献青春力量。
云南省民族学会景颇族研究专业委员会副会长兼秘书长排华致辞。
云南省民族学会景颇族研究专业委员会副会长兼秘书长排华表示,克钦留华学子是克钦邦未来的希望,是中缅胞波情谊的鲜活载体,更是联结两地民心的重要纽带。他勉励青年学子勤学笃行、增长才干,成长为兼具专业素养与国际视野的复合型人才,积极推动两国经贸、教育、文化等领域的深度交流,让中缅亲诚惠容的友好理念代代相传。
克钦留华学子作自我介绍。
自我介绍环节,来自北京外国语大学、华侨大学、辽宁师范大学等高校的克钦学子依次交流分享。大家纷纷表示,将珍惜在华学习机遇,努力追逐人生梦想,以实际行动为中缅友好交流事业贡献青春力量。
克钦留华之桥联谊会歌舞表演。
活动现场,云南大学、云南民族大学、云南师范大学等校的克钦留学生身着精美传统服饰,献上《以学习造福未来》《团结》等特色歌舞节目,现场气氛热烈,掌声不断。
克钦留华之桥联谊会合影。
克钦留华之桥会长木然楠伞表示,克钦留华之桥未来将继续以云南高校为依托,联动国内优质教育资源,持续搭建青年交流平台,深化中缅教育、文化与人才交流,不断夯实中缅友好民意基础,助力更多克钦青年成长为传递中缅友谊的青年使者。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ် ရွှေလီနယ်စပ်ဂိတ် ယခုနှစ် ပြည်ဝင်ပြည်ထွက် ခရီးသွားပမာဏ အကြိမ်ရေ ၁ သန်းကျော်ရှိလာ
- ယူနန်ပြည်နယ်ရှိ ယန့်စန်းခရိုင်တွင် ဘလူးဘယ်ရီသီးများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် လျှို့ဝှက်ချက်များ
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်












