ဟင်လုံထန်ဥယျာဉ်မှာ တောင်ဇလပ်ပန်းတွေကို ရှုစားဖို့ လမ်းညွှန်ပေးပါ

2026-03-25 15:37|ရောင်စုံတိမ်တံတား

1

User နုနုအောင်ရဲ့ မေးခွန်း။ ။ မင်္ဂလာပါ။ စနေတနင်္ဂနွေနေ့မှာ ကျွန်မက သူငယ်ချင်းနဲ့ ဟင်လုံထန်ဥယျာဉ်ကို တောင်ဇလပ်ပန်းတွေ သွားကြည့်ချင်လို့ အကြံပြုချက်လေးတွေ ပေးနိုင်မလား။

အယ်ဒီတာရဲ့ အဖြေ။ ။ မင်္ဂလာပါ။ ရပါတယ်။ ကူမင်းမှာ ရှေးဟောင်းတဲ့ နွေဦးရှုခင်း ကြည့်ရှုရာနေရာတစ်ခု အနေနဲ့ ဟင်လုံထန်ဥယျာဉ်မှာ တောင်ဇလပ်ပန်းတွေကို စိုက်ပျိုးပြီး ကြည့်ရှုတဲ့ သမိုင်း အရမ်းကြာရှည်ပါတယ်၊ ဥယျာဉ်ထဲက ထန်မင်းဆက်ခေတ်က တရုတ်ဆီးပန်း၊ ဆုံမင်းဆက်ခေတ်က ဆိုက်ပရက်(စ)ပင်လို ရှေးဟောင်းသစ်ပင်တွေနဲ့ နာမည်ကြီးပန်းတွေနဲ့အတူ ဥယျာဉ်ထဲက နွေဦးရှုခင်းကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ဖြစ်လာခဲ့ပါပြီ။ လုံချွမ်တောင်ခြေအတိုင်း တည်ဆောက်ထားတဲ့ "တောင်ဇလပ်လျှိုမြောင်"ဟာ မိုပေါင်း ၁၀၀ ကျော် ကျယ်ဝန်းပြီး အမျိုးပေါင်း ၃၀ ကျော်နဲ့ အပင်ပေါင်း ၃၅ သောင်းကျော် ရှိပါတယ်၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ အကြီးဆုံး ခြံဝင်းပုံစံနဲ့ တောင်ဇလပ် စိုက်ပျိုးတဲ့ ပန်းခြံ ဖြစ်ပါတယ်။ အောက်မှာ ပန်းရှုစားခြင်းနဲ့ ဥယျာဉ်လည်ပတ်ခြင်းအတွက် အကြံပြုချက်အချို့ကို ပေးပါမယ်။

ပန်းကြည့်လမ်းကြောင်း

က။ ဥယျာဉ်ထဲသို့ ဝင်ပြီးတော့ တောင်ဇလပ်လျှိုမြောင်သို့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း အဓိကလမ်းကြောင်းတစ်လျှောက် တည့်တည့်လျှောက်သွားပါ။ 

ခ။ ဘွန်စိုင်းဥယျာဉ်- လုံထန် ဘာဘီကျူးဧရိယာ- တောင်ကြားလည်ပတ်လမ်းအတိုင်း တောင်ဇလပ်လျှိုမြောင်ထဲသို့ ဝင်ရောက်ပါ။

ပန်းကြည့်ခြင်းဆိုင်ရာ အကြံပြုချက်

က။ ဥယျာဉ်ဟာ နံနက် ၈:၀၀ ကနေ ညနေ ၆:၀၀ အထိ အခမဲ့ ဖွင့်လှစ်ပြီး ညနေ ၅:၃၀ မှာ ဥယျာဉ်ထဲကို ဝင်ခွင့်ရပ်ပါ။

ခ။ တောင်နောက်ဘက်က လျှောက်လမ်းရဲ့ အချို့အပိုင်းတွေဟာ အတော်လေး မတ်စောက်လို့ ချော်လဲခြင်းကာကွယ်နိုင်ပြီး ချော်မကျပြီး သက်တောင့်သက်သာရှိတဲ့ အားကစားဖိနပ်ကို ဝတ်ဆင်ဖို့ အကြံပြုပါတယ်။

ဂ။ ဥယျာဉ်ထဲမှာ အဆင်ပြေတဲ့ စားသောက်ရာနေရာ အနည်းငယ်ရှိလို့ သောက်ရေနဲ့ သရေစာတွေကို ကိုယ်တိုင်ယူဆောင်နိုင်ပါတယ်။

ဃ။ အများသုံး သယ်ယူပို့ဆောင်ရေးကို ရွေးချယ်ရင် ဘတ်စ်ကားလိုင်းနံပါတ် ၉ နှင့် နံပါတ် ၇၉ တို့နဲ့ ဟင်လုံထန်ဥယျာဉ်ကားဂိတ်ကို တိုက်ရိုက်ရောက်ရှိနိုင်ပါတယ်၊ ကိုယ်တိုင်ကားမောင်းရင် လမ်းပြမြေပုံအတိုင်း ဥယျာဉ်ရဲ့ အဓိကဝင်ပေါက်ကို ရောက်နိုင်ပြီး ကားရပ်ဖို့လဲ အဆင်ပြေပါတယ်။

1

网友奴奴昂提问:您好!周末我想和朋友去黑龙潭公园看杜鹃花,可以给我提供一些建议吗?

小编解答:您好!当然可以。作为昆明老牌赏春胜地,杜鹃花在黑龙潭的栽培观赏历史悠久,与园内唐梅、宋柏等古木名花相伴,早已成为公园春日景观的标志性符号。依龙泉山麓而建的“杜鹃谷”占地百余亩,有30余个品种,数量多达35万余株,是西南地区面积最大的庭院式种植杜鹃花的公园。下面,我将为您提供一些赏花游园小贴士:

赏花路线

1.入园沿主游路直行,按路标直达杜鹃谷

2.盆景园—龙潭烧烤区—山间游路,进入杜鹃谷

赏花提示

1.公园免费开放,开放时间8:00—18:00,17:30停止入园;

2.后山步道部分路段较陡,建议穿着防滑舒适的运动鞋;

3.园内便民餐饮点位较少,可自备饮用水和小食;

4.公共交通可乘坐9路、79路公交直达黑龙潭公园站,自驾可导航至公园正门,停车场停车便利。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်