ယူနန်ပြည်နယ်ရှိ ယန့်စန်းခရိုင်တွင် ဘလူးဘယ်ရီသီးများဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် လျှို့ဝှက်ချက်များ

2026-02-10 09:49|ရောင်စုံတိမ်တံတား

1767519669999023802

(ရောင်စုံတိမ်တံတား မရီရီလက်ရှိတွင် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲရှိ ယန့်စန်းခရိုင် ဝေမိုမြို့နယ်၌ ဘလူးဘယ်ရီသီး တရုတ်မူပေါင်း  ၅၀၀၀ (ဟက်တာ ၃၃၃.၅ ခန့် ) ကျော်သည် ဆွတ်ခူးရန် ရေပန်းစားသောရာသီချိန်သို့ ရောက်ရှိပြီ ဖြစ်ကာ ပြည့်တင်းလုံးဝန်းသော ဘလူးဘယ်ရီသီးများသည် "နီလာ" ကဲ့သို့ အကိုင်းအခက်များပေါ်တွင် အပြည့်အဝ ချိတ်ဆွဲထားပြီး ၎င်းတို့၏ ရနံ့သည် စိတ်ကြည်နူးပြီး ပီတိစိမ့်စေသည်။ စိုက်ခင်းအတွင်းတွင် အလုပ်သမားများသည် သစ်ပင်များကြားတွင် သွားလာနေကြပြီး ဆွတ်ခူးခြင်း၊ သေချာစွာ ရွေးချယ်ခွဲခြားခြင်း၊ ထုပ်ပိုးခြင်းနှင့် ကားများပေါ်သို့ တင်ခြင်းတို့ကို ကိုင်းညွှတ်လုပ်ဆောင်နေကြပြီး တစ်ကြိမ်တည်းဖြင့် ပြီးမြောက်ချောမွေ့စွာ ဆောင်ရွက်နေကြသည်။ နေရာအနှံ့တွင် ထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်မျိုးလုံး ရေပန်းစားသော အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

1767519670416061731

ဈေးတွင် ကြိုတင်ရောင်းချသည့် ဤလူးဘယ်ရီသီးကလေးများသည် "အစိမ်းရောင်" စိုက်ပျိုးထုတ်လုပ်ရေး၊ "အပြာရောင်" သိပ္ပံနည်းပညာနှင့် "အနီရောင်" ဘဝ ဟူသော "မူလအရောင်သုံးမျိုး" လျှို့ဝှက်ချက်များဖြင့် ရွာသူရွာသားများကို အလုပ်အကိုင်အခွင့်အလမ်းသစ်များအား ဖန်တီးစေရန်နှင့် ဝင်ငွေတိုးပွားစေရန်၊ ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေရန် သက်ဝင်လှုပ်ရှားသော အခန်းကဏ္ဍသစ်ကို ရေးသားနေသည်။

1767519670835076925

ဝေမိုမြို့နယ်၏ ထူးခြားသော သဘာဝအားသာချက်များသည် ၎င်း၏ ထူးချွန်သော ဘလူးဘယ်ရီသီးများအတွက် အခြေခံအုတ်မြစ် ဖြစ်သည်။ မြင့်မားသော ပင်လယ်ရေမျက်နှာပြင်အထက်၊ ပြင်းထန်သော နေရောင်ထိုးခြင်းနှင့် နေ့နှင့်ည၏ ကြီးမားသော အပူချိန်ကွာခြားချက် ဟူသော သဘဝကျသော အားသာချက်များကို အခြေခံပြု၍ ဒေသခံသည် တိကျသော ရေစက်ချစနစ်၊ ရုပ်ပိုင်းဆိုင်ရာ ပိုးမွှားထိန်းချုပ်မှုနှင့် အော်ဂဲနစ်ဓာတ်မြေဩဇာ အသုံးပြုခြင်း စသည့် သိပ္ပံနည်းကျ စီမံခန့်ခွဲမှုနည်းလမ်းများကို အကောင်အထည်ဖော်ပြီး ဘလူးဘယ်ရီသီး ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် ညစ်ညမ်းမဲ့ အစိမ်းရောင်‌ စိုက်ပျိုးရန် ဖော်ဆောင်ခဲ့သည်။ ပရော်ဖက်ရှင်နယ် စမ်းသပ်မှုများအရ ဤနေရာတွင် ထုတ်လုပ်သော ဘလူးဘယ်ရီသီးများ၏ အန်သိုဆိုင်ယာနင်ပါဝင်မှုသည် ဈေးကွက်ပျမ်းမျှထက် များစွာကျော်လွန်နေကြောင်း ပြသနေသည်။ အသီးများသည် ပြည့်တင်းပြီး အသီးအခွံပေါ်မှ အမှုန့်များ ထူထပ်ညီညာပြီး ချိုချဉ်အရသာ ရှိသောကြောင့် ၎င်းတို့ကို ဈေးကွက်တွင် အလွန်ရေပန်းစားသော "အစိမ်းရောင် ပရီမီယံအသီး" ဖြစ်စေပြီး ထုတ်လုပ်မှုနှင့် ရောင်းချမှု နှစ်မျိုးလုံး ရေပန်းစားသည့်အတွက် ခိုင်မာသော အုတ်မြစ်ချပေးသည်။

1767519671290057275

သိပ္ပံနှင့်နည်းပညာသည် ဘလူးဘယ်ရီလုပ်ငန်းအတွက် တောင့်တင်းခိုင်မာသော တွန်းအားကို ထည့်သွင်းပေးခဲ့သည်။ လုပ်ငန်းကွင်းဆက်တစ်ခုလုံး ဒစ်ဂျစ်တယ်စီမံခန့်ခွဲမှုစနစ်၏ တည်ဆောက်ခြင်းသည် ဘလူးဘယ်ရီသီးများအား လယ်ကွင်းမှ စားသုံးသူ၏ ရှာထိပ်အထိ အစအဆုံးခြေရာခံနိုင်စေသည်။ နေ့စဉ်ဆွတ်ခူးသည့် လတ်ဆတ်သော အသီးများကို အချောကိုင်စက်ရုံသို့ ချက်ချင်းပို့ဆောင်ပြီး အမြန်ရွေးချယ်ခွဲခြားခြင်းနှင့် အအေးကွင်းဆက် ထိန်းသိမ်းခြင်း စသည့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များဖြင့် လတ်ဆတ်သော အရသာကို ထိန်းသိမ်းပေးရုံသာမက အရည်အသွေးကိုလည်း တသမတ်တည်း သေချာစေသည်။ စျေးတွင်ရောင်းချသည့် အထွတ်အထိပ်တွင် ရောင်းချခြင်းကို ရှောင်ကြဉ်သည့် အထူးအားသာချက်ဖြင့် ဘလူးဘယ်ရီသီး အမြောက်အမြားကို ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုး စသည့် ပထမတန်းစားမြို့များရှိ အဆင့်မြင့် စူပါမားကတ်များသို့ နေ့စဉ် အဆက်မပြတ် ပို့ဆောင်ပေးနေပြီး အရှေ့တောင်အာရှဒေသသို့ပင် တင်ပို့လျက်ရှိသည်၊ ဈေးကွက်တွင် ကြိုတင်ဝင်ရောက်သည့် အခွင့်အလမ်းကို ရယူသည့်အပြင် ဒေသခံ ပမာဏကြီးမားသော အလုပ်အကိုင်များအတွက် ခိုင်မာသော ပံ့ပိုးမှုကိုလည်း ပေးစွမ်းသည်။

1767519671900053283

သေးငယ်သော ဘလူးဘယ်ရီသီးကလေးသည် ကြီးမားသော စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ကောင်းမွန်သော နေထိုင်မှုဘဝသည် သစ်လွင်သော အသက်ဝင်အားကို ဖြစ်ပေါ်စေခဲ့သည်။ ဘလူးဘယ်ရီလုပ်ငန်း၏ မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်မှုသည် ဝေမိုမြို့နယ်ရှိ ပြည်သူများအား "၎င်းတို့၏ အိမ်တံခါးဝတွင် အလုပ်အကိုက်ရရှိခြင်း၊ လမ်းကြောင်းများစွာ မှတစ်ဆင့် ဝင်ငွေတိုးမြှင့်လို"သော ဆန္ဒကို အကောင်အထည်ဖော် စေခဲ့သည်။ လက်ရှိတွင် လယ်ယာအိမ်ထောင်စု ၅၀၀ ကျော်သည် စက်မှုလုပ်ငန်းကွင်းဆက်တွင် နက်ရှိုင်းစွာ ပါဝင်နေကြပြီး မြေယာငှားရမ်းခြင်းဖြင့် တည်ငြိမ်သော အငှားဝင်ငွေ ရရှိရုံသာမက အလုပ်သမား အယောက်ပေါင်း ၃၀၀၀ ကျော်သည် စိုက်ပျိုးခြင်း၊ ဆွတ်ခူးခြင်း၊ ရွေးချယ်ခွဲခြားခြင်းနှင့် ထုပ်ပိုးခြင်း စသည့် လုပ်ငန်းစဉ်များတွင် အလုပ်အကိုင်များ ရရှိခဲ့ကြပြီး ၄င်းတို့သည် ရိုးရာသော "လယ်သမား" များမှ လစဉ်လစာရရှိသော "စက်မှုလုပ်သားများ" အဖြစ်သို့ ပြောင်းလဲလာခဲ့ကြ၍ အဓိကဒေသရှိ လယ်သမားများ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေသည် ယွမ် ၂ သောင်း ကျော်ထက် တိုးတက်လာခဲ့သည် ဖြစ်သည်။

1767519672458074460

1767519669999023802

眼下,文山壮族苗族自治州砚山县维摩乡5000余亩蓝莓迎来采摘热潮,一颗颗饱满圆润的蓝莓如“蓝宝石”般缀满枝头,果香沁人心脾。种植园区内,工人们穿梭林间,俯身采摘、精细分拣、装箱装车,流水线作业一气呵成。处处洋溢着产销两旺的红火气息。

1767519670416061731

这颗抢“鲜”上市的小蓝莓,正以产业“绿”、科技“蓝”、日子“红”的“三原色”密码,书写着带动群众就业增收、助推乡村振兴的鲜活篇章。

1767519670835076925

得天独厚的自然禀赋,是维摩乡蓝莓脱颖而出的底气。依托高海拔、强日照、昼夜温差大的天然优势,当地推行精准滴灌、物理防虫、有机肥施用等科学管理模式,实现蓝莓全流程=绿色生态种植。经专业检测,这里产出的蓝莓花青素含量远超市场平均水平。果实饱满紧实、果粉浓厚均匀、口感酸甜适口,成为备受市场青睐的“绿色精品果”,为产销两旺筑牢坚实根基。 

1767519671290057275

科技赋能,则为蓝莓产业注入强劲动能。全产业链数字化管理体系的构建,让蓝莓从田间到舌尖全程可溯源。当天采摘的鲜果即刻送往加工车间,经过快速分拣、冷链保鲜等标准化处理,既牢牢锁住新鲜口感,更保障了品质稳定统一。凭借错峰上市的独特优势,每天都有大量蓝莓源源不断发往北京、上海、广州等国内一线城市高端商超,甚至远销东南亚地区,在抢占市场“鲜”机的同时,也为当地规模化就业提供了有力支撑。

1767519671900053283

小蓝莓撬动大产业,好日子催生新活力。蓝莓产业的蓬勃发展,让维摩乡群众实现了“家门口就业、多渠道增收”的心愿。如今,500余户农户深度嵌入产业链条,不仅通过土地流转获得稳定租金收入,更有3000余名劳动力在种植、采摘、分拣、包装等环节实现就业,从传统“农民”变身专业“产业工人”,按月领取薪,核心区农户年均增收达2万元以上。(云南日报 全媒体记者李彤 通讯员吴继香 武思辰)

1767519672458074460

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်