တရုတ်နိုင်ငံ ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်သည့် ကြိုးကြာခေါင်းမည်းများသည် ယူနန်ပြည်နယ်ရှိ နန်တီမြစ်၌ ပထမဆုံးအကြိမ် ပေါ်လာ
2026-01-06 10:21|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဝန်ထမ်းများသည် ပုံမှန်ကင်းလှည့်ရာတွင် တရုတ်နိုင်ငံ ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်ဖြစ်သည့် ကြိုးကြာခေါင်းမည်း ၃ ကောင်၏ လှုပ်ရှားမှုခြေရာများကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့ကြကြောင်း ယူနန်ပြည်နယ် လျံဟယ်ခရိုင်ရှိ နန်တီမြစ် အမျိုးသား စိုစွတ်မြေဥယျာဉ်မှ သတင်းကောင်းတစ်ရပ်သည် မကြာသေးမီက ပျံ့နှံ့လာသည်။ ကြိုးကြာခေါင်းမည်းများသည် ရေတိမ်တွင် လျှောက်လေ့ရှိသော ခြေတံရှည်ငှက်မျိုးတစ်မျိုး ဖြစ်၍ ကိုယ်ခန္ဓာ၏ အရှည်သည် ၁.၂ မီတာအထိ ရောက်ရှိနိုင်ပြီး ပုံမှန်အားဖြင့် ရေနေပင်များ ပေါများသော စိမ့်မြေများနှင့် ရေကန်တစ်ဝိုက်တွင် နားနေလျက်ရှိကြသည်။
စာရင်းဇယားများအရ နန်တီမြစ် အမျိုးသား စိုစွတ်မြေဥယျာဉ်တွင် ငှက်မျိုးစိတ် ၂၀၀ ကျော်ကို မှတ်တမ်းတင်ခဲ့ပြီ ဖြစ်၍ Ciconia nigra နှင့် Mycteria leucocephala စသည့် တရုတ်နိုင်ငံ ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်များနှင့် ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန် အမျိုးပေါင်း ၃၀ ကျော်ကို ပါဝင်ထားကာ ၄င်းသည် နန်တီမြစ်စိုစွတ်မြေတွင် ရှားပါးငှက်မျိုး၏ နားနေရန် အရည်အသွေးမြင့် ဂေဟစနစ်အခြေအနေများကို ရှိကြောင်း အပြည့်အဝ သက်သေတင်ပြ၍ လျံဟယ်ခရိုင်၏ ဂေဟပတ်ဝန်းကျင်၏ စဉ်ဆက်မပြတ် ကောင်းမွန်လာနေခြင်းကိုလည်း ထင်ရှားဖော်ပြသည် ဖြစ်သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


