ယွန်ယန်ခရိုင်၌ နွေဦးပန်းများနှင့် လှေကားထစ်စိုက်ခင်းများ အပြန်အလှန် ရောင်ပြန်ဟပ်နေ
2026-03-23 09:57|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယွန်ယန်ခရိုင်ရှိ ဟာနီလှေကားထစ်စိုက်ခင်း၏ ဗဟိုဧရိယာ၌ မက်မွန်ပန်း၊ သစ်တော်ပန်း၊ ချယ်ရီပန်းနှင့် မုန်ညင်းပန်းများသည် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ဖူးနေကြပြီ။ လက်ရှိတွင် ဟာနီလှေကားထစ်စိုက်ခင်းများ၌ နွေဦးထွန်ရေးငင်ရန် ရေသိုလှောင်ရာသီချိန် ဖြစ်၍ ဝေဝေဆာဆာ ပွင့်ဖူးနေသော နွေဦးပန်းများသည် နှစ်ပေါင်းထောင်ချီသော လှေကားထစ်စိုက်ခင်းများကို ထွန်းလင်းတောက်ပစေပြီး ယွန်ယန်ခရိုင်ရှိ ကျေးလက်ခရီးသွားလုပ်ငန်းကို ရေပန်းစားစေသည်။ ခရီးသည်များသည် ဤရှုခင်းသာနေရာ၌ ပန်းများကို ရှုစားကြပြီး ဓာတ်ပုံရိုက်ကြ၍ နွေဦးရာသီ ဟင်းသီးဟင်းရွက်များကို မြည်းစမ်းရန် လယ်ယာအိမ်များသို့ ဝင်ရောက်ကြကာ ဟာနီလှေကားထစ်စိုက်ခင်းများ၏ နွေဦးထွန်ရေးငင်ခြင်း ယဉ်ကျေးမှုများကို တွေ့ကြုံခံစားကြ၍ နွေဦးရာသီ၏ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်းရှိမှုနှင့် သက်ရှိစွမ်းအားကို ခံစားကြသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်

