စင်ရော်ခေါင်းမဲများ ကူမင်းမြို့သို့ ရောက်ရှိလာခြင်း နှစ် (၄၀) ပြည့် အထိမ်းအမှတ်ပြပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့

2026-01-19 09:33|ရောင်စုံတိမ်တံတား

20251224aad1ff9ac0a445029ab025563fd90c61_20251224bde63b78be944f81be7d106637056eaf

(ရောင်စုံတိမ်တံတား မရီရီ)  မကြာသေးမီက စင်ရော်ခေါင်းမဲများသည် ကူမင်းမြို့သို့ ရောက်ရှိလာခြင်း နှစ် (၄၀) ပြည့် အထိမ်းအမှတ်ပြပွဲကို ကူမင်းမြို့ ဆွေ့ဟူဥယျာဉ်၏ ဂေဟဗေဒပြခန်းတွင် ကျင်းပခဲ့သည်။

ပြပွဲတွင် အကြောင်းအရာများ စုံလင်ပြည့်စုံကာ သမိုင်းကို ပြန်ကြည့်ခြင်း၊ သိပ္ပံသုတေသန ရှင်းပြခြင်း၊ ကာကွယ်ထိန်းသိမ်းရေးလမ်းကြောင်းနှင့် အနုပညာဆိုင်ရာ အထင်အမြင်များ ဟူသော ကဏ္ဍလေးရပ် ပါဝင်ကာ သမိုင်းဝင်ဓာတ်ပုံများ၊ သိပ္ပံသုတေသန ရလဒ်များ၊ AI နည်းပညာ သရုပ်ပြမှုများနှင့် အနုပညာလက်ရာများ ပြသခြင်းအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း ကူမင်းမြို့သည် စင်ရော်ခေါင်းမဲဆိုင်ရာ သိပ္ပံနည်းကျသုတေသန၊ ကာကွယ်ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေး၊ အများပြည်သူအား အသိပညာပေးခြင်း စသည့် နယ်ပယ်များတွင် ရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို စနစ်တကျ ပြသထားသည်။

ပြပွဲဖွင့်ပွဲအခမ်းအနားတွင် မြို့သူမြို့သားများ၊ ကျောင်းသူကျောင်းသားများနှင့် စေတနာ့ဝန်ထမ်းများ၏ ကိုယ်စားလှယ်များသည် "နွေဦးမြို့တော်၌ စင်ရော်ခေါင်းမဲများ ကာကွယ်စောင့်ရှောက်ရေး အဆိုပြုချက်"အား ပူးတွဲ ထုတ်ပြန်ကြေညာခဲ့ကြကာ ကူမင်းမြို့ သိပ္ပံနှင့်နည်းပညာ အသင်း၊ ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာန၊ ကူမင်းမြို့ တျန်းချီကုန်းပြင်မြင့်ရေကန် သုတေသနအကယ်ဒမီ၊ National Bird Banding Center of China၊ ကူမင်းငှက်မျိုးအသင်း၊ စင်ရော်ခေါင်းမဲ ဖောင်ဒေးရှင်း၊ ယူနန်တက္ကသိုလ်၊ ဆွေ့ဟူဥယျာဉ်နှင့် ရေပေါ်ရဲစခန်းစသည့် အဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ နာမည်ကျော်ကြားသော ကျွမ်းကျင်ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများသည် ဆွေးနွေးလေ့လာခဲ့ကြ၍ လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း ကူမင်းမြို့၏ စင်ရော်ခေါင်းမဲဆိုင်ရာ သိပ္ပံသုတေသန တိုးတက်မှုများ၊ ကာကွယ်ထိန်းသိမ်းရေး အောင်မြင်မှုများနှင့် ဇာတ်လမ်းများကို မျှဝေခဲ့ကြသည်။

ဤပြပွဲကို ကူမင်းမြို့ သိပ္ပံနှင့်နည်းပညာ အသင်းနှင့် ကူမင်းမြို့ သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနတို့မှ ပူးတွဲ ဦးဆောင်ကျင်းပပြီး ယူနန်တက္ကသိုလ်၏ သဘာဝပေါက်ပင်ဖွဲ့စည်းပုံ၊ လုပ်ဆောင်ချက်နှင့် တည်ဆောက်ပုံဆိုင်ရာ အမျိုးသား အရေးကြီးသော လက်တွေ့စမ်းသပ်ခန်း၊ ကူမင်းငှက်မျိုးအသင်းနှင့် ဆွေ့ဟူဥယျာဉ်တို့မှ ပူးတွဲ စီစဉ်ဆောင်ရွက်ခဲ့သည်။ ပြပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့အထိ ပြသခဲ့သည် ဖြစ်သည်။

20251224aad1ff9ac0a445029ab025563fd90c61_20251224bde63b78be944f81be7d106637056eaf

近日,红嘴鸥入城40周年纪念展在昆明市翠湖公园生态展览馆举办。

展览内容丰富多彩,设立历史回眸、科研解密、保护之路、艺术印象4个板块,通过历史照片、科研成果展示、AI技术演示及艺术作品展示,系统地展示了昆明市40年来在红嘴鸥科学研究、保护管理、公众教育等方面取得的成果。

展览开幕式上,市民、学生及志愿者代表共同发布了春城护鸥倡议书,来自昆明市科学技术协会、昆明市林业和草原局、昆明市滇池高原湖泊研究院、全国鸟类环志中心、昆明鸟类协会、红嘴鸥基金会、云南大学、翠湖公园、水上派出所等机构院校知名专家学者和众多志愿者现场对谈,分享昆明市40年来红嘴鸥的科研进展、保护成效和保护故事。

本次展览由昆明市科学技术协会、昆明市林业和草原局联合主办,云南大学植被结构功能与建造全国重点实验室、昆明鸟类协会及翠湖公园共同承办。展览持续到2026年1月18日。(记者 王琼梅)


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်