ယူနန် ချွီကျင့်မြို့တွင် ပန်းများသည် မြို့တစ်မြို့လုံး လွှမ်းခြုံနေပြီး နွေဦးရာသီသည် ပန်းချီကဲ့သို့ လှပ၍ ခရီးသည်များ အစုလိုက်အပြုံလိုက် လာရောက်

2026-03-20 17:26|ရောင်စုံတိမ်တံတား

20260319bc57366c72f248b3a41a2d12d374b3d1_20260319afb89a605687401cb4190c7df6380b7a

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့မတ်လတွင် ယူနန်ပြည်နယ်အရှေ့ပိုင်းဒေသ၌ နွေဦးအငွေ့အသက်များ ကြိုင်လှိုင်နေသည်။ ယူနန်ပြည်နယ် ချွီကျင့်မြို့တွင် နွေဦးရှုခင်းများဖြင့် ပြည့်နှက်နေ၍ လုံထန်ဥယျာဉ်ရှိ ချယ်ရီပန်းများမှာ သစ်ကိုင်းသစ်ခက်များကို အပြည့်အဝ အလှဆင်နေပြီး "ပန်းရောင်နှင်းပင်လယ်" ကို ဖန်တီးပေးသည်။ လျောင့်ခိုတောင်ရှိ ချယ်ရီပန်းတောမှာ တောင်တန်းတစ်လျှောက်အတိုင်း မြင့်ချည်နိမ့်ချည်ဖြစ်ပြီး "မိုးတိမ်ထဲမှ ပန်းခါးပတ်"နှင့် တူသည်။ တာ့ဟွာချောင်ဥယျာဉ်ဘေးရှိ သံလမ်းပေါ်တွင် မြန်နှုန်းမြင့်ရထား တစ်စင်းစင်းသည် ဟိန်းဟောက်စွာ ဖြတ်သန်းသွားပြီး ပွင့်ဖတ်များကို လွင့်ပျံစေ၍ နွေဦးရာသီ၏ ကဗျာဆန်မှုနှင့် အသက်ဝင်မှုကို အရပ်လေးမျက်နှာသို့ ပျံ့နှံ့စေသည်။

20260319bc57366c72f248b3a41a2d12d374b3d1_2026031915bd76ff8c7946689394ceb4e6af4450

မကြာသေးမီနှစ်များအတွင်း ချွီကျင့်မြို့သည် လူနေထိုင်မှုပတ်ဝန်းကျင် မြှင့်တင်ရေးစီမံကိန်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ အဓိကမြို့တွင်းရပ်ကွက်တွင် ချယ်ရီပန်းများ၊ သရက်ထည်ပန်းများ၊ နှင်းဆီပန်းများ စသည့် ပန်းအပင် သောင်းပေါင်းများစွာကို ဂရုတစိုက် စိုက်ပျိုးခြင်း၊ ဥယျာဉ်ရှိ မြေစိမ်းများကို အဆက်မပြတ် ပြန်လည်ပြုပြင်ခြင်းနှင့် အပန်းဖြေထိုင်ခုံများ ထပ်ထည့်ခြင်းဖြင့် မြို့တော်၏ အသွင်အပြင်ကို ဆက်လက်ကောင်းမွန်စေပြီး မြို့သူမြို့သားများအား "အိမ်တံခါးဝတွင် လှပရှုခင်းများကို ရှုစားနိုင်ခြင်း" ဟူသော ဆန္ဒကိုလည်း အကောင်အထည်ဖော်ခဲ့သည်။

20260319bc57366c72f248b3a41a2d12d374b3d1_2026031985d2c65ca30541b9b5f73226f7cded38

"ကျွန်တော်တို့ဟာ ချွီကျင့်မြို့ကို ပန်းတွေဝန်းရံထားတဲ့ မြို့တစ်မြို့အဖြစ် ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ မြို့သူမြို့သားတွေကို နေ့စဉ်ဘဝမှာ ကောင်းမွန်လှပမှုကို ခံစားနိုင်စေပြီး ခရီးသည်တွေ ရောက်ရှိတာနဲ့ ဒီနေရာကို ချစ်မိသွားစေမှာပါ" ဟု ချီလင်ခရိုင် စိမ်းလန်းစိုပြည်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် "ပန်းရှုစားစီးပွားရေး"သည် ချွီကျင့်မြို့၌ နွေဦးရာသီထဲမှ ထူးခြားချက်တစ်ခု ဖြစ်လာနေသည်။ ချီလင်ခရိုင် ဝမ်ဟွာလမ်း ဖုန့်လိုင်လူနေရပ်ကွက်ရှိ ဈေးတွင် အာလူးကြော် ရောင်းချသော အဒေါ်လျူက "ဒီနှစ် အာလူးကြော်တွေက အရမ်းရောင်းကောင်းပြီး မနှစ်ကထက် ၂ ဆ တိုးလာတယ်" ဟု ပြောကြားခဲ့သည်။

20260319bc57366c72f248b3a41a2d12d374b3d1_20260319afb89a605687401cb4190c7df6380b7a

3月的滇东大地,春意正浓。云南省曲靖市被春色浸染,龙潭公园的樱花缀满枝头,铺就一片“粉色雪海”;寥廓山的樱花林沿着山势起伏,宛如灵动的“云中花带”;大花桥公园旁的铁轨上,一列列动车呼啸而过,掀起漫天花雨,将春日的诗意与生机播撒四方。

20260319bc57366c72f248b3a41a2d12d374b3d1_2026031915bd76ff8c7946689394ceb4e6af4450

近年来,曲靖市持续推进人居环境提升工程,在主城区精心种植樱花、海棠、蔷薇等花卉数万株,不断改造公园绿地、新增休闲座椅,让城市颜值持续提升,也让市民实现“在家门口赏美景”的心愿。

20260319bc57366c72f248b3a41a2d12d374b3d1_2026031985d2c65ca30541b9b5f73226f7cded38

“我们希望把曲靖打造成一座被鲜花环绕的城市,让市民在日常生活中感受美好,让游客一来就爱上这里。”麒麟区绿化处工作人员说。

此外,“赏花经济”正成为曲靖春日里的一抹亮色。麒麟区文华街道凤来社区的集市上,卖炸洋芋的刘阿姨说:“今年的炸洋芋卖得特别好,销量比去年翻了两倍。”(赵洋洋)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်