တောင်ပေါ်တောပန်းများ၏ ရသာမွန်စားဖွယ်စုံ
2026-03-16 09:39|
နွေဦးရာသီကာလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဝူတိန့်ခရိုင် ကျီရီးလျှိုမြောင်အက်ကွဲကြောင်းကြီးတွင် သစ်တော်ပန်း၊ ငှက်ပျောပန်း၊ သော်ကပန်း စသည့် တောင်ပေါ်တောပန်းလေးများ အလျှိုလျှို ပွင့်လန်းလာသည်။ ဒေသခံလူထုအတွက်လည်း လတ်ဆတ်သောပန်းများ ခူးဆွတ်သည့်အချိန်အခါကောင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
လူအများက လတ်ဆတ်သော ပန်းများ၏ ပွင့်ဖတ်များကို ခူးဆွတ်ကာ ရိုးရာချက်ပြုတ်နည်းဖြင့် အသေးစိတ်ချက်ပြုတ်ကြသည်။ ဆီနည်းနည်းဖြင့် ကြော်စား၍သော်လည်းကောင်း၊ ဆီများများဖြင့် ကြွပ်ကြွပ်ကြော်၍သော်လည်းကောင်း၊ ပေါင်း၍သော်လည်းကောင်း၊ ဟင်းချိုခတ်၍သော်လည်းကောင်း လတ်ဆတ်သင်းပျံ့သည့် ဒေသထွက်ရသာမွန်များဖြစ်အောင် ချက်ပြုတ်ကာ တစ်မူထူးခြားသည့် ကျေးလက်ဒေသ တောင်ပေါ်တောပန်း ရသာမွန်ဟင်းလျာများကို ဖန်တီးကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


