CCTV မှ သုံးမိနစ်ကြာ အပြင်းအထန် အကြံပြုချက်၊ "As The Water Flows" ရုပ်ရှင်နှင့်အတူ ကူမင်းကို လှည့်လည်ခြင်း

2026-02-06 09:46|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ရုပ်ရှင်တစ်ကား၏ အလှတရားသည် အမျိုးသားအဆင့် မီဒီယာမှ အသိအမှတ်ပြုခံရသည့်အခါ၊ ၎င်း၏ ကင်မရာဖမ်းစားထားသော ရှုခင်းများသည် "တရားဝင်လမ်းညွှန်" ၏ အကျိုးသက်ရောက်မှုကို ရှိသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CCTV-6 ၏ အဓိကသတင်းအစီအစဉ် "China Film Report" သည် "ရုပ်ရှင် 'As The Water Flows' နှင့်အတူ ကူမင်းကို လှည့်လည်ခြင်းကို ထုတ်လွှင့်ကာ ပရိသတ်များအား ထိုရုပ်ရှင်၏ သရုပ်မှန်ဖော်သော ရိုက်ကူးမှုများနှင့်အတူ ကူမင်းရှိ ဆွေ့ဟူရေကန်ဥယျာဉ်ကို နှစ်မြှုပ်စွာ လေ့လာရန် ဖိတ်ခေါ်ခဲ့သည်။

图片 1

"As The Water Flows" ရုပ်ရှင်သည် "စကားလုံးများ ကုန်ဆုံးနိုင်သော်လည်း အဓိပ္ပာယ်သည် ထာဝရတည်ရှိနေ"သော အရှေ့တိုင်း အလှတရား လက္ခဏာဖြင့် မြင့်မားသော အသိအမှတ်ပြုမှု ရရှိခဲ့သည်။ Douban အဆင့်သတ်မှတ်ချက် ၇.၇ အထိ ရရှိပြီး ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ဆွေ့ဟူရေကန်ဥယျာဉ်သို့ "လည်ပတ်ခြင်းဆိုင်ရာ ရေပန်းစားမှု"ကို  ဖြစ်ပေါ်စေခဲ့သည်။ ရုပ်ရှင်နှင့်အတူ ကွမ်းယူအဆောက်အအုံ၊ ဟိုင်ရှင်းတန်ဆောင်းနှင့် ဝေ့တုံးတံတား အစရှိသည့် ဆွေ့ဟူရေကန်ဥယျာဉ်ကို နှစ်မြှုပ်စွာ ခံစားနိုင်ပါသည်။

图片 2

ဆွေ့ဟူရေကန်ဥယျာဉ်

ဆွေ့ဟူရေကန်ဥယျာဉ် ကိုယ်တိုင်မှာ ရုပ်ရှင်၏ "ဇာတ်လိုက်" ဖြစ်ပါသည်။ ရုပ်ရှင်ထဲမှ ဇာတ်ကောင်များကဲ့သို့ တာရိုးတစ်လျှောက် လမ်းလျှောက်ပြီး နေ့စဉ်ဘဝ၏ အငွေ့အသက်များကို ခံစားနိုင်ပါသည်။

图片 3

ဥယျာဉ်ထဲမှ အဓိကရှုခင်းသာနေရာများတွင် ဟိုင်ရှင်းတန်ဆောင်း၊ ကျူလုံရေကန်နှင့် ကွမ်းယူအဆောက်အအုံ စသည်တို့ကို ပါဝင်ထားပါသည်။ ဟိုင်ရှင်းတန်ဆောင်းသည် မဖြစ်မနေ သွားရောက်လည်ပတ်သင့်သော အထင်ကရနေရာတစ်ခု ဖြစ်ပါသည်။

图片 4

ဆွေ့ဟူရေကန်ဥယျာဉ် ဘေးနားမှ "နှေးကွေးသောဘဝ"ကို ခံစားချင်လျှင် ရေကန်ဘေးမှ ခုံတန်းရှည်ပေါ်တွင် ဆိတ်ငြိမ်စွာ ထိုင်နိုင်သည် သို့မဟုတ် ခြေနင်းလှေတစ်စင်း ငှားပြီး ရေကန်ပေါ်တွင် လှော်ခတ်ပြီး လေပြည်လေညင်းနှင့်အတူ နှစ်ဖက်ကမ်းရှိ ရှုခင်းများကို ခံစားနိုင်သည်။ နှစ်စဉ် နိုဝင်ဘာလမှ နောက်တစ်နှစ် မတ်လအထိ ဆွေ့ဟူရေကန်ဥယျာဉ်၌ စင်ရော်ခေါင်းမဲများကိုလည်း ကြည့်ရှုနိုင်ပါသည်။

图片 23

မကြာသေးမီ သွားရောက်ပါက ဝေဝေဆာဆာ ပွင့်ဖူးနေကြသော သောင်းနှင့်ချီ ကျူးလစ်ပန်းများကိုလည်း ရှုစားနိုင်ပါသည်။ လက်ရှိတွင် ဆွေ့ဟူရေကန်ဥယျာဉ်၌ ကျူးလစ်ပန်း မျိုးကွဲ ၂၀ ခန့်၊ စုစုပေါင်း ဥပေါင်း ၂၀.၀၄ သောင်းခန့် စိုက်ပျိုးထားပါသည်။

图片 5

ဆွေ့ဟူရေကန်ဘေးမှ "လမ်းကိုးလမ်းနှင့် ကုန်းစောင်း ဆယ့်သုံးခု"

ဆွေ့ဟူရေကန်ဘေးမှ "လမ်းကိုးလမ်းနှင့် ကုန်းစောင်း ဆယ့်သုံးခု"သည် ကူမင်းမြို့၏ သမိုင်းကြောင်း၏ "သက်ရှိရုပ်ကြွင်း"များ ဖြစ်ကာ ရှေးဟောင်းကူမင်းမြို့၏ နေထိုင်မှုဘဝ အကြောင်းစုံများနှင့် ဓာတ်ပုံရိုက်ရန် အလှဆုံးသော အနုပညာမြင်ကွင်းများကို ပုန်းအောင်းထားပါသည်။

ဝမ်လင်လမ်းသည် ချန်ဂျူလမ်း၊ ဝမ်ဟွာလမ်း၊ ထျန်းဂျွန်းတိန်လမ်း၊ ရှောင်ဂျီကုန်းစောင်းနှင့် တင်းဇီကုန်းစောင်း စသည့် လမ်းငယ်များကို ချိတ်ဆက်ထားပါသည်။ သမိုင်းဝင်အကြောင်းစုံများကို ထိန်းသိမ်းနေစဉ်တွင် ဤနေရာသည် ကော်ဖီဆိုင်များဖြင့် ကိုယ်စားပြုသည့် ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုဆိုင်ရာ ရပ်ကွက်တစ်ခုလည်း ဖြစ်လာသည်။ ဈေးဝယ်ထွက်ပြီး မောပန်းလာသည့်အခါ ဤနေရာသို့ ကော်ဖီသောက်ပြီး အနားယူနိုင်ပါသည်။

图片 6

ဟုံကုန်းတုံးလမ်းကို "ကူမင်းရှိ အလှဆုံးသော အဝါရောင်နံရံ" အဖြစ် လူသိများသည်။ လမ်းတစ်လျှောက်ရှိ Platanus orientalis သစ်ပင်များသည် နွေရာသီတွင် စိမ်းလန်းစိုပြေပြီး ဆောင်းဦးရာသီတွင် အရွက်များ တဖျပ်ဖျပ် ကြွေကျလျက်ရှိသည်။ နှစ်ဖက်ရှိ အဆောက်အအုံများသည် အများစုမှာ တရုတ်သမ္မတနိုင်ငံခေတ် (မင်ကော်ခေတ်) မှ အဆောက်အအုံများ ဖြစ်ကာ ရှေးရိုးဆန်သော အနုပညာ၏ ခံစားချက်ကို ဖန်တီးပေးပြီး ပုံတူရိုက်ကူးရန် သင့်တော်လှပါသည်။

图片 7

ယဉ်ကျေးမှုလမ်း၌ နိုင်ငံအသီးသီးမှ အစားအစာများနှင့် ယဉ်ကျေးမှု အခြေအနေများကို စုစည်းထားကာ ထျန်းဂျွန်းတိန်လမ်းသည် ကူမင်း၏ နှေးကွေးသော လူနေမှုဘဝနှင့် အနုပညာအငွေ့အသက်များကို ခံစားရန် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်ပါသည်။

图片 8

ဆွေ့ဟူရေကန်ဘေးမှ ပြတိုက်အုပ်စု

"ဆွေ့ဟူရေကန်၏ ရေတစ်ကန်၊ ကူမင်း၏ သမိုင်းကြောင်း တစ်ဝက်။" ဆွေ့ဟူရေကန်ပတ်လည်နားတွင် သမိုင်းဝင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာ များစွာစုစည်းထား၍ ယခုအခါ ဆွေ့ဟူရေကန်ဘေးမှ ပြတိုက်အုပ်စုအဖြစ် ပေါင်းစည်းဖြစ်လာပြီ ဖြစ်သည်။

图片 9

ယူနန်စစ်တက္ကသိုလ်ပြတိုက် (Yunnan Military Academy Museum) သည် တရုတ်နိုင်ငံ ခေတ်သစ်သမိုင်းတွင် နာမည်ကျော်သော စစ်တက္ကသိုလ်တစ်ခု ဖြစ်ကာ ၎င်း၏ ပြခန်းများတွင် အကြောင်းအရာ များစွာရှိပြီး ခေတ်သစ်သမိုင်းများကို နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်စေ၍ ဗိသုကာလက်ရာလည်း ထူးခြားသည်။ သမိုင်းဝင် အငွေ့အသက်များကို များစွာရှိသော ဓာတ်ပုံများကို ရိုက်ကူးရနိုင်ပါသည်။

图片 10

ယူနန်ပုန်ကန်တော်လန်ရေး အထိမ်းအမှတ်ပြတိုက်သည် တရုတ်နှင့် အနောက်တိုင်းစတိုင်များ ပေါင်းစပ်ထားသော အလှတရားများနှင့် ပြည့်နှက်ပြီး ထွင်းထုထားသော သစ်သားလှေကားများနှင့် ရောင်စုံသော မှန်ပြတင်းပေါက်များ ပါရှိပြီး အသေးစိတ်အချက်အလက်တိုင်းသည် အလွန်ကောင်းမွန်လှပပါသည်။

ဆွေ့ဟူရေကန်ဘေးမှ ပြတိုက်အုပ်စုတွင် သမိုင်းဝင်ပုဂ္ဂိုလ်များ၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ရိုးရာကုန်သွယ်ရေးစသည့် အကြောင်းအရာများကို လွှမ်းခြုံထားသော ပြတိုက် ၂၁ ခုကို တည်ဆောက်ပြီးသားပြီး ပွင့်လှစ်ပြီ ဖြစ်ကာ ကူမင်းမြို့ကို နားလည်ရန်အတွက် "သမိုင်းစာသင်ခန်း" ဖြစ်ပါသည်။ ကူမင်း၏ သမိုင်းကို စိတ်ဝင်စားပါက ဤနေရာသည် သွားရောက်သင့်သော နေရာဖြစ်သည်။

图片 14

ဆွေ့ဟူရေကန်ဘေးမှ ကော်ဖီဆိုင်များ

ဆွေ့ဟူရေကန်ဘေးမှ ကော်ဖီဆိုင်များသည် မြို့၏ ဆူညံမှုများထဲတွင် ပုန်းအောင်းထားသော အနုပညာဆိုင်ရာ လျှို့ဝှက်နေရာများ ဖြစ်၍ အံ့အားသင့်ဖွယ်များနှင့် တွေ့ကြုံရန် အလွန်ကောင်းမွန်သော နေရာတစ်ခုလည်း ဖြစ်ပါသည်။

图片 15

ဤကော်ဖီဆိုင်အများစုသည် ဝမ်လင်လမ်း၊ ဝမ်ဟွာလမ်းနှင့် ရှန်းစိမ်းကုန်းစောင်း စသည့် ထူးခြားသော လမ်းကြီးလမ်းငယ်များတွင် ရေကန်ဘေးတွင် ဖြစ်စေ၊ ရှေးဟောင်းအဆောက်အအုံများထဲတွင် ဖြစ်စေ ဝှက်ထားပြီး တစ်ခုချင်းစီတွင် ၎င်း၏ ထူးခြားသော စတိုင် ရှိပါသည်။

图片 17

ဤနေရာတွင် ကော်ဖီသောက်သုံးသည့်အခါ အပျော်ရွှင်ဖွယ်ရာ အံ့ဩစရာအကောင်းဆုံးသည်မှာ အစာတောင်းတတ်သော ရှဉ့်ကလေးများနှင့် ကြုံတွေ့သည် ဖြစ်ပါသည်။ ၄င်းတို့သည် ကော်ဖီဆိုင်၏ ခြံဝင်းအတွင်း၊ ပြတင်းပေါက်ဘေးနှင့် လသာဆောင်ပေါ်တွင် ပြေးလွှားသွားလာ လျက်ရှိကြပါသည်။

图片 16

ဤကော်ဖီဆိုင်များတွင် ရောင်းချသည့် အဖျော်များလည်း တမူထူးခြားချက်များ ရှိကာ ဂန္ထဝင်ကော်ဖီများအပြင်၊ ကော်ဖီဆိုင်များစွာသည် နှင်းဆီပန်း၊ ပင်လုံးကြိုင်ပန်းနှင့် မန်ကျည်းသီး စသည့် ပါဝင်ပစ္စည်းများကို ထည့်သွင်းခြင်းအားဖြင့် ယူနန်ဒေသခံအရသာများကို ပေါင်းစပ်ထားသော ဆန်းသစ်တီထွင်သော ကော်ဖီများကိုလည်း ဖန်တီးရောင်းချပါသည်။

图片 18

ဆွေ့ဟူရေကန်ဘေးမှ ညဘက်ခရီးစဉ်

ဆွေ့ဟူရေကန်ဘေးမှ မြို့ပြရိပ်သာလမ်းများ မှတစ်ဆင့် ကူမင်းလမ်းဟောင်းဧရိယာသို့ လွယ်ကူစွာ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားနိုင်ပါသည်။ "ကူမင်းလမ်းဟောင်း- နန်ချမ်လမ်း" ဟူသော အမျိုးသားအဆင့် ညဘက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စားသုံးမှု စုဝေးရာနေရာတွင် ရာနှင့်ချီသော သမိုင်းရှိသည့် ကူမင်းလမ်းဟောင်း၏ အကြောင်းစုံများကို ခံစားနိုင်ရုံသာမက ညဈေးများ၏ စည်ကားမှုနှင့် အသက်ရှိမှုကိုလည်း ခံစားနိုင်ပါသည်။

图片 19

ကူမင်းလမ်းဟောင်းဧရိယာတွင် ချမ်ဝမ်လမ်း၊ ဝမ်မင်းလမ်း၊ ကွန်းဟွာလမ်း၊ ကျင်ရှင်းလမ်း၊ ယုံတောင့်လမ်း စသည်တို့ကို ပါဝင်ထားပါသည်။ လက်ရှိတွင် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ထိန်းသိမ်းသည့်နေရာ ၁၂ ခု နှင့် သမိုင်းဝင်အဆောက်အအုံ ၄၂ ခု ရှိပါသည်။ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း အထိမ်းအမှတ်ခန်းမ၊ ဖူလင်ခန်းမ၊ နှဲ့အယ် (Nie Er) ၏ ယခင်နေအိမ်နှင့် မာမိသားစုအိမ်ဝင်း စသည်တို့သည် သွားရောက်လည်ပတ်သင့်သော နေရာများ ဖြစ်ပါသည်။

图片 20

နန်ချမ်လမ်းသည် ကူမင်းမြို့ရှိ တမူထူးခြားသော သမိုင်းဝင်ယဉ်ကျေးမှုလမ်းနှင့် စီးပွားရေးလမ်းဧရိယာတစ်ခု ဖြစ်ပြီး ဤလမ်းရှိ အဆောက်အအုံများတွင် ချင်းမင်းဆက်နှောင်းပိုင်းနှင့် တရုတ်သမ္မတနိုင်ငံခေတ် အစောပိုင်းမှ အိမ်ဟောင်းများကို အဓိကပါဝင်ထားပါသည်။ ဤနေရာ၌ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် ယူနန်ပြည်နယ်ရှိ နေရာအသီးသီးမှ ထူးခြားသော အစားအစာများကို စုစည်းရောင်းချပါသည်။

图片 21

ဆွေ့ဟူရေကန်ဥယျာဉ်သည် ဥယျာဉ်တစ်ခုထက် ဖြစ်ပိုပြီး ကူမင်းရှိ နေ့စဉ်ဘဝ၏ တစ်စိတ်တစ်ပိုင်းနှင့် ပိုတူကာ လူများစွာ၏ အမှတ်တရများကို သယ်ဆောင်ထားပြီး ဤမြို့၏ နေထိုင်မှုအငွေ့အသက်များကို ပြသထားပါသည်။ စိတ်လှုပ်ရှားလော၊ ကူမင်းမြို့သည် သင့်အား လည်ပတ်ကြည့်ရှုရန် စောင့်စိုင်းနေပါသည်။

图片 22

当一部电影的美学获得国家级媒体认证,其镜头下的风景便拥有了“官方指南”的意义。2月4日,CCTV-6电影频道旗舰新闻栏目《中国电影报道》 推出《跟着电影<翠湖>游昆明》,邀观众跟随电影《翠湖》的写意镜头,沉浸式探访昆明翠湖公园。

图片 1

电影《翠湖》凭借“言有尽而意无穷”的东方美学特质,收获了不俗口碑。其豆瓣评分高达7.7分,同时它也在云南昆明翠湖公园掀起了一股“打卡热”。观鱼楼、海心亭、卫东桥......跟着电影沉浸式体验“镜头里的翠湖”。

图片 2

翠湖公园

翠湖公园本身就是电影的“主角”。你可以像电影里的人物一样,在阮堤、唐堤上散步,感受那份日常生活气息。

图片 3

园内主要景点包括海心亭、九龙池、观鱼楼等,海心亭是必打卡的地标。

图片 4

若想感受翠湖的“慢生活”,可在湖边的长椅上静坐,或租一艘脚踏船,泛舟湖上,吹着微风,欣赏两岸景色。每年11月至次年3月,还可在翠湖观鸥。

图片 23

近期前往,还可欣赏数万株竞相绽放的郁金香。目前,翠湖公园栽植郁金香约20个品种、共计20.04万球。

图片 5

翠湖周边的“九巷十三坡”

翠湖周边的“九巷十三坡”是昆明历史的“活化石”,藏着老昆明的生活底色,也藏着最出片的文艺场景。

文林街串起钱局街、文化巷、天君殿巷、小吉坡、丁字坡等小巷。这一区域在保留历史底蕴的同时,也成为以咖啡馆为代表的文创街区。逛累了就来这里喝喝咖啡,chill一下。

图片 6

黄公东街有“昆明最美黄墙”之称。街上的法国梧桐夏季绿荫如盖,秋季落叶纷飞。两侧多为民国时期的建筑,文艺复古感十足,非常适合拍人像。

图片 7

文化巷则汇聚了不同国度美食和文化元素,天君殿巷是体验昆明慢生活和文艺气息的好去处。

图片 8

翠湖博物馆群

“一池翠湖水,半部昆明史。”翠湖周边聚集了众多历史文化地标,如今整合成为翠湖博物馆群。

图片 9

云南陆军讲武堂是中国近代史上著名的军事院校,展厅内容丰富,能深入了解近代风云历史,建筑本身也很有看头,能拍出极具历史感的照片。

图片 10

云南起义纪念馆则充满中西合璧的美感,雕花的木质楼梯、彩色的玻璃窗户,每一处细节都透着精致。

翠湖博物馆群建成开放博物馆数量达21个,涵盖历史名人、城市变迁、传统商贸等主题,是了解昆明的“历史课堂”。如果对昆明历史感兴趣,来这准没错。

图片 14

翠湖咖啡馆

翠湖周边的咖啡馆是藏在城市喧嚣中的文艺秘境,更是邂逅惊喜的绝佳之地。

图片 15

这些咖啡馆大多隐匿在文林街、文化巷、先生坡等特色街巷中,或依湖而设,或藏于老建筑内,每一家都有着独特的格调。

图片 17

在这里喝咖啡,最令人惊喜的莫过于邂逅会讨食的小松鼠。它们常常穿梭在咖啡馆的庭院、窗边甚至露台。

图片 16

这些咖啡馆的饮品也极具特色,除了经典的咖啡品类,不少店家还推出了融合云南本土风味的特调,比如加入玫瑰、桂花、酸角等食材的创意咖啡,口感独特,充满地域风情。

图片 18

夜游翠湖周边

通过翠湖城市绿道,可以很轻松就漫步到昆明老街片区。在“昆明老街—南强街巷”这一国家级夜间文旅消费集聚区,既能感受百年老街的历史厚重,也能体验夜市的热闹鲜活。

图片 19

昆明老街由钱王街、文明街、光华街、景星街、甬道街等组成。现有文物保护单位12处、历史建筑42处。抗战胜利纪念堂、福林堂、聂耳故居、马家大院等都值得一游。

图片 20

南强街巷是昆明极具特色的历史文化街区和商业街区,街区建筑以清末民初老宅院落为主。这里汇聚了南亚东南亚和云南各地特色美食。

图片 21

翠湖不止是一个公园,它更像是昆明日常生活的一部分,承载着很多人的记忆,展现了这座城市的生活气息。你心动了吗?昆明等你来打卡。

图片 22

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်