"ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုစီးရီးကို စတင်၊ တရုတ် ကူမင်းမြို့သည် သင့်ကို ဖိတ်ခေါ်လာ

2026-02-12 09:23|ရောင်စုံတိမ်တံတား

4e6f364bb7cdcc0fbb42bf1d900edc79

တျန်းချီရေကန်ပေါ်မှ စင်ရော်ခေါင်းမဲများ၏ အော်သံများသည် နံနက်ခင်းအလင်းရောင်ကို နှိုးဆော်လာချိန် တုပ်နန်ပန်းစျေး၏ ပန်းရနံ့သည် လမ်းကြီးလမ်းငယ်တစ်လျှောက် ပျံ့နှံ့နေချိန် ယူနန်အော်ပရာဇာတ်၏ တေးသွားများသည် ရှေးဟောင်းလမ်းများတွင် ဝဲရစ်နေချိန်တွင် ဂေဟဗေဒ၏ အလှအပ၊ ယဉ်ကျေးမှု၏ ဆွဲဆောင်မှုနှင့် လူနေမှုဘဝ၏ နွေးထွေးမှုကို ပေါင်းစပ်ထားသော မြို့တစ်မြို့ဖြစ်သည့် တရုတ်နိုင်ငံ ကူမင်းမြို့သည် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများအား စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားအပ်ပါသည်။

ယနေ့မှစ၍ "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" နိုင်ငံတကာဖြန့်ချိရေး လှုပ်ရှားမှုစီးရီးသည် "ကမ္ဘာတစ်ဝှမ်းလုံးတွင် ကူမင်း၏ဇာတ်လမ်းများအား အတူတူဖန်တီးခြင်း"ကို ဗဟိုပြု၍ ရာသီလေးပါးစလုံးကို ဖုံးလွှမ်းထားသော နှစ်မြှုပ်သော အတွေ့အကြုံများမှတစ်ဆင့် ကူမင်းနှင့် ကမ္ဘာကြီးအကြား အပြန်အလှန်စကားပြောဆိုခြင်း တစ်ကြိမ်ကို စတင်လုပ်ဆောင်မည် ဖြစ်သည်။ ၂၀၂၆ ခုနှစ်တွင် ကူမင်းမှ သင့်အား ဖိတ်ခေါ်ပါသည်။

ကူမင်းဆိုသည်မှာ အဘယ်နည်း- သဘာဝနှင့် လူမှုယဉ်ကျေးမှု ပဲ့တင်ထပ်နေသည့် "မြို့တော်ဧည့်ခန်း"

ကူမင်း၏ အလှအပသည် ၎င်း၏ တောတောင်ရေမြေစနစ်တွင် တည်ရှိပါသည်။ တျန်းချီရေကန်၏ မြူဆိုင်းသောရေပြင်၊ ရှီးဆန်းတောင်၏ မြစိမ်းရောင်နှင့် မိုင်ရာချီရှည်လျားသော ရိပ်သာလမ်းများဖြင့် ချိတ်ဆက်ထားသည့် ကဗျာဆန်သော နေထိုင်မှုဘဝတို့သည် "ဂေဟယဉ်ကျေးမှု"ကို ခံစားထိတွေ့နိုင်သော နေ့စဉ်ဘဝ ဖြစ်လာစေပါသည်။

ကူမင်း၏ ဆွဲဆောင်မှုသည် ၎င်း၏ ယဉ်ကျေးမှု ရောနှောပေါင်းစပ်မှုတွင် တည်ရှိသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပူးတွဲတက္ကသိုလ် (National Southwestern Associated University) ၏ အဆက်မပြတ်ဖြစ်သော စာဖတ်သံမှ ချာမာရှေးဟောင်းလမ်း (ရှေးခေတ်လက်ဖက်ကုန်သည်လမ်း) ၏ ပဲ့တင်ထပ်သော မြင်းခွာသံများအထိ၊ လူမျိုးစု ၂၆ မျိုး၏ မျိုးစုံကွဲပြားမှုမှ တရုတ်-လာအို ရထားလမ်း၏ ခေတ်၏ အခန်းသစ်အထိ၊ တံခါးဖွင့်လှစ်ခြင်းနှင့် အားလုံးပါဝင်နိုင်ခြင်းသည် သွေးကြောထဲတွင် စီးဆင်းနေသော မျိုးရိုးဗီဇများ ဖြစ်ပါသည်။

ကူမင်း၏ နွေးထွေးမှုသည် ၎င်း၏ ပြည်သူများ၏ နှလုံးသားတွင် တည်ရှိသည်။ ရောင်ကော်မီးရှည် တစ်ပန်းကန်၏ အပူငွေ့၊ တုပ်နန်ပန်းစျေး၏ မွှေးကြိုင်သောညနှင့် လမ်းကြီးလမ်းငယ်များတွင် မမျှော်လင့်ဘဲ ကြုံတွေ့ရသည့် အပြုံးမျက်နှာလေးများသည် ဤမြို့၏ စိတ်လှုပ်ရှားမှု အရှိဆုံးသော အပူချိန်ကို ဖွဲ့စည်းဖြစ်လာပါသည်။

fa02e915690fa26bccce70c5d7e1cd85

ယခုအချိန်တွင် ဤဆွေဦးမြို့တော်သည် ၎င်း၏ "ကမ္ဘာလုံးဆိုင်ရာဧည့်ခန်း"ကို ဂရုတစိုက် ပြင်ဆင်နေပါသည်။ ရာသီဥတုလေးပါးကို စက္ကူချပ်အဖြစ်နှင့် တွေ့ကြုံခံစားမှုကို ကလောင်အဖြစ် အသုံးပြု၍ ကမ္ဘာတစ်ဝှမ်းမှ လူငယ်မိတ်ဆွေများနှင့် မြို့တော်မိတ်ဖက်များအား ကူမင်း၏ ဇာတ်လမ်းများဆိုင်ရာ နားထောင်သူများ၊ တွေ့ကြုံခံစားသူများနှင့် ပူးတွဲဖန်တီးသူများဖြစ်လာရန် ကျွန်ုပ်တို့ စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်အပ်ပါသည်။

"နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"- ရာသီလေးပါးကို ဖုံးလွှမ်းထားသော နှစ်မြှုပ်ခရီးစဉ်တစ်ခုကို ပါဝင်ရန် ဖိတ်ခေါ်ခြင်း 

ကျွန်ုပ်တို့၏ ဖိတ်ခေါ်ခြင်းသည် သဘာဝ၏ ဥပဒေသနှင့် ယဉ်ကျေးမှု၏ စည်းချက်အတိုင်း ဖြည်းဖြည်းချင်း ဖွင့်လှစ်လိုက်ပါသည်-

နွေဦးရာသီ ချိန်းဆိုခြင်း- ကမ္ဘာတစ်ဝှမ်းတွင် နွေဦးပွဲတော်ကို ကြိုဆိုခြင်း။ ။ နွေဦးပွဲတော်ကို အခွင့်အရေးအဖြစ် အသုံးချကာ ကမ္ဘာတစ်ဝှမ်းမှ လူငယ်များအား နွေးထွေးသော နေရောင်ခြည်နှင့် လူနေမှုအငွေ့အသက်များထဲတွင် တရုတ်နှစ်သစ်ကူးပွဲတော်နှင့် ကြုံတွေ့ပြီး "အိမ်" ၏ နွေးထွေးမှုနှင့် ယဉ်ကျေးမှု၏ ရောနှောပေါင်းစပ်မှုကို ခံစားရန် ကူမင်းသို့ ဖိတ်ခေါ်အပ်ပါသည်။

နွေရာသီ အရသာရှာဖွေခြင်း- အရသာများဖြင့် ကမ္ဘာကို ချိတ်ဆက်ခြင်း။ ။ ကော်ဖီတစ်ခွက်၏ ကြွယ်ဝသော မွှေးရနံ့၊ တောရိုင်းမှိုတစ်ခု၏ သဘာဝအငွေ့အသက်နှင့် ပန်းစည်းတစ်စည်း၏ ကမ္ဘာလုံးဆိုင်ရာ ခရီးစဉ်တို့အတိုင်း ကူမင်း၏ ထုတ်ကုန်များ၏ နောက်ကွယ်ရှိ ဂေဟဗေဒဆိုင်ရာ လျှို့ဝှက်ချက်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ တက်ကြွမှုကို စူးစမ်းလေ့လာပါသည်။

ဆောင်းဦးရာသီ စိမ်းလန်းစိုမှုခံစားခြင်း- ဂေဟစနစ်ကို အတူတကွ ကာကွယ်ခြင်း။ ။ "ဂေဟဆိုင်ရာ စောင့်ကြည့်သူများ" ဖြစ်လာခြင်းနှင့်အတူ စိုစွတ်မြေများ၊ ရိပ်သာလမ်းများနှင့် ရေမြှုပ်မြို့များထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ကာ လူသားနှင့် သဘာဝအကြား သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် လမ်းကြောင်းပေါ်တွင် ကူမင်း၏ ဆန်းသစ်တီထွင်သော လက်တွေ့ဆောင်ရွက်မှုများကို မျက်မြင်သက်သေပြီး ပြောပြပါသည်။

a061311948fcc42f3ba487ead8452c41

ဆောင်းရာသီ သံစုံတီးဝိုင်း- နွေဦးမြို့တော်၌ ကမ္ဘာစုဝေးခြင်း။ ။ တစ်နှစ်ပတ်လုံး၏ ဇာတ်လမ်းများနှင့် စိတ်ခံစားမှုများကို စုစည်းခြင်းဖြင့် ကမ္ဘာသို့ သုံးဖက်မြင်၊ စစ်မှန်ပြီး နွေးထွေးသော ကူမင်းကို စုစည်းပြသပါသည်။

သင့်အခန်းကဏ္ဍသည် ခရီးသည်တစ်ဦးထက် များစွာကျော်လွန်ပါသည်- ကူမင်း၏ "မြို့တော်ပူးတွဲဖန်တီးသူ"ဖြစ်လာပါ

ဤနေရာတွင် သင်ဖြစ်နိုင်သည်-

နက်ရှိုင်းသော တွေ့ကြုံခံစားသူတစ်ဦး။ ။ တာ့ကွမ်းအဆောက်အအုံပေါ်သို့ တက်၍ ရှည်လျားသော နှစ်ချိုးစပ်စာတန်းများကို ရွတ်ဆိုပါ၊ ယူနန်မင်ဇူကျေးရွာ (ယူနန်တိုင်းရင်းသားကျေးရွာ) သို့ ဝင်ရောက်၍ မျိုးစုံသော ရိုးရာဓလေ့ထုံးစံများကို ခံစားပါ၊ တျန်းချီရေကန်ဘေး ရိပ်သာလမ်းများတစ်လျှောက် စက်ဘီးစီးပါ၊ စည်ကားသော ညဈေးများနှင့် ခြံဝင်းဇာတ်သဘင်များထဲတွင် အစစ်မှန်ဆုံး ကူမင်းညဘက်ဘဝကို ခံစားပါ။

ဇာတ်လမ်း ပြောပြသူတစ်ဦး။ ။ သင်၏ မှန်ဘီလူးနှင့် စကားလုံးများဖြင့် ကူမင်းနှင့် တွေ့ဆုံမှုဆိုင်ရာ အခြေအနေများကို မှတ်တမ်းတင်ပါ၊ သင်၏ ရှုထောင့်သည် ဤမြို့၏ နိုင်ငံတကာတွင် ဇာတ်ကြောင်းကို ကြွယ်ဝစေလိမ့်မည်။

အကြံဉာဏ် ပူးတွဲတင်သွင်းသူတစ်ဦး။ ။ ဂေဟဗေဒဆိုင်ရာ ဆွေနွေးပွဲများနှင့် လူငယ်ဖလှယ်ပွဲများတွင် ဉာဏ်ပညာများကို မျှဝေပါ၊ မြို့၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ အတွေးအမြင်များကို ပံ့ပိုးပေးပါ။

ချစ်ကြည်ရေး ချိတ်ဆက်သူတစ်ဦး။ ။ တရုတ်-လာအို ရထားလမ်းမှ ချစ်ကြည်ရေးရထားကို စီးပြီး ယဉ်ကျေးမှုဖလှယ်ရေး၏ သံတမန်တစ်ဦး ဖြစ်လာပါ၊ ကူမင်း၏ မိတ်ဆွေအသိုင်းအဝိုင်းကို အဆက်မပြတ် တိုးချဲ့ပါ။

e5f8e5b3013d87e803553e0cf7b6f9a8

၂၀၂၆ ခုနှစ်တွင် နွေဦးမြို့တော်သည် သင်၏ ရောက်လာခြင်းကို ကြိုဆိုရန် တောင်ပင်လယ်များ၊ ပန်းရနံ့များ၊ တေးသွားများနှင့် ပူပူနွေးနွေး လက်ဖက်ရည်များကို အသင့်ပြင်ဆင်ထားပါပြီ၊ ရေကန်များနှင့် တောင်များ၏ ရှုခင်းများကို အတူတူရှုစားရန်  ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ လက်မှုပညာကို အတူတူခံစားရန်နှင့် လူနေမှုအငွေ့အသက်များကို အတူတူခံစားရန် သင့်အား ဖိတ်ခေါ်အပ်ပါသည်။

ဤအချိန်တွင် ဤဖိတ်ခေါ်ခြင်းသည် တောင်များနှင့် ပင်လယ်များကို ဖြတ်ကျော်၍ သင့်ထံ ရောက်ရှိလာပါသည်။

၂၀၂၆ ခုနှစ်တွင် နွေဦးမြို့တော်မှ ဖိတ်ခေါ်အပ်ပါသည်။

ပါဝင်နည်းများ

ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများအား "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" အတူတူဖန်တီးခြင်း လှုပ်ရှားမှုများတွင် နည်းလမ်းမျိုးစုံဖြင့် ပါဝင်ရန် ကျွန်ုပ်တို့ စိတ်ရင်းမှန်ဖြင့် ဖိတ်ခေါ်အပ်ပါသည်။

ကူမင်းရှိ နိုင်ငံတကာမိတ်ဆွေများသည် Weibo နှင့် Douyin တို့တွင် #春城有请 ဖြင့် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများထံ သင့်အထင်အမြင်ထဲတွင် ကူမင်း၏ အစိတ်ဝင်စားဆုံးနှင့် လည်ပတ်ကြည့်ရှုရန် အတန်ဖိုးဆုံးသော အခြေအနေများကို အကြံပြု၍ နွေဦးမြို့တော်သို့ ဖိတ်ခေါ်နိုင်ကြပါသည်။

ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဆွေများသည် Facebook၊ X၊ TikTok နှင့် YouTube စသည့် ပြည်ပလူမှုမီဒီယာပလက်ဖောင်းများတွင် #ALetterfromKunming ဖြင့် ကူမင်းအတွက် မျှော်လင့်ချက်များကို မျှဝေခြင်း၊ ကူမင်းနှင့် ကောင်းမွန်လှပသော တွေ့ဆုံခြင်းကို မှတ်တမ်းတင်ခြင်းနှင့် "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း" ရာသီအလိုက် အတွေ့အကြုံလှုပ်ရှားမှုများတွင် ပါဝင်ရန် နာမည်ပေးသွင်းနိုင်ကြပါသည်။

လှုပ်ရှားမှု၏ အသေးစိတ်အချက်အလက်များနှင့် ပါဝင်မှုလမ်းညွှန်ချက်များကို ဖတ်ကြည့်ရန် QR ကုဒ်ကို စကင်ဖတ်ပြီး လှုပ်ရှားမှု၏ သီးသန့်သော စာမျက်နှာကို ကြည့်ပါ။ တစ်ချိန်တည်းမှာပင်၊ လှုပ်ရှားမှု၏ နောက်ဆုံးရ သတင်းအချက်အလက်များကို ရယူရန်နှင့် ကူမင်းဇာတ်လမ်းများ အတူတူဖန်တီးရာတွင် နက်ရှိုင်းစွာ ပါဝင်ရန် Kunming Information Hub (昆明信息港) ၏ တရားဝင် Weibo နှင့် Douyin အကောင့်တို့အပြင် Facebook၊ X၊ TikTok နှင့် YouTube စသည့် ပြည်ပလူမှုမီဒီယာပလက်ဖောင်းများရှိ တရားဝင်အကောင့်များကိုလည်း ဆက်လက်အာရုံစူးစိုက်နိုင်ပါသည်။

春城有请邀请海报-带二维码

4e6f364bb7cdcc0fbb42bf1d900edc79

当滇池的鸥鸣唤醒晨光,当斗南的花香漫过街巷,当滇剧的唱腔萦绕古巷,一座兼具生态之美、文化之韵、烟火之暖的城市——中国昆明满怀热忱,面向全球友人发出诚挚邀约。

即日起,“A Letter from Kunming春城有请”国际传播系列活动将以“全球共创昆明故事”为核心,通过贯穿四季的沉浸式体验,开启一场昆明与世界的对话。2026,春城有请!

何以昆明?—— 一座自然与人文交响的“城市会客厅”

昆明之美,美在山水格局。滇池的烟波,西山的翠色,百里绿道串起的诗意栖居,让“生态文明”成为可感可触的日常。

昆明之韵,韵在文化交融。从西南联大的弦歌不辍,到茶马古道的蹄声回响;从26个民族的绚丽多彩,到中老铁路的时代新篇,开放包容是流淌于血脉的基因。

昆明之暖,暖在市井人心。一碗小锅米线的热气,斗南花市的芬芳夜晚,街头巷尾不期而遇的笑脸,构成了这座城市最动人的温度。

fa02e915690fa26bccce70c5d7e1cd85

此刻,这座常春之城,正精心布置它的“全球会客厅”。我们以四季为卷,以体验为笔,诚挚邀请世界各地的青年朋友、城市伙伴,成为昆明故事的聆听者、体验者,更是共创者。

“春城有请”邀您共赴—— 一场贯穿四季的沉浸式叙事之旅

我们的邀约,循着自然的韵律与文化的节拍,徐徐展开:

春日之约·四海迎新春:以春节为契机,邀请全球青年走进昆明邂逅中国年,在暖阳与烟火里,感受“家”的温暖与文明的交融。

夏日寻味·风味连世界:循着一杯咖啡的醇香、一朵菌子的山野气息、一束鲜花的全球旅程,探秘昆明物产背后的生态密码与产业活力。

秋日绿韵·生态共守望:化身“生态观察员”,深入湿地、绿道、海绵城市,见证并讲述昆明在人与自然和谐共生道路上的创新实践。

a061311948fcc42f3ba487ead8452c41

冬日交响·世界聚春城:汇聚全年的故事与情感,向世界集中呈现一个立体、真实、充满温度的昆明。

您的角色远超游客—— 成为昆明的“城市共创者”

在这里,您可以是:

一位深度体验者:在大观楼登高吟诵长联,走进云南民族村体验多彩民俗,在滇池绿道骑行,在夜市烟火与庭院戏剧中,品味最地道的春城夜生活。

一位故事讲述者:用您的镜头和语言,记录下与昆明相遇的瞬间,您的视角将丰富这座城市的国际叙事。

一位议题共建者:在生态研讨会、青年对话中,分享智慧,为城市的可持续发展贡献全球思考。

一位友谊连接者:乘坐中老铁路友谊列车,成为文化交流的使者,让昆明的朋友圈不断扩大。

e5f8e5b3013d87e803553e0cf7b6f9a8

2026,春城已备好山海、花香、旋律与热茶,迎接您的到来,邀您共赏湖光山色、共品非遗匠心、共赴人间烟火。

此刻,这份邀约穿越山海,抵达您的面前。

2026,春城有请。

【参与方式】

我们诚邀全球友人以多元方式参与“A Letter from Kunming春城有请”系列共创活动!

在昆国际友人,可在微博、抖音带话题 #春城有请,向全球友人推介您认为最有趣的昆明、最值得打卡的昆明,发出春城邀约。

全球友人,可在Facebook、X、TikTok、YouTube 等海外社交平台,带话题#ALetterfromKunming 发布对昆明的期待、记录与昆明的美好相遇,以及报名参与“A Letter from Kunming春城有请”四季主题体验活动。

扫码关注活动专题查看活动详情与参与指南。同时,也可持续关注“昆明信息港”官方微博、抖音,以及Facebook、X、TikTok、YouTube 等海外社交平台,获取活动最新资讯,深度参与共创昆明故事。

春城有请邀请海报-带二维码

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: XuTing

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်