လောင်းယွီမြစ် စိုစွတ်မြေဥယျာဉ်မှာ စင်ရော်ခေါင်းမဲတွေ အစာကျွေးဖို့ လမ်းညွှန်ပေးပါ
2026-01-20 15:23|
User အေးအေး၏ မေးခွန်း။ ။ မင်္ဂလာပါ။ ကျွန်တော်နဲ့ သူငယ်ချင်းတို့က လောင်းယွီမြစ် စိုစွတ်မြေဥယျာဉ်ကို စင်ရော်ခေါင်းမဲတွေ အစာကျွေးဖို့ သွားချင်မယ်၊ လမ်းညွှန်ပေးလို့ ရပါသလား။
အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ။ ရပါတယ်။ စည်ကားတဲ့ ဟိုင်ကေရေကာတာနဲ့ မတူဘဲ၊ လောင်းယွီမြစ် စိုစွတ်မြေဥယျာဉ်မှာ စင်ရော်ခေါင်းမဲ ကြည့်ရှုခြင်းအတွေ့အကြုံက ပိုပြီး ငြိမ်းချမ်းရင်းနှီးပါတယ်။ ရေကန်ဘေး သဲသောင်ပြင်တစ်လျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ရင်း အုပ်စုလိုက် စင်ရော်ခေါင်းမဲတွေက ပျံဝဲကြတယ်၊ တစ်ခါတလေ ရေမျက်နှာပြင်ကို ဖြည်းဖြည်းညှင်းညှင်း သုတ်ဖြူးဆော်သွေးကြပြီး တစ်ခါတလေ လက်ဖဝါးပေါ်မှာ ကျရောက်ကြပါတယ်၊ ပေါ့ပါးဖျတ်လတ်ပြီး ချစ်ခင်ရင်းနှီးပါတယ်။ စင်ရော်ခေါင်းမဲ ကြည့်ရှုခြင်းအပြင် ဆောင်းရာသီမှာ လောင်းယွီမြစ် စိုစွတ်မြေဥယျာဉ်ရဲ့ အလှပဆုံးရှုခင်းက နီရဲရဲဖြစ်တဲ့ မက်တာစီကွိင်ယာပင်တောပါပဲ။ သစ်တောထဲမှာ လှေစီးရင်း နေရောင်ခြည်က သစ်ပင်အရိပ်ကို ဖြတ်ကျော်ပြီး ရေမျက်နှာပြင်သို့ ပြန့်ကြဲပြီး ပေါ့ပေါ့ပါးပါး ရိုက်ကူးတဲ့ဓာတ်ပုံဟာ သစ်တောစတိုင်ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုလိုပါပဲ။
၁။ တည်နေရာ
ကူမင်းမြို့ ချမ်ကုမ်ရပ်ကွက် ဟွမ်ဟူအရှေ့လမ်းရှိ ကျုံဟယ်ရွာ
၂။ ဖွင့်လှစ်ချိန်
၈:၃၀ နာရီမှ ၁၉:၀၀ နာရီအထိ(တစ်နှစ်ပတ်လုံး အမြဲတမ်းဖွင့်လှစ်ပြီး စိတ်ချမှုနဲ့ သွားပါ)
၃။ အဝင်လက်မှတ်
အခမဲ့ ဝင်လို့ရပါတယ်။ တစ်ချို့ ပန်းပြပွဲ ဒါမှမဟုတ် ငွေပေးရတဲ့ လှုပ်ရှားမှုတွေ သီးခြားစွာ အခယူပါတယ်။
၄။ လမ်းပန်းဆက်သွယ်ရေး လမ်းညွှန်
ကိုယ်တိုင်ကားမောင်း ခရီးသွားခြင်း။ ။ "လောင်းယွီမြစ် စိုစွတ်မြေဥယျာဉ်"ကို လမ်းကြောင်းပြခြင်းဖြင့် မြို့တွင်းရပ်ကွက်ကနေ မိနစ် ၄၀ ခန့်ကြာ ကားမောင်းသွားနိုင်ပါတယ်။
ဘတ်စ်ကား စီးခြင်း။ ။ ဘတ်စ်ကားလိုင်း ၂၂၂ ( ကျုံဟယ်ရွာကားဂိတ်) စီးပြီး မီတာ ၅၀ လမ်းလျှောက်သွားနိုင်ပါတယ်၊ ဒါမှမဟုတ် ဘတ်စ်ကားလိုင်း K31၊ C86 စီးပြီး ဥယျာဉ်ကို တိုက်ရိုက်သွားနိုင်ပါတယ်။
မြေအောက်ရထား စီးခြင်း။ ။ မြေအောက်ရထားလိုင်း အမှတ် ၁ စီးပြီး တက္ကသိုလ်ဇုန်ကားဂိတ်၏ ထွက်ပေါက် B သို့ သွားပြီးတော့ လည်ပတ်ကြည့်ရှုခြင်း အရှေ့လမ်းကြောင်း ၃ ဒါမှမဟုတ် ဘတ်စ်ကားလိုင်း ၂၆၅ ပြောင်းစီးသွားနိုင်ပါတယ်။
网友埃埃提问:你好!我和朋友想去捞鱼河湿地公园喂海鸥,请问能不能推荐一下攻略?
小编解答:您好!当然可以。不同于海埂大坝的热闹,捞鱼河湿地公园的观鸥体验更加宁静亲近。沿着湖滨沙滩漫步,成群的红嘴鸥盘旋飞舞,时而轻拂水面,时而落在手心,灵动又亲人。除了观鸥,冬日的捞渔河湿地公园最令人惊艳的风景,莫过于那片火红的水杉林。划船穿行在水杉林中,阳光穿透树影洒在水面,随手一拍就是森系电影感画面。
1.位置
昆明市呈贡区环湖东路中和村
2.开放时间
8:30-19:00(全年无休,放心前往)
3.门票
免费入园!部分花展或付费项目会单独收费。
4.出行
自驾:导航“捞渔河湿地公园”,从市区出发约40分钟车程。
公交:222路(中和村站)+步行50米,或K31、C86路直达公园。
地铁:1号线至大学城站B口,换乘观光东线3号/265路。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ယီပင်း-ဖန်းကျီးဟွား အမြန်လမ်းမကြီး၏ ဆွေကျန်းလမ်းခွဲကို တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ
- ကူမင်းမြို့မှ စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်ဒေသသစ်အဖြစ် ပြောင်းလဲသွားသည် ဟုဗဟိုမီဒီယာက ချီးကျူး
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်


