ယူနန်ပြည်နယ် နန်ကျန့်ခရိုင်ရှိ ဝူလျန့်တောင်တွင် ဆောင်းချယ်ရီပန်းများ ပွင့်လန်းလျက်ရှိ
2025-12-29 10:30|
ဒီဇင်ဘာလရောက်ရှိလာသည်နှင့်အမျှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တာ့လီ ပိုင်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ နန်ကျန့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ဝူလျန့်တောင် ချယ်ရီပန်းတောင်ကြားရှိ ဆောင်းချယ်ရီပန်းများသည် အဆက်မပြတ်ပွင့်လန်းနေပြီး လက်ဖက်ခြံများနှင့် တိမ်ပင်လယ်တို့ဖြင့် လှပသော တောတောင်ရေမြေ ရှုခင်းပန်းချီကားတစ်ချပ် ဖြစ်ပေါ်စေခဲ့သည်။
မကြာသေးမီနှစ်များအတွင်း နန်ကျန့် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် “လက်ဖက်စိုက်ပျိုးသည့်နေရာများကို ရှုခင်းသာနေရာများ အဖြစ်၊ လက်ဖက်ခြံများကို ပန်းခြံများအဖြစ် ပြောင်းလဲခြင်းနှင့် လက်ဖက်တောင်များကို ရွှေတောင်များအဖြစ် ပြောင်းလဲခြင်း” ဖြင့် အစိမ်းရောင်ကို အခြေခံအရောင်အဖြစ်ထားရှိသော ပြည်သူများအား ကြွယ်ဝချမ်းသာစေပြီး ခရိုင်အား တိုးတက်စေသော လမ်းကြောင်းအသစ်တစ်ခုကို တက်ကြွစွာ ရှာဖွေကာ လက်ဖက် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့် တွန်းအားပေးဆောင်ရွက်ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




























