ကမ္ဘာ့အမွေအနှစ်နေရာ ခရီးသွားအစီအစဉ် | ယူနန်ပြည်နယ်တွင် ထိုင်းနိုင်ငံမိန်းကလေးတစ်ဦးသည် ရှေးဟောင်းသော "ကျောက်သားတောအုပ်" သွားရောက်လေ့လာ

2026-03-30 15:52|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မရီရီယူနန်ပြည်နယ်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် တည်ရှိ၍ ၎င်း၏ ကြွယ်ဝသော သဘာဝနှင့် ယဉ်ကျေးမှု အရင်းအမြစ်များဖြင့် ကမ္ဘာတစ်ဝှမ်းမှ ဧည့်သည်များကို လာရောက်လည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။ ယူနန်ပြည်နယ်တွင် ကမ္ဘာ့အမွေအနှစ်နေရာ ခြောက်ခု ရှိသည်။ သဘာဝတရား၏ လက်ရာမွန်နှင့် လူသားတို့၏ အသိဉာဏ်ရည်များသည် ကြီးကျယ်ခမ်းနားသောာ သမိုင်းရာဇဝင်ကို အတူတကွ ဖန်တီးထားပြီး ကျွန်ုပ်တို့အား သမိုင်းကြောင်းကို ထိတွေ့ခံစားနိုင်စေပါသည်။ လျိုမြောင်ချိုင့်ဝှမ်းများ၊ ကျောက်သားတောအုပ်များ၊ ကျောက်ဖြစ်ရုပ်ကြွင်းစုများ၊ ရှေးဟောင်းမြို့တော်များ ၊ လှေကားထစ်စိုက်ခင်းများ၊ လက်ဖက်စိုက်ခင်းများ... ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေခြောက်ဦးသည် ယူနန်၏ ကမ္ဘာ့အမွေအနှစ်နေရာများကို လည်ပတ်လေ့လာရန် ကျွန်ုပ်တို့အား ဦးဆောင်မည်ဖြစ်သည်။

ဤအကြိမ်တွင် ထိုင်းနိုင်ငံမိန်းကလေး ဖန့်ကြားဟွေ့နှင့်အတူ ကမ္ဘာ့သဘာဝအမွေအနှစ်နေရာတစ်ခုဖြစ်သည့် ကျောက်သားတောအုပ်သို့ သွားရောက်လေ့လာကြမည်။ ၂၀၀၇ ခုနှစ် ဇွန်လတွင် "တောင်ပိုင်းတရုတ် Karst မြေပြင်အနေအထား" ပထမစီမံကိန်း၏ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ကျောက်သားတောအုပ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းခဲ့သည်။ နှစ်ပေါင်း သန်း ၂၇၀ ကြာ ဘူမိဗေဒဆိုင်ရာပြောင်းလဲမှုကြောင့် ကျောက်သားတောအုပ်၏ မြင့်မားပုံနှင့် ခမ်းနားပုံကို ဖန်တီးပေးခဲ့သည်။ Karst တောင်ထိပ်သစ်တောများနှင့် ယီမျိုးနွယ်စုဝင် ဆာနီလူမျိုးစုများ၏ ရှေးဟောင်းဒဏ္ဍာရီများသည် ကျောက်သားတောအုပ်အား ဆွဲဆောင်မှုအပြည့်ရှိစေ၍ ထူးခြားသော သိပ္ပံပညာတန်ဖိုး ရှိစေသည်။ ဗီဒီယိုကို အတူတကွကြည့်၍ သဘာဝနှင့် လူမှုယဉ်ကျေးမှုများ တောတောင်ရေမြေဖြတ်ကျော်သော ဆွေးနွေးဖယ်လှယ်မှုကို ခံစားကြည့်ရှုလေ့လာလိုက်ကြပါစို့။ 

位于中国西南的云南省,其丰富的自然资源和文化资源吸引着世界各地的人前往这里。这里有六项世界遗产,大自然的鬼斧神工与人类的智慧共同谱写出一幕幕壮丽史诗,让我们得以触摸过往。峡谷、石林、化石群、古城、梯田、茶林……六位来自世界各地的朋友将带领我们开启一趟关于云南世界遗产的旅程。

这一站,我们跟随泰国姑娘范嘉慧一起来到世界自然遗产——石林。2007年6月,石林作为“中国南方喀斯特”第一期项目的核心组成部分被列入《世界遗产名录》。经过2.7亿年的地质变迁,造就了石林的剑峰巍峨、山石壮阔,喀斯特峰林与彝族撒尼人的古老传说,让它充满魅力,具有独一无二的科学价值。一起跟随镜头,去感受自然与人文跨越山海的对话吧!

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်