တာ့လီတက္ကသိုလ်ရှိ ချယ်ရီပန်းများသည် မြို့တော်၏ "နွေဦးရာသီ နာမည်ကတ်ပြား" ဖြစ်လာ
2026-03-23 16:39|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက တာ့လီတက္ကသိုလ်ရှိ ချယ်ရီပန်း အပင်ပေါင်း ၁ သောင်းနီးပါးသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး တက္ကသိုလ်သည် ၈ ကြိမ်မြောက် ဖွင့်လှစ်ချိန်ကို စတင်ဆောင်ရွက်ခဲ့ပြီး ပန်းပင်လယ်ဖြင့် မြို့သူမြို့သားများနှင့် ခရီးသည်များအား ဤ"နွေဦးရှုခင်း" ကို ရှုစားရန်နှင့် "ရိုမန်တစ်ဆန်သော တွေ့ဆုံမှု"တွင် အတူတူပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။
၄ ရက်ကြာသည့် ဖွင့်လှစ်ချိန်အတွင်း ယဉ်ကျေးမှု အနုပညာ ဖျော်ဖြေတင်ဆက်မှု အမျိုးမျိုးသည် စုံလင်စည်းကားလှပြီး၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လက်မှုအနုပညာများစွာကို စုစည်းပြသကာ၊ ကျောင်းဝင်းဈေးထဲမှ ယဉ်ကျေးမှု ဖန်တီးတီထွင်မှုထုတ်ကုန်များသည် လူအများ၏ အမြင်အာရုံကို ဖမ်းစားပြီး၊ ဖွင့်လှစ်သော ပြခန်းများနှင့် နေရာများသည် ဆွဲဆောင်မှုရှိပြီး တိုင်းရင်းသားယဉ်ကျေးမှု၏ ညှို့နိုင်စွမ်းနှင့် ကျောင်းဝင်း၏ အခြေအနေများကို အပြည့်အဝ သရုပ်ပြခဲ့သည်။
တာ့လီတက္ကသိုလ်တွင် စိုက်ပျိုးထားသည်မှာ အများအားဖြင့် ယူနန်ချယ်ရီပန်းများ ဖြစ်ပြီး ဖေဖော်ဝါရီလကုန်မှ မတ်လလယ်ပိုင်းအထိ စုစည်းပွင်းဖူးလျက်ရှိကာ ၎င်းသည် ကြီးမားသော အတိုင်းအတာ၊ စုစည်းသော ရှုခင်းရှုကွက်များ၊ ချန်းဆန်းတောင်ကို ကျောခိုင်းပြီး အယ်ဟိုင်ရေကန်သို့ မျက်နှာမူသော တည်နေရာနှင့် ကောင်းမွန်လှသော သဘာဝနောက်ခံ ရှိသောကြောင့် မကြာသေးမီနှစ်များအတွင်း တာ့လီမြို့၌ နွေဦးသစ်စတွင် နာမည်အကြီးဆုံးသော "အွန်လိုင်းရေပန်းစားသော" အထင်ကရနေရာတစ်ခု ဖြစ်လာခဲ့ပြီ။ ကျောင်းဝင်းဖွင့်လှစ်ခြင်း အစီအစဉ်သည် တက္ကသိုလ်နှင့် လူမှုရေးတို့ ဂေဟအလှနှင့် လူမှုရေးအလှကို အတူစံစားရန် အပြုသဘောဆောင်သော ကြိုးပမ်းမှုတစ်ခုအဖြစ် သဘောထားခံသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








