ကူမင်းမြို့မှာ လက်ဖက်နှင်းဆီပန်းတွေ ကြည့်ဖို့ လမ်းညွှန်ချက် အကြံပေးပါ

2026-02-27 16:50|ရောင်စုံတိမ်တံတား

ScreenShot_2026-02-27_164132_009

User တင်တင်၏ မေးခွန်း။ ။ မင်္ဂလာပါ အယ်ဒီတာ၊ ကျွန်တော်နဲ့ သူငယ်ချင်းတွေက လက်ဖက်နှင်းဆီပန်းတွေကို သွားကြည့်ချင်ပါတယ်၊ ကူမင်းမြို့မှာ လက်ဖက်နှင်းဆီပန်းတွေ ကြည့်ဖို့ နေရာသုံးလေးငါးခုလောက် အကြံပေးနိုင်ပါသလား။

အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ၊ လက်ဖက်နှင်းဆီပန်းက ဇန်နဝါရီလ ဒုတိယဆယ်ရက်ပိုင်းက မတ်လ တတိယဆယ်ရက်ပိုင်းအထိ ပွင့်ဖူးလေ့ရှိပါတယ်။ ကူမင်းမြို့မှာ လက်ဖက်နှင်းဆီပန်းတွေ ကြည့်ဖို့ ကောင်းတဲ့နေရာ များများရှိပါတယ်၊ အောက်မှာ သင့်အတွက် သုံးလေးငါးခုလောက် အကြံပေးပါမယ်။

ဂျင်းတျန့်ရှုခင်းသာနေရာ။ ။ လက်ဖက်နှင်းဆီပန်းဥယျာဉ်၊ ထိုက်ဟယ်နန်းတော်နှင့် ကြေးယဉ်ကျေးမှုရင်ပြင်တို့ဟာ အဓိက ကြည့်ရှုရာဒေသတွေ ဖြစ်ပြီး၊ မှန်လုံအိမ်ဧရိယာမှာ Camellia petelotii တွေကို ကြည့်နိုင်ပြီး အမိုတစ်ထောင်ကျော် ကျယ်ဝန်းတဲ့ လက်ဖက်နှင်းဆီပန်းဥယျာဉ်မှာ လက်ဖက်နှင်းဆီပန်း အပင် ၄ သိန်းနီးပါး ရှိပါတယ်။ ၃၈ ကြိမ်မြောက် လက်ဖက်နှင်းဆီပန်းပြပွဲကို မတ်လ ၇ ရက်နေ့အထိ ကျင်းပပါမယ်၊ တရုတ်နွေဦးပွဲတော် အားလပ်ရက်အတွင်း ဂျင်းတျန့်ရှုခင်းသာနေရာမှာ ရိုးရာနဂါးနဲ့ ခြင်္သေ့အက၊ ဟန်ဖူးဝတ်စုံဝတ်ပြီး လှည့်လည်ကပြလှုပ်ရှားမှု၊ ရိုးရာအနုပညာတင်ဆက်ပြသမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပေါ်ပြူလာသိပ္ပံ စတဲ့ လှုပ်ရှားမှုတွေကိုလဲ ကျင်းပမယ်ပါမယ်၊ အလင်းရောင် ဖျော့တော့တော့ မနက်ပိုင်းမှာ ပန်းတွေနဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ဓာတ်ပုံတစ်ခုထဲ ရိုက်ဖို့ သွားရောက်ဖို့ အကြံပြုပါတယ်။

ဟေးလုံထန်ဥယျာဉ်။ ။ မင်မင်းဆက်မှ လက်ဖက်နှင်းဆီပင်၊ ထန်မင်းဆက်မှ တရုတ်ဆီးပင်နဲ့ ဆုန့်မင်းဆက်မှ ကျောက်ပန်းပင်တို့ကို "အံ့ဖွယ်သုံးခု"လို့ ချီးကျူးပြီး လက်ဖက်နှင်းဆီပန်းနဲ့ တရုတ်ဆီးပန်းတို့ဟာ အပြန်အလှန် ရောင်ပြန်ဟပ်နေပါတယ်။

ထန်ဟွာဘုရားကျောင်းဥယျာဉ်ရှိ ရှေ့ဘက်ဥယျာဉ်။ ။ ဥယျာဉ်ထဲမှာ လက်ဖက်နှင်းဆီပန်းတွေ နည်းနည်းစိုက်ပျိုးထားပြီး ပီအိုနီပန်းပြပွဲ၊ ချဉ်စော်ကားပန်း၊ တံတိုင်းမွှေးပန်းနဲ့ တွဲဖက်ရှုစားနိုင်ပါတယ်။

ကူမင်းရုက္ခပင်ဥယျာဉ်ရှိ အရှေ့ဘက်ဥယျာဉ်။ ။ အသက် ၈၀ နှစ်ကျော်ရှိတဲ့ လက်ဖက်နှင်းဆီပင် ၆၀၀၀ ကျော် ရှိပြီး အမျိုးအစား များများရှိပြီး အဝင်လက်မှတ်ခ ၅ ယွမ် ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က မတ်လ ၈ ရက်နေ့အထိ ၂၃ ကြိမ်မြောက် လက်ဖက်နှင်းဆီပန်းပြပွဲကို ကျင်းပရာမှာ ပန်းကြည့်ခြင်းနဲ့ ဥယျာဉ်လှည့်လည်ခြင်း စတဲ့ လှုပ်ရှားမှုတွေကိုလဲ ကျင်းပပါမယ်။

လော့လုံဥယျာဉ်။ ။ လော့လုံဥယျာဉ်မှာ ကမ္ဘာ့အဖိုးတန်ဆုံး လက်ဖက်နှင်းဆီပန်းကို ပုန်းအောင်းထားပါတယ်။ ဝင်ပေါက်မှ ရေကန်ရဲ့ မျက်နှာချင်းဆိုင် တောင်ထိပ်ကနေ စိမ်းလန်းစိုပြေတဲ့ အကိုင်းအခက်တွေပေါ်မှာ ဖြူစင်တဲ့ ပန်းတွေ ပွင့်ဖူးနေတာကို မြင်နိုင်ပါတယ်၊ လှပတဲ့ မင်းသမီးတစ်ပါးလို သိပ်လှပါတယ်။

ယူနန် ဖုန်းကျယ်ယွန် ရုက္ခပင်ဥယျာဉ်ရှိ လက်ဖက်နှင်းဆီပန်းခြံ။ ။ လက်ဖက်နှင်းဆီပန်းပြပွဲ၏ တျန်းယွန်ကျင်းပရာနေရာခွဲမှာ နဂါးနဲ့ ခြင်္သေ့အက၊ ပန်းအလှဆင်ပညာနဲ့ လက်ဖက်ရည်ဖျော်နည်းပြသခြင်း လှုပ်ရှားမှုတွေကို ကျင်းပပါမယ်။


ScreenShot_2026-02-27_164132_009

网友丁丁提问:小编你好!我和朋友想去赏山茶花,可以推荐几个昆明观赏山茶花的地点吗?

小编解答:您好!山茶花的花期一般在1月中旬至3月下旬。昆明有很多观赏山茶花的好去处,以下为您推荐几处,供您参考选择。

金殿名胜区:茶花园、太和宫及铜文化广场为核心区,温室区可观赏金花茶,千亩茶花园近40万株山茶;第三十八届茶花展持续至3月7日,春节期间,金殿还会开展传统舞龙舞狮表演、汉服巡游活动、传统演艺、非遗科普等活动,推荐上午前往,光线柔和适配拍花与古建同框。

黑龙潭公园:明茶与唐梅、宋柏并称“三绝”,山茶与梅花交相辉映。

昙华寺公园前园:园内有少量山茶种植,与牡丹花展、木瓜花、玉兰搭配观赏。

昆明植物园东园:80余年6000余株山茶,这里的茶花品种非常多,门票5元。2月1日至3月8日,将举办二十三届山茶展,活动期间还会有赏花游园等精彩活动。

洛龙公园:洛龙公园藏着世界名贵花木之一的山茶花,入口湖对面的山顶可以看到,洁白的花朵开满了清翠的树枝,像一个美丽的公主,好看极了。

云南丰泽源植物园茶花园:茶花节滇源分点会有舞龙舞狮、花艺茶道活动。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်