ကူမင်းမြို့သည် စီမံခန့်ခွဲခြင်းဖြင့် မိုဟန်မြို့နယ်သည် တံခါးဖွင့်လှစ်ခြင်းဒေသသစ်အဖြစ် ပြောင်းလဲသွားခဲ့သည် ဖြစ်ကြောင်း ဗဟိုမီဒီယာများက ချီးကျူးဂုဏ်ပြုခဲ့
2026-01-16 10:15|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဆင်ဟွာသတင်းဌာန၏ "အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ဒေသဆိုင်ရာ ထူးခြားချက်များ" အထူးအစီအစဉ်နှင့် စီစီတီဗွီ(CCTV)၏ "သတင်းပူပေါင်းရုပ်မြင်သံကြားထုတ်လွှင့်ခြင်း" နှင့် CCTV13 ၏ "သတင်းတိုက်ရိုက်ထုတ်လွှင့်ခြင်း" အစီအစဉ် တို့သည် အနောက်တောင်နယ်စပ်ဒေသရှိ မိုဟန်မြို့နယ်ကို အဓိကထားဖော်ပြခဲ့ကြသည်။ ၎င်းတို့သည် ကူမင်းမြို့၏ ဆန်းသစ်ထီထွင်သော "ပြည်နယ်မြို့တော်သည် နယ်စပ်မြို့နယ်အား စီမံခန့်ခွဲခြင်း" ပုံစံကို ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ ပြည်နယ်မြို့တော်၏ အရင်းအမြစ်အားသာချက်များကို နယ်စပ်ဂိတ် ဖွံ့ဖြိုးတိုးတက်မှုစွမ်းအင်များအဖြစ် ပြောင်းလဲပေးခဲ့ပြီး မိုဟန်မြို့နယ်၏ "လမ်းကြောင်းဆုံမှတ်" မှ "စက်မှုလုပ်ငန်းလည်ချက်"အဖြစ် ပြောင်းလဲလာရန် တွန်းအားပေးပြီး အဆင့်အတန်းမြင့် တံခါးဖွင့်ခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆန်းသစ်ထီထွင်သော လက်တွေ့လုပ်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။
ကူမင်းမြို့သည် ပြည်နယ်မြို့တော်မှ နယ်စပ်မြို့နယ်အား စီမံခန့်ခွဲခြင်း ပုံစံကို ဆန်းသစ်ထီထွင်စွာ လပ်ဆောင်ခဲ့
ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့သည် တရုတ်နိုင်ငံမှာ တောင်အာရှနှင့် အရှေ့တောင်အာရှသို့ တံခါးဖွင့်ရန်အတွက် အရေးကြီးသော တံခါးပေါက်တစ်ခုဖြစ်ပြီး "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု"အဆိုပြုချက်ကို အတူတကွ တည်ဆောက်ရန် ရှေ့တန်းအချက်အချာနေရာတစ်ခုလည်း ဖြစ်သည်၊ မိုဟန်မြို့နယ်သည် တရုတ်-လာအို ရထားလမ်းနှင့် ကူမင်း-ဘန်ကောက် အပြည်ပြည်ဆိုင်ရာ အဝေးပြေးလမ်းမကြီး၏ အဓိကဆုံမှတ်တွင် တည်ရှိပြီး တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံကို ဆက်သွယ်ပေးသည့် အမျိုးသားအဆင့် ကုန်းတွင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည်။ ဤနေရာနှစ်ခုသည် မိုင်ထောင်ပေါင်းများစွာ ဝေးကွာနေသော်လည်း အားသာချက်များ အသီးသီးရှိသည်။ ကူမင်းမြို့တွင် "စက်မှုလုပ်ငန်းများ ရှိသော်လည်း နယ်စပ်ဂိတ်မရှိ" သော်လည်း မိုဟန်မြို့နယ်တွင် "နယ်စပ်ဂိတ်ရှိသော်လည်း စက်မှုလုပ်ငန်းများမရှိ" ဖြစ်သည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် ကူမင်းမြို့သည် ဆစ်ဆောင်ပန်းနား ပြည်နယ်ခွဲ မိုဟန်မြို့နယ်အား ဘက်စုံစီမံခန့်ခွဲခဲ့ပြီး တရုတ်နိုင်ငံ တစ်ခုလုံးအတွင်း နယ်စပ်မျဉ်းကြောင်းနှင့် နယ်စပ်ဂိတ် ရှိသည့် တစ်ခုတည်းသော ပြည်နယ်မြို့တော် ဖြစ်လာခဲ့သည်။ “ပြည်နယ်မြို့တော်သည် နယ်စပ်မြို့နယ်အား စီမံခန့်ခွဲခြင်း” ၏ ဤထူးခြားသောပုံစံသည် မူလက “လမ်းကြောင်း၏ အစွန်းနှစ်ဖက်”တွင် တည်ရှိသော အရင်းအမြစ်များနှင့် အကြောင်းရပ်များကို စတင်ညှိနှိုင်းခွဲဝေပေးနိုင်ခဲ့သည်။
"ရွှေလမ်းကြောင်း"သည် အားကောင်းသော စွမ်းအင်များကို ထုတ်လွှတ်ခဲ့
တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှကို ဆက်သွယ်ပေးသည့် "ရွှေလမ်းကြောင်း" အနေနှင့် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်ခြင်းသည် မိုဟန်မြို့နယ်၏ အချက်အချာနေရာ အကျိုးသက်ရောက်မှုကို အဆက်မပြတ် ပုံကြီးချဲ့ခဲ့သည်။ အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် တရုတ်-လာအို ရထားလမ်းရှိ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးသည် ၎င်း၏ အားကောင်းသောတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်နှစ်ပတ်လုံး ခရီးသည် အယောက်ပေါင်း ၁၉.၅၁ သန်းကို ပို့ဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်၊ ကုန်စည်ပို့ဆောင်ရေးပမာဏသည် တန်ချိန် ၂၄.၄၈ သန်းကို ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၂၄.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။
နယ်စပ်ဂိတ်တွင် ဤပြောင်းလဲမှုများသည် ပိုမိုသိသာမြင်သာသည်။ ၂၀၂၅ ခုနှစ်တွင် မိုဟန်နယ်စပ်ဂိတ်၏ အထွေထွေ အဆင့်မြှင့်တင်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်း စီမံကိန်းကို ပြီးစီးခဲ့ပြီး နယ်စပ်ဝင်/ထွက်ဂိတ်များ၏ ယာဉ်လမ်းကြောင်းသည် ၄ ခု မှ ၁၂ ခုအထိ တိုးချဲ့ခဲ့ပြီး ကုန်တင်ယာဉ်များ စစ်ဆေးခွင့်ပြုခြင်းအချိန်ကို ၄ မိနစ်အထိ လျှော့ချခဲ့ပြီး နယ်စပ်ဝင်/ထွက်ကုန်စည်များ အကောက်ခွန်ရှင်းလင်းရေးအချိန်ကို ၄၀ နာရီမှ ၅ နာရီအထိ လျှော့ချသွားခဲ့သည်။ ကူမင်းအကောက်ခွန်ဌနမှ စာရင်းကောက်ခြင်းအရ ၂၀၂၅ ခုနှစ်တွင် မိုဟန်နယ်စပ်ဂိတ်၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုပမာဏသည် တန်ချိန် ၁၀ သန်းကို ကျော်လွန်ခဲ့သည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မိုဟန်နယ်စပ်ဂိတ်၏ သွင်းကုန်ပို့ကုန် ကုန်သွယ်မှုပမာဏသည် နှစ်စဉ်တိုးတက်နှုန်း ၄၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့ပြီး တရုတ်နိုင်ငံမှာ တောင်အာရှနှင့် အရှေ့တောင်အာရှကို မျက်နှာမူထားသည့် ဗဟိုချက်မမှ ဖြာထွက်ခြင်းစင်တာ တည်ဆောက်မှုအတွက် နယ်စပ်ဒေသ စွမ်းအင်သစ်များကို ထည့်သွင်းပေးခဲ့ပါသည်။
"ဇုန် ၄ ဇုန် ပူးတွဲတိုးတက်လာစေခြင်း"ဖြင့် နယ်စပ်ဒေသ တံခါးဖွင့်သော ပလက်ဖောင်းအသစ်ကို ဖန်တီးပေးခဲ့
လူနှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာ ရွေ့လျားလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများလည်း တစ်ပါထည်း ပါလာသည်။ ကူမင်းသည် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာ၊ ကူမင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်၊ ကူမင်းအထွေထွေအခွန်လွတ်ဇုန်၊ တရုတ်-လာအို မိုဟန်- မိုတင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ဟူသော "ဇုန် ၄ ဇုန် ပူးတွဲတိုးတက်လာစေခြင်း" စနစ်ကို ဆန်းသစ်တီထွင်စွာ ဆောင်ရွက်ခဲ့သည်။ ၎င်းသည် တရုတ်နိုင်ငံ တစ်ခုလုံးအတွင်းရှိ တစ်ခုတည်းသော လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်၊ အထွေထွေအခွန်လွတ်ဇုန်နှင့် နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုဇုန် တို့၏ အားသာချက်များကို ပေါင်းစပ်ထားသည့် မြို့တော်စနစ်ကို ဖြစ်ပေါ်ခဲ့ပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် စနစ်ဆိုင်ရာ အာမခံချက်များနှင့် ပလက်ဖောင်းပံ့ပိုးမှုများကို ပေးအပ်ခဲ့သည်။
ကူမင်းမြို့သည် မိုဟန်မြို့နယ်အား စီမံခန့်ခွဲခဲ့ပြီးကတည်းက စုစုပေါင်း စီမံကိန်း ၆၅ ခုကို လပ်ဆောင်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏများမှာ စုစုပေါင်း ယွမ် ၁၄ ဘီလီယံ ကျော်လွန်ခဲ့ပြီး နှစ်စဉ်ပျမ်းမျှတိုးတက်နှုန်းမှာ ၁၁၈.၂ ရာခိုင်နှုန်းအထိ ရှောက်ရှိခဲ့ပြီး လူဦးရေ စီမံခန့်ခွဲမှုအစတွင် ၂ သေင်းမှ ယခုတွင် ၄ သောင်းအထိ တိုးလာခဲ့ပြီး လုပ်ငန်းကုမ္ပဏီနှင့် စက်မှုလုပ်ငန်းစီမံကိန်းများ ၁၀၀ နီးပါး အခြေချနေထိုင်ခဲ့ပြီး နယ်စပ်ဂိတ်သည် "လမ်းကြောင်းဆုံမှတ်" မှ "စက်မှုလုပ်ငန်းလည်ချက်"အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာသည်။
တံခါးဖွင့်ခြင်းသည် နယ်စပ်အရပ်သူအရပ်သားများအား အကျိူးရရှိစေခဲ့
နယ်စပ်ရွာများသို့ သွားရောက်လည်ပတ်ခြင်းဖြင့် တံခါးဖွင့်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို နယ်စပ်အရပ်သူအရပ်သားများ၏ ဘဝတွင်လည်း ထင်ဟပ်စေပါသည်။ စီမံခန့်ခွဲခဲ့ပြီးကတည်းက မိုဟန်မြို့နယ်သည် ခေတ်မီ နယ်စပ်ဒေသ ချမ်းမြေ့သာယာမှုရွာ ၆ ခုကို အောင်မြင်စွာ တည်ဆောက်ခဲ့ပြီး ရွာစုပေါင်းစီးပွားရေး၏ အမြင့်ဆုံးနှစ်စဉ်ဝင်ငွေမှာ ယွမ် ၁.၂၂၃ သန်းအထိ ရောက်ရှိခဲ့ပြီး စီမံခန့်ခွဲ မလုပ်ခင်ကထက် ၁၂ ဆကျော် ပိုများပါသည်။
သုံးဘက်စလုံးတွင် လာအိုနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသော မန်ကျွမ်းရွာသည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ အခြေခံအဆောက်အအုံနှင့် အများပြည်သူဝန်ဆောင်မှုများသည် အဆက်မပြတ် ကောင်းမွန်လာခဲ့ပြီး စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးသည် စဉ်ဆက်မပြတ် တိုးမြှင့်ခဲ့သည်။ ရွာသားတစ်ဦးလျှင် နှစ်စဉ်ပျမ်းမျှဝင်ငွေသည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၁.၈ သောင်းအောက်မှ ၂၀၂၅ ခုနှစ်တွင် ယွမ် ၂.၈ သောင်းအထိ မြင့်တက်လာခဲ့သည်။
မိုဟန်နယ်စပ်ဂိတ်၏ အနာဂတ်အတွက် မျှော်လင့်ချက်ကောင်းများ
“တရုတ်-လာအို ရထားလမ်းတစ်လျှောက် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနှစ်တာ လုပ်ဆောင်မှုအစီအစဉ်” အရ ၂၀၂၇ ခုနှစ်တွင် တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်းကုန်စည်ပို့ဆောင်ရေးပမာဏသည် တန်ချိန် ၁၂၀ သန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။ အနာဂတ်တွင် မိုဟန်နယ်စပ်ဂိတ်၏ ကုန်တင်ယာဉ်များ နေ့စဉ်ဝင်ထွက်နိုင်စွမ်းသည် ယာဉ် ၆၀၀ မှ ယာဉ် ၂၀၀၀ အထိ တိုးလာရန် မျှော်လင့်ရပြီး နှစ်စဉ်ပျမ်းမျှကုန်စည်ပို့ဆောင်ရေးပမာဏသည် တန်ချိန် ၄.၅ သန်းမှ ၁၃ သန်းအထိ တိုးလာမည် ဖြစ်သည်။
အဝေးတွင် နိုင်ငံတကာရထားတစ်စင်းသည် ဥသြသံမြည်နေပြီး ထွက်ခွာရန် ပြင်ဆင်နေသည်။ "နယ်စပ်ဂိတ်မြို့နယ်" မှ ယနေ့တွင် "နိုင်ငံတကာအချက်အချာနေရာ"သို့ မိုဟန်မြို့နယ်၏ အကြီးအကျယ်ပြောင်းလဲမှုသည် တရုတ်နိုင်ငံမှာ အဆင့်မြင့်တံခါးဖွင့်ခြင်း၏ အသေးစားချုံထားသောရုပ်ပုံငယ် ဖြစ်သည်။
1月14日,新华社“高质量发展地方亮点”专栏与央视《新闻联播》、CCTV13《新闻直播间》栏目同步聚焦西南边陲小镇磨憨,点赞昆明市创新“省城托管边城”模式,把省会资源优势转化为边境口岸发展动能,推动磨憨由“通道节点”迈向“产业支点”,更好实现高水平开放、高质量发展的创新实践。
昆明创新实施省会托管机制
云南省会昆明是我国面向南亚东南亚开放的重要门户,是共建“一带一路”的前沿枢纽;磨憨地处中老铁路、昆曼国际公路关键节点,是我国通往老挝的国家级陆路口岸。两地相隔千里,却各具优势——昆明“有产业、缺口岸”,磨憨则“有口岸、缺产业”。
2022年4月,昆明市全面托管西双版纳州磨憨镇,成为全国唯一拥有边境线和边境口岸的省会城市。这一独具特色的“省城托管边城”的模式,让原本分处“通道两端”的资源、要素开始协同配置。
“黄金通道”释放强劲动能
作为连接中国与东南亚的“黄金大通道”,中老铁路的开通运行持续放大磨憨的枢纽效应。数据显示,2025年中老铁路客货运输延续强劲增长势头,全年发送旅客达1951万人次,同比增长2.1%;货物运输量达2448万吨,同比增长24.6%。
在口岸一线,这种变化更为直观。2025年,磨憨口岸综合提升改造项目完成,出入境卡口由4车道拓宽至12车道,货运车辆验放时间压缩至4分钟,出入境货物通关时间由40小时压缩至5小时。据昆明海关统计,2025年全年,磨憨口岸的进出口贸易规模已经突破了1000万吨大关。 “十四五”期间,磨憨口岸进出口贸易规模年均增长超40%,为我国面向南亚东南亚辐射中心建设注入沿边新动能。
“四区联动”打造沿边开放新平台
人畅其行、货畅其流,产业随之而来。昆明创新实施中国(云南)自由贸易试验区昆明片区、昆明经济技术开发区、昆明综合保税区、中国老挝磨憨—磨丁经济合作区“四区联动”,形成全国唯一叠加自贸、经开、综保、跨境合作区优势的城市格局,为产业落地提供制度保障与平台支撑。
昆明托管磨憨以来,累计推动65个项目落地,累计投资超过140亿元,年均增速达118.2%,人口从托管之初的2万人增至4万人,近百家企业和产业项目相继入驻,口岸逐渐由“通道节点”迈向“产业支点”。
开放红利惠及边境群众
沿着边境村寨走访,开放带来的变化同样体现在边境群众生活中。托管以来,磨憨成功打造6个现代化边境幸福村,村集体经济年收入最高达到122.3万元,是托管前的12倍多。
三面与老挝接壤的边境村寨曼庄村,近年来基础设施和公共服务不断完善,产业发展持续提质。村民人均年收入从2022年的不足1.8万元,提高到2025年的2.8万元。
磨憨口岸未来可期
根据《中老铁路沿线综合开发三年行动计划》,到2027年,中老铁路累计货运总量将突破1.2亿吨。未来,磨憨口岸货运车辆日通行能力也有望从600辆次提升至2000辆次,年均货运通行量将由450万吨提升至1300万吨。
远处,又一趟国际列车鸣响汽笛,准备启程。从“口岸城市”发展到如今的“国际枢纽”,磨憨小镇的蝶变正是中国高水平对外开放的生动缩影!
အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- ယူနန်ပြည်နယ်ရှိ အမြန်လမ်းမကြီး ၄ လိုင်းကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖွင့်လှစ်မည်
- "ယူနန်ပြည်နယ် မြို့ပြဘောလုံးလိဂ်"နှင့်အတူ ဆောင်းရာသီတွင် နွေဦးမြို့တော်ကို လည်ပတ်ကြည့်ရှုမည်
- ကူမင်းမြို့၌ ဂျင်ဂိုအရွက်များ ရွှေဝါရောင် ဖြစ်လာနေ၍ ရှုစားရန် အကောင်းဆုံးချိန်သို့ ရောက်ရှိလာပါပြီ
- "ကူမင်း" ဟူသော နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသွားအထူးရထားကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ဟယ်ခုတ်ဆိပ်ကမ်းမှ ပြည်ဝင်ပြည်ထွက်လူဦးရေက ယူနန့်ဖွင့်လှစ်သောဆိပ်ကမ်း၏ ပထမနေရာတွင် သုံးနှစ်ဆက်ရပ်တည်
- ယူနန်ထောပတ်သီးများကို မလေးရှားနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- ယခုနှစ် ပထမ ၁၁ လအတွင်း ယူနန့် လတ်ဆတ်သောဖြတ်ပန်းပွင့် တင်ပို့မှုအတန်ဖိုးသည် တရုတ်ပထမနေရာတွင် ရပ်တည်ခဲ့
- ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများအား ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့








