ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်ပညာ– လက်ဖျားထိပ်မှ ဖန်တီးပေါ်ထွက်လာသော ဖြူပြာရောင် ဆေးရောင်စုံ
2025-11-27 14:42|
ကျိုးချိန်ရွာသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ တာ့လီမြို့ ရှီကျိုးမြို့နယ်၌ တည်ရှိသည်။ အရှေ့ဘက်တွင် အယ်ဟိုင်ရေကန်၊ အနောက်ဘက်တွင် ချန်းဆန်းတောင်ရှိရာ ယူနန်ပြည်နယ်၏ အကြီးဆုံး ပိုင်လူမျိုးရွာဖြစ်သလို နာမည်ကျော်ကြားသည့် "ပိုင်လူမျိုး ဆေးဆိုးပန်းရိုက် ဇာတိ"လည်း ဖြစ်ပေသည်။ တစ်ရွာလုံးတွင် လက်ရှိဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ဆောင်သည့်မိသားစု ၂၀၀ ကျော်ရှိပြီး လုပ်ငန်းလုပ်ကိုင်သူပေါင်း ၄,၀၀၀ ကျော်ခန့်ရှိသည်။ တာ့လီဒေသတွင် လက်ဖြင့် ဆေးဆိုးသော ရိုးရာလက်မှုပညာအနေဖြင့် ပိုင်လူမျိုး ဆေးဆိုးပန်းရိုက်သည် ယနေ့တိုင် နှစ်ပေါင်းထောင်ချီ သမိုင်းရှိပြီဖြစ်သည်။
ပိုင်လူမျိုးဆေးဆိုးပန်းရိုက်သည် ပန်လန်ကန်း (Chinese woad) ကို အဓိကဆိုးဆေးအဖြစ် အသုံးပြုပြီး လုပ်ငန်းစဉ်များတွင် ဒီဇီုင်းပုံရေးဆွဲမှု၊ ဒီဇိုင်းပုံနှိပ်မှု၊ ဒီဇိုင်းအလိုက်ကြိုးချည်မှု၊ အရောင်ဆိုးမှု၊ ချွတ်ဆေးဆိုးမှု၊ ကြိုးချည်ထားမှုများဖြည်မှု၊ နေလှန်းမှု စသည်တို့ ပါဝင်သည်။ ၎င်းအနက် ဒီဇိုင်းအလိုက်ကြိုးချည်၍ ဆေးဆိုးခြင်းသည် အဓိကအဆင့်ဖြစ်ပြီး လက်မှုပညာရှင်များက အပ်ကိုင်ကာကြိုးချည်မှုဖြင့် ပိတ်ပေါ်တွင် ဒီဇိုင်းပုံစံအမျိုးမျိုး ကြိုးချည်လိုက်သည်။ ထို့နောက် အပင်ဆိုးဆေးဖြင့် အပြာရောင်အခံ အဖြူရောင်ပန်း ဒီဇိုင်းအမျိုးမျိုးကို အရောင်ဆိုးပုံဖော်လိုက်သည်။
၂၀၀၆ ခုနှစ်တွင် ပိုင်လူမျိုးဆေးဆိုးပန်းရိုက်သည် ပထမဆုံးအသုတ် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို


















