"ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့

2026-03-25 18:01|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မတ်လ ၂၁ ရက်နေ့မှစတင်၍ တျန်းချီရေကန် ခရီးသွားလာရေးရှိ ရွှေရောင်ကမ်းရိုးတန်းကို လည်ပတ်ကြည့်ရှုရန် နည်းလမ်းအသစ်တစ်ခုကို ထည့်သွင်းထား၍ "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့၍ တျန်းချီရေကန်တစ်လျှောက်ရှိ ဂေဟစနစ်ရှုခင်းရှုကွက်များနှင့် လူမှုရေးအထင်ကရနေရာများကို ချိတ်ဆက်ပေးသည်။ ဤသည်မှာ ကူမင်းသည် လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုကို ပိုမိုနက်ရှိုင်းစေပြီး တျန်ချီရေကန် နက်ရှိုင်းခရီးသွားထုတ်ကုန်များကို ကြွယ်ဝစေရန်အတွက် လက်တွေ့ဆောင်ရွက်မှုအသစ်တစ်ခုဖြစ်သည်။

ဤလမ်းကြောင်းကို Yunnan Travel Automobile Co., Ltd. မှ လည်ပတ်ပြေးဆွဲပြီး စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် နေ့လည် ၁:၃၀ နာရီတွင် ကူမင်းကမ္ဘာ့ပြပွဲဥယျာဉ်၏ မျက်နှာဘက်တံခါးမရင်ပြင်မှ ထွက်ခွာပြီး နေရာတိုင်းတွင် တစ်နာရီခန့်လည်ပတ်ပြီး ညနေ ၆:၀၀ နာရီတွင် ပြန်ရောက်သည်။ လက်မှတ်ဈေးနှုန်းမှာ သက်သာပြီး တစ်ဦးလျှင် ၄၉.၉ ယွမ်ဖြစ်ကာ အသွားအပြန်ကားခ၊ တိမ်ပင်လယ်ပန်းခင်း ရှုခင်းနေရာ၏ဝင်ခွင့်လက်မှတ်နှင့် ခရီးသွားမတော်တဆမှုအာမခံတို့ ပါဝင်သည်။ ခရီးသည်များသည် လက်မှတ်များကို "ယူနန်ခရီးသွားအထူးလမ်းကြောင်း " WeChat တရားဝင်အကောင့်မှတစ်ဆင့် သို့မဟုတ် ကမ္ဘာ့ပြပွဲဥယျာဉ်ရှိ ဘတ်စ်ကားစီးရာနေရာတွင် ဝယ်ယူနိုင်ပါသည်။

ဤလမ်းကြောင်းဖြင့် ချိတ်ဆက်ပေးသည့် ရှုခင်းသာနေရာ ၃ ခုသည် တမူထူးခြားသော ဝိသေသလက္ခဏာများရှိပြီး တျန်းချီရေကန်၏ ဂေဟဗေဒနှင့် လူမှုရေးဆိုင်ရာ ဆွဲဆောင်မှုကို ပြသထားသည်။ ပထမဆုံးရှုခင်းသာနေရာဖြစ်သော ဝေလငါးပင်လယ်အော်သည် ဂျင့်နင်ခရိုင် ဟိုင်ကေရွာတွင် တည်ရှိပြီး ကမ်းရိုးတန်းပုံကြမ်းမှာ ဧရာမဝေလငါးကြီးတစ်ကောင်ကဲ့သို့ "ဝေလငါးပင်လယ်အော်"ဟု ခေါ်  ဖြစ်၍ တျန်းချီရေကန်တစ်လျှောက်ရှိ ရေပန်းစားသော ရှုခင်းသာနေရာတစ်ခုဖြစ်သည်။ တျန်းချီရေကန်တစ်လျှောက် အလေးထား၍ ပြန်လည်ပြုပြင်ပြီး အဆင့်အတန်းမြှင့်တင်ပေးသော ၄၆ ရွာအနက်မှ တစ်ရွာဖြစ်သည့် ဟိုင်ကေရွာသည် ပတ်လည်နားရှိ ဆာတီရွာနှင့် နူးလျန်ရွာ စသည်တို့ ရွာများနှင့်အတူ "တျန်းချီရေကန်ပတ် ကျေးလက်ဒေသ ဂေဟဗေဒခရီးသွားလာရေးစက်ဝိုင်း" ကို ဖွဲ့စည်းထားသည်။ ခရီးသည်များသည် ဤနေရာများတွင် လမ်းလျှောက်ရင်း ရေကန်နှင့် တောင်တန်းရှုခင်းများကို ရှုစားနိုင်ပြီး ထက်သန်ပြင်းပြသော ဇာတိရပ်ရွာ လွမ်းဆွတ်တမ်းတမှုကို ခံစားနိုင်သည်။

微信图片_2026-03-25_175205_806

ကျောက်ဝေသည် ဟိုင်ကေရွာ၏"ဝေလငါးပင်လယ်အော်"ရှုခင်းသာနေရာ၌  ရိုက်သောအလှဓါတ်ပုံ

ဒုတိယရှုခင်းသာနေရာဖြစ်သော တိမ်ပင်လယ်ပန်းခင်းသည် တျန်းချီရေကန်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး ရာသီလေးပါးစလုံး ပန်းပင်လယ်များနှင့် တျန်းချီရေကန်မြင်ကွင်းကျယ်ကြောင့် ရေပန်းစားသော ရှုခင်းသာနေရာတစ်ခု ဖြစ်လာခဲ့ပါသည်။ တစ်ချိန်က တောင်ကျောက်သဲကန္တာ လူသူမနီးသောတောင်သည် ဂေဟဗေဒပြန်လည်ထူထောင်ရေးနှင့် စီမံခန့်ခွဲခြင်းအားဖြင့် တရုတ်မူတစ်ရာကျော် ကျယ်ဝန်းသော ပန်းပင်လယ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ နွေဦးရာသီတွင် ကျူးလစ်ပန်းရှိပြီး၊ နွေရာသီတွင် ခြောက်လပန်းရှိပြီး၊ ဆောင်းဦးရာသီတွင် ကယ်ဆန်းပန်းရှိပြီး၊ ဆောင်းရာသီတွင် ဘိန်းနီပန်းရှိသည်၊ Lupinus၊ Pericallis hybrida၊ Dahlia pinnata စသည့်ပန်းများသည် ရှေ့စဉ်နောက်ဆက် ဝေဝေဆာဆာ ပွင့်ဖူးကြ၍ ရာသီလေးပါးစလုံး လှပသောရှုခင်းများ ရှိပါသည်။ ရောင်စုံပန်းပင်လယ်သည် တျန်းချီရေကန်၏ ကမ်းရိုးတန်းကို အလှဆင်ရုံသာမက "စိမ်းလန်းစိုပြေသော တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်" ဟူသော အယူအဆ၏ အသက်ဝင် လက်တွေ့ဆောင်ရွက်မှု စံနမူနာကိုလည်း ဖြစ်လာပါသည်။

နောက်ဆုံးရှုခင်းသာနေရာဖြစ်သော လေလိုအဆောက်အဦးသည် ရှီးဆန်းခရိုင် ပိုင်ယိုခုတ်ရွာတွင် တည်ရှိပြီး ၁၉၃၅ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဤကျောက်အဆောက်အဦးသည် တရုတ်သမ္မတနိုင်ငံခေတ်က ယူနန်ပြည်နယ်မှ ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ယူအိမ်းရှီး၏ ကိုယ်ပိုင်ဥယျာဉ်မြိုင်တောရှိ "ကွန်ဂူယွမ်ဥယျာဉ်" ၏ အဓိကဖွဲ့စည်းပုံ ဖြစ်သည်။ လက်ရှိတွင် ပိုင်ယိုခုတ်ရွာသည် အနုပညာရှင်ဘုံအဖွဲ့ကို မှီခို၍ တျန်းချီရေကန်ဘေးတွင် ဖန်တီးမှု၊ ပြသမှုနှင့် ဖလှယ်မှုများကို ပေါင်းစပ်ထားသည့် ယဉ်ကျေးမှုလူနေအရပ်တစ်ခုကို တဖြည်းဖြည်း ဖွဲ့စည်းနေသည်။

၂၀၂၄ ခုနှစ်မှစ၍ ကူမင်းမြို့သည် တျန်းချီရေကန် ခရီးသွားလာရေးရှိ ရွှေရောင်ကမ်းရိုးတန်း စသည့် ရွှေရောင်ခရီးသွားလမ်းကြောင်း ၆ ခုကို အလေးထား၍ ဖွံ့ဖြိုးတိုးတက်စေသည်။ Yunnan Travel Automobile Co., Ltd. သည် ကူမင်းရှေးဟောင်းလမ်းနှင့် ဟိုင်ယန့်ရွာ အကြားနှင့် ကူမင်းရှေးဟောင်းလမ်း/ကမ္ဘာ့ပြပွဲဥယျာဉ်နှင့် ကျောက်ဇီတောင် အကြား အသွားအပြန် တိုက်ရိုက်ခရီးသွားဘတ်စ်ကားများစွာကို စတင်ပြေးဆွဲခဲ့ပြီ ဖြစ်သည်။ ဤလမ်းကြောင်းအသစ်ဖွင့်လှစ်ခြင်းသည် တျန်းချီရေကန်တစ်လျှောက် ခရီးသွားလမ်းပန်းဆက်သွယ်ရေးကွန်ရက်ကို ပိုမိုတိုးတက်ကောင်းမွန်စေမည် ဖြစ်ပြီး ခရီးသည်များအား တျန်းချီရေကန်၏ အလှအပကို စူးစမ်းလေ့လာရန် ပိုမိုအဆင်ပြေသော၊ သက်တောင့်သက်သာရှိသော၊ ကုန်ကျစရိတ်သက်သာသော ခရီးထွက်ရွေးချယ်မှုကို ပေးမည် ဖြစ်သည်။

昆明信息港讯(昆明日报 首席记者李思凡)3月21日起,滇池旅游黄金岸线再添新玩法,“鲸鱼湾—云海花田—磊楼”旅游直通车开通运营,一站式串联滇池沿岸生态景观与人文地标。这是昆明深化交旅融合、丰富滇池深度游产品的新实践。

该线路由云南旅游汽车有限公司运营,每周六、日13:30从昆明世博园正门广场发车,每站游览时长约1小时,计划18:00返程。票价实惠亲民,49.9元/人含往返车费、云海花田景区门票及旅游意外保险。游客可通过“云南旅游专线”微信公众号购票,或在世博园乘车点现场购票。

线路串联的3个目的地各有特色,展现滇池生态与人文魅力。首站鲸鱼湾位于晋宁区海埂村,因岸线轮廓酷似巨鲸而得名,是滇池沿岸热门观景地。作为滇池沿岸46个重点改造提升的村庄之一,海埂村与周边的沙堤村、牛恋村等共同构建“环滇池乡村生态旅游圈”,游客漫步其间,可尽览湖光山色,感受浓郁乡愁。

微信图片_2026-03-25_175205_806

海埂村“鲸鱼岛”。赵伟/摄

第二站云海花田位于滇池南岸,凭借四季花海与滇池全景成为网红观景地。这片曾经的石漠化荒山,经生态修复治理后变身百亩花海,春有郁金香、夏有绣球花、秋有格桑花、冬有虞美人,鲁冰花、瓜叶菊、大丽花等次第绽放,四季皆景。斑斓花海不仅扮靓滇池岸线,更成为“绿水青山就是金山银山”的生动实践样板。

终站磊楼位于西山区白鱼口村,这座1935年建成的石砌建筑是民国时期云南名人庾恩锡私家园林“空谷园”的主体建筑。目前,白鱼口村依托艺术家公社,正逐步形成滇池边集创作、展示、交流于一体的文化聚落。

2024年以来,昆明市重点打造滇池旅游黄金岸线等六条黄金旅游线路。云南旅游汽车有限公司已相继开通昆明老街往返海晏村、昆明老街/世博园往返轿子山等多条旅游直通车。此次新线路开通,将进一步完善滇池沿岸旅游交通网络,为游客探寻滇池之美提供更便捷、舒适、高性价比的出游选择。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်