၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်သည် "စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" စီမံကိန်း ၄၅ ခုကို အကောင်အထည်ဖော်ခဲ့

2026-01-30 16:00|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၅ ခုနှစ်တွင် ယူနန်ပြည်နယ်သည် နိုင်ငံပေါင်း ၁၇ နိုင်ငံ၌ "စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ် (Yunnan Hand in Hand Program )" ကုသိုလ်ဖြစ်ပရဟိတ စီမံကိန်း ၄၅ ခုကို အကောင်အထည်ဖော်ခဲ့ကာ တရုတ်နိုင်ငံတော်၏ အလုံးစုံသံတမန်ရေးကို ဝန်ဆောင်ပေးရန်အတွက်၊ တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူသည့် ဖြာထွက်ခြင်းစင်တာ တည်ဆောက်ရန်အတွက် အကျိုးဆောင်ပေးခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းမှ သတင်းရရှိခဲ့သည်။

တစ်နှစ်ပတ်လုံး အကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းများသည် အခြေခံအဆောက်အအုံ၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စွမ်းရည်များ လေ့ကျင့်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး သရုပ်ပြမှုနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အပါအဝင် အခြေခံပြည်သူလုထုနှင့် အနီးကပ်ဆက်စပ်နေသော နယ်ပယ်များကို လွှမ်းခြုံထားကာ ပြည်ပရှိ လူနေရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၇ ခုနှင့် မူလတန်း၊ အလယ်တန်းနှင့် အဆင့်မြင့်တန်းကျောင်းပေါင်း ၃၃ ခုကို အကျိုးပြုခဲ့ပြီး လူအယောက်ပေါင်း ၆ သိန်းခန့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အကျိုးပြုခဲ့သည်။ အထူးသဖြင့် "ယူနန်ကြည့်ရှုခြင်း"၊ "အလင်းရောင်ခရီး"နှင့် "အချစ်ခရီး" စသည့် အမှတ်တံဆိပ်များကို တည်ဆောက်ရန် ဆက်လက်တွန်းအားပေးခဲ့ပြီး "ချစ်ကြည်ရေးမြို့ရှိ စာသင်ခန်းများ"၊ "ရွာတိုင်းလမ်းပေါက်ခြင်း"၊ "ပြုံးစေခရီး"နှင့် "ကျိန့်ဟော်ယဉ်ကျေးမှုခရီး" စသည့် ထူးခြားသော လှုပ်ရှားမှုများကို ဆန်းသစ်တီထွင်မှုဖြင့် ဖန်တီးခဲ့ကာ ဘီနင်၊ အီသီယိုးပီးယားနှင့် နီကာရာဂွာ စသည့် နိုင်ငံအသစ် ၆ နိုင်ငံတွင်လည်း စီမံကိန်းများကို ဆောင်ရွက်ခဲ့သည်။

ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းသည် "စိတ်ချင်းယှက်နွယ် ယူနန်အစီအစဉ်" စီမံကိန်း၏ စီမံခန့်ခွဲမှုနှင့် အကဲဖြတ်စနစ်ကို တစ်ဆင့်တိုး၍ ပြီးပြည့်စုံကောင်းမွန်အောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး ပြည်သူများအား အကျိုးပြုသော၊ ညစ်ညမ်းမဲ့အစိမ်းရောင်ဖြစ်သော၊ ရေရှည်တည်တံ့သော "သေးငယ်သော်လည်း ကောင်းမွန်လှပမှု" ရှိသည့် ကုသိုလ်ဖြစ်ပရဟိတ စီမံကိန်းများကို ပိုမိုဖန်တီးသွားမည် ဖြစ်ပြီး စီမံကိန်း၏ နိုင်ငံတကာသြဇာလွှမ်းမိုးမှုနှင့် ယူနန်ပြည်နယ်၏ အသိအမှတ်ပြုမှုကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည် ဖြစ်သည်။

记者从云南省人民对外友好协会获悉,2025年,云南省在17个国家实施45个“心联通 云南行”民生公益项目,为服务国家总体外交、面向南亚东南亚辐射中心建设作出贡献。

全年实施的项目涵盖基础设施、生态环保、医疗卫生、技能培训、减贫示范、人道主义援助等与基层民众息息相关的领域,惠及境外37个社区、村寨以及33所大中小学,直接或间接受益人群约60万人。特别是持续推进“看云南”“光明行”“爱心行”等品牌建设,创新打造“友城课堂”“村村通”“微笑行”“郑和文化角”等亮点,还在贝宁、埃塞俄比亚、尼加拉瓜等6个新增国别开展项目。

云南省人民对外友好协会将进一步健全“心联通 云南行”项目管理和评价体系,打造更多惠民、绿色、可持续的“小而美”民生公益项目,持续提升项目的国际影响力和云南辨识度。(记者朱海)

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်