ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
2026-01-31 11:16|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက သတင်းထောက်သည် ကူမင်းမြို့ရှိ ပန်းစျေးများသို့ သွားရောက်လည်ပတ်ခဲ့ပြီး တရုတ်နွေဦးပွဲတော် နီးကပ်လာသည် နှင့်အမျှ Cymbidium faberi နှင့် Phalaenopsis စသည့် နှစ်သစ်ကူးအကြိုပန်းများ ရောင်းကောင်းနေကြောင်း သိရှိခဲ့ရသည်။
ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီတွင် ကူမင်းမြို့ရှိ ချကျဲလမ်း အမှတ် ၁ ပန်းဈေးသည် စတင် စည်ကားလာခဲ့သည်။ ကူမင်းမြို့လယ်ရှိ အရေးကြီးသော ပန်းမန်ဖြန့်ဖြူးရေးစင်တာများထဲမှ တစ်ခုအနေဖြင့် ဤဈေးသည် ပေါများကြွယ်ဝသော ပန်းမျိုးဖြင့် မြို့သူမြို့သားများနှင့် ခရီးသည်များစွာကို လာရောက်ရွေးချယ်ဝယ်ယူရန် ဆွဲဆောင်နေကာ ၄င်းသည် လာတော့မည့် တရုတ်နွေဦးပွဲတော်အတွက် ထက်သန်ပြင်းပြသော ပွဲတော်အငွေ့အသက်များကို ပေါင်းထည့်ပေးသည်။
ဤစျေးထဲတွင် မျိုးစုံသော နှစ်သစ်ကူးအကြိုပန်းများကို ထင်ရှားပေါ်လွင်သော နေရာများတွင် ခင်းကျင်းပြသထားသည်။ Cymbidium faberi၊ Phalaenopsis၊ ဇလပ်နီပန်းနှင့် လတ်ဆတ်သော Salix argyracea အကိုင်းအခက်များ စသည်တို့ အစုံအလင်ရှိ၍ ပြောက်ကျီးပြောက်ကျား ရောင်စုံထသည်။ ဤပန်းများ၏ စျေးနှုန်းသည် အမျိုးအစား၊ အရည်အသွေးနှင့် အရောင်ပေါ် မူတည်၍ ကွဲပြားသည်။ ၄င်းတို့အနက် Cymbidium faberi များသည် တစ်အိုးလျှင် ယွမ် ၈၀ မှ ၄၀၀ အထိ Phalaenopsis များသည် တစ်အိုးလျှင် ယွမ် ၄၀ မှ ၃၀၀ အထိ ဇလပ်နီပန်းများသည် တစ်အိုးလျှင် ယွမ် ၃၀ မှ ၁၀၀ အထိနှင့် လတ်ဆတ်သော Salix argyracea အကိုင်းအခက်များသည် တစ်စည်းလျှင် ယွမ် ၂၀ မှ ၃၀ အထိ (အကိုင်း ၁၀ ခု) အထိ ဖြစ်သည်။
တရုတ်နွေဦးပွဲတော် နီးကပ်လာသည် နှင့်အမျှ ပိုများလာသော မြို့သူမြို့သားများသည် ၎င်းတို့၏ အိမ်များကို အလှဆင်ရန် သို့မဟုတ် ဆွေမျိုးများနှင့် သူငယ်ချင်းများထံ လက်ဆောင်အဖြစ် ပေးခြင်းဖြင့် ကောင်းမွန်လှပသော ဆုမွန်ကောင်းတောင်းမှုများ ပေးပို့ရန် နှစ်သစ်ကူးအကြိုပန်းများကို ရွေးချယ်ဝယ်ယူနေကြသည်။ အဓိကပန်းဈေးများတွင် နှစ်သစ်ကူးအကြိုပန်းများ ရောင်းချမှု အထွတ်အထိပ်ကာလသို့ ရောက်ရှိလာခဲ့၍ ကုန်သည်များသည် ကုန်ပစ္စည်းများကို ကြိုတင်ပြင်ဆင်နေကြပြီး မြို့သူမြို့သားများနှင့် ခရီးသည်များသည် ဝင်လာမဆဲ တသဲသဲဖြစ်သည်။ တုပ်နန်ပန်းစျေးတွင် နှစ်သစ်ကူးအကြိုပန်းများ၏ စျေးနှုန်းသည် အခြားဈေးများနှင့် နှိုင်းယှဉ်ပါက ပိုမိုသက်သာသည်၊ ပန်းပွင့်ချိန် ကြာရှည်သော Cymbidium faberi များနှင့် Phalaenopsis များကို စားသုံးသူများသည် ကြိုက်များသောကြောင့် အချို့ဆိုင်များတွင် တစ်နေ့လျှင် ပန်းအိုးရာပေါင်းများစွာ ရောင်းချနိုင်ကြသည်။
近日,记者走访昆明花卉市场了解到,随着春节临近,大花蕙兰、蝴蝶兰等年宵花热销。
1月19日10:00,昆明市岔街1号花卉市场开始热闹起来。作为昆明市中心重要的花卉集散地之一,该市场以丰富的花卉品种吸引众多市民和游客前来选购,为即将到来的春节增添浓厚的节日氛围。
在该市场,各种年宵花琳琅满目,摆放在显眼位置。大花蕙兰、蝴蝶兰、杜鹃花、银柳新鲜枝等应有尽有、色彩斑斓。这些花卉根据品种、品质和颜色的差异,价格也有所不同。其中,大花蕙兰价格为80元/盆至400元/盆,蝴蝶兰为40元/盆至300元/盆,杜鹃花为30元/盆至100元/盆,银柳新鲜枝为20元/把至30元/把(10枝)。
随着春节临近,越来越多的市民选择购买年宵花装点家居,或作为礼物赠予亲朋好友,传递美好祝福。各大花卉市场迎来年宵花销售高峰,商户提前备货,市场内市民和游客络绎不绝。在斗南花卉市场,年宵花价格相较其他市场更为实惠,其中花期持久的大花蕙兰和蝴蝶兰受消费者青睐,部分店铺单日销量高达上百盆。
အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်

