ယူနန်ပြည်နယ် ထိန်ချုံးမြို့ရှိ ဂျင်ဂိုရွာ၏ ဆောင်းရာသီ အငွေ့အသက်များကို ရွှေဝါရောင်ဂျင်ဂိုပင်များအောက်တွင် ထိုင်ရင်း ခံစား
2025-12-15 16:36|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းရာသီတွင် ယူနန်ပြည်နယ် ထိန်ချုံးမြို့ ဂုတုန်းမြို့နယ် ကျန်းတုန်းရွာသည် ရွှေဝါရောင်ဖြစ်သည့် နွေးထွေးသော အခြေအနေမျိုးထဲတွင် လန်းဆန်း၍ နေသည်၊ ဤနေရာရှိ အမို တစ်သောင်းကျော်သည့် ဂျင်ဂိုတောသည် အဝါရောင်သို့ တဖြည်းဖြည်း ပြောင်းလဲလာပြီး ရွှေကဲ့သို့ ထွန်းလင်းတောက်ပကာ အကောင်းဆုံး ကြည့်ရှုရာသီသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ကျန်းတုန်းရွာကို ဒေသခံများမှ "ဂျင်ဂိုရွာ" ဟု ခေါ်ပြီး ဤနေရာတွင် သဘာဝကျသော အမိုတစ်သောင်းကျော် ဆက်စပ်သည့် ဂျင်ဂိုတော ရှိသောကြောင့် "ရွာသည် သစ်တောထဲတွင် တည်ရှိပြီး၊ သစ်ပင်များသည် အိမ်ထဲတွင် တည်ရှိပြီး၊ လူများသည် ပန်းချီထဲတွင် တည်ရှိသည်" ဟူသော သာယာလှပသော ဂေဟဗေဒရှုခင်းများကို ဖန်တီးပေးသည်။
ယခုနှစ်များတွင် ဒေသခံသည် "ဂျင်ဂိုပင်ဆိုင်ရာ စီးပွားရေး" ဖွံ့ဖြိုးတိုးတက်ရန် အားသွန်ခွန်စိုက် တွန်းအားပေးခဲ့ပြီး ထူးခြားချက်ရှိသော ခရီးသွားလာရေးစီမံကိန်းများကို တက်ကြွစွာ တီထွင်ခဲ့သည်မှာ ကျေးလက်စီးပွားရေးပုံစံအသစ် များစွာကို အမြန်ဖြစ်ပေါ်စေခဲ့ပြီး ရွာသူရွာသားများကို ပိုမိုကြွယ်ဝချမ်းသာစေခဲ့သည်။ ယခုတွင် ကျန်းတုန်းရွာရှိ နေအိမ်တည်းခိုခန်းနှင့် ထူးခြားချက်ရှိသော ကျေးလက်အပန်းဖြေစခန်းများ၏ အရေအတွက်သည် ကနဦး ၈ ခုမှ ၁၇၀ အထိ တိုးလာခဲ့ပြီ ဖြစ်၍ ရွာသူရွာသားများစွာကို ခရီးသွားဝန်ဆောင်မှုများ၊ ယဉ်ကျေးမှု ဆန်းသစ်တီထွင်မှု ထုတ်ကုန်များ ဖန်တီခြင်း၊ ကျန်းမာရေးအပန်းဖြေရန် ဧည့်ခံခြင်း အပါအဝင် လုပ်ငန်းများကို ပါဝင်လုပ်ကိုင်ရန် ရွာသို့ ပြန်လာစေခဲ့ပြီ ဖြစ်သည်။ ခရီးသည်များသည် ဂျင်ဂိုရွာသို့ လာရောက်လျှင် ရှုခင်းရှုစားနိုင်ပြီး ဓာတ်ပုံရိုက်နိုင် ရုံသာမက ဂျင်ဂိုပင်များအောက်ရှိ ကျေးလက်အပန်းဖြေစခန်းများတွင် ထူးခြားချက်ရှိသော ဟင်းလျာများကိုလည်း စားသုံးနိုင်ကြသည်၊ ထူးခြားချက်ရှိသော နေအိမ်တည်းခိုခန်းများထဲတွင်လည်း တည်းခိုနိုင်ကြသည်၊ ဂျင်ဂိုပင်များအောက်တွင် လက်ဖက်ရည်နှင့် ကော်ဖီကိုလည်း သောက်သုံးနိုင်ကြသည်၊ အလွန်နှစ်သက်ကျေးနပ်သည် ဖြစ်သည်။ စာရင်းအင်းများအရ ယခုနှစ် နိုဝင်ဘာလမှစ၍ ကျန်းတုန်းရွာသည် နိုင်ငံတစ်ခုလုံးမှ ခရီးသည် အယောက်ပေါင်း ၁ သောင်းကျော်ကို နေ့စဉ် ဧည့်ခံခဲ့ပြီး ရွှေဝါရောင် ဂျင်ဂိုပင်များသည် နှစ်စဉ် အကျိုးစီးပွား ယွမ် (၁၀) သန်းပေါင်းများစွာ ပေးလျက်ရှိသည် ဖြစ်သည်။
冬日里,云南省腾冲市固东镇江东村又沐浴在金黄色的温暖氛围中,这里的万亩银杏林渐次泛黄,灿烂如金,进入最佳观赏期。江东村被当地人称为“银杏村”,这里有着1万余亩天然连片银杏林,造就了“村在林中,树在家中,人在画中”的生态美景。
近年来,当地大力推动“银杏经济”,积极发展特色旅游项目,催生出一系列乡村新业态,让村民的致富路越走越宽。如今,江东村的农家乐、特色民宿已从最初的8户发展到170户,带动不少村民回村就业,参与到旅游服务、文创开发、康养接待的工作中来。游客们来到银杏村,不仅可以赏景、拍照,也可以在银杏树下的农家乐吃上一顿特色菜,在特色民宿住宿,在银杏树下品茶、喝咖啡,十分惬意。据统计,今年11月以来,江东村每天接待来自全国各地的游客1万余人,金黄的银杏树每年带来上千万元的收益。(龚祖金)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့






















