ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများအား ဥဇဘက်ကစ္စတန်နိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
2025-12-17 17:47|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက Yunnan Tianyao စိုက်ပျိုးရေးနှင့် သစ်တော ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်သည် တန်ဖိုး ယွမ်ပေါင်း ၆ သိန်းကျော် ရှိသော သစ်ကြားသီး ၂၁ တန်ကို ဥဇဘက်ကစ္စတန်နိုင်ငံသို့ အောင်မြင်စွာ တင်ပို့ခဲ့သည်။ ဤသည်မှာ ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ ချန်နင်ခရိုင်ရှိ သစ်ကြားသီးများကို ထိုနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခြင်း ဖြစ်ပြီး အလယ်အာရှဈေးကွက်ကို ချဲ့ထွင်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချပေးခဲ့သည် ဖြစ်သည်။
ယခုနှစ်များတွင် ချန်နင်ခရိုင်သည် ဒေသခံ စိုက်ပျိုးရေးလုပ်ငန်းများအား နိုင်ငံတကာဈေးကွက်များကို ရှာဖွေချဲ့ထွင်ရန် အားသွန်ခွန်စိုက် ပံ့ပိုးပေးသွားခဲ့ပြီး သစ်ကြားသီးတင်ပို့မှု ဈေးကွက်များကို ကွဲပြားခြားနားစေရန် တွန်းအားပေးခဲ့သည်။ ဤနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ချန်နင်ခရိုင်သည် တန်ပေါင်း ၁၃၇၉.၈ လေးသော သစ်ကြားသီး ၆၃ သုတ်ကို တင်ပို့ခဲ့ပြီ ဖြစ်ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၉၃.၆ ရာခိုင်နှုန်း တိုးလာခဲ့ကာ ကုန်ပစ္စည်းတန်ဖိုးမှာ ယွမ်ပေါင်း ၄၄.၄ သန်းအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၃၈.၉ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်သည်။
အယ်ဒီတာ: နှင်းရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




