ယူနန်ပြည်နယ် ယွမ်ယန်ခရိုင်တွင် ဟာနီလူမျိုး၏ လမ်းတစ်လျှောက် စားပွဲရှည်ဧည့်ခံပွဲသည် ကျေးလက်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေ
2026-01-16 15:07|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော ဟာနီလူမျိုး၏ လမ်းတစ်လျှောက် စားပွဲရှည်ဧည့်ခံပွဲကို ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွမ်ယန်ခရိုင် ဟာဘိုရွာတွင် သတ်မှတ်ထားသည့်အချိန်အတိုင်း ကျင်းပခဲ့ပြီး ခရီးသည်များစွာကို သွားရောက်တွေ့ကြုံခံစားရန် ဆွဲဆောင်ခဲ့ကြသည်။
ရွာသူရွာသားများသည် လှေကားထစ်လယ်ကွက်၌ မွေးမြူသောငါးများ၊ ဝါးပိုးကောင်များနှင့် အသားခြောက်များ စသည့် အထူးအစားအစာများကို စားပွဲများပေါ်တွင် ခင်းကျင်းထားခဲ့ကာ စားပွဲပေါင်း ရာနှင့်ချီသော အစားအစာများနှင့် ထိုင်ခုံများကို လမ်းတစ်လျှောက် တန်းစီခဲ့ကြ၍ နဂါးရှည်တစ်ကောင်ကဲ့သို့ ရွာထဲတွင် ကွေ့တီးကွေ့ကောက်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ယွမ်ယန်ခရိုင်သည် ကာကွယ်စောင့်ရှောက်ရေးနှင့် အမွေဆက်ခံခြင်းလုပ်ငန်းကို ကောင်းမွန်စွာ ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင် ဟာနီလူမျိုး၏ လမ်းတစ်လျှောက် စားပွဲရှည်ဧည့်ခံပွဲနှင့် ခရီးသွားလုပ်ငန်း ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် ထိရောက်သော စီမံခန့်ခွဲနည်းအမျိုးမျိုးကို အသုံးပြုခဲ့၍ ကျေးလက်ခရီးသွားလုပ်ငန်းအတွက် သက်ဝင်အားအသစ်များ ထည့်သွင်းပေးခဲ့ပြီး လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးကျေးဇူးများ၏ ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို












