လိကျန်းမြို့ရှိ လူကူကန်သည် ပထမအသုတ် ဆောင်းခို စင်ရော်ခေါင်းမဲများကို ကြိုဆိုလာ

2025-11-20 19:33|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဆောင်းရာသီအစပိုင်းတွင် "ကုန်းပြင်မြင့် တောက်ပသောပုလဲ" ဟုခေါ်သည့် လူကူကန်အထက်ရှိ ကောင်းကင်သည် အပြာရောင်ဖြစ်ပြီး ကန်ရေ ကြည်လင်ပြာလဲ့နေပါသည်။ မကြာသေးမီက ထောင်ပေါင်းများစွာသော စင်ရော်ခေါင်းမဲများသည် ယခင်နှစ်များကဲ့သို့ပင် ယူနန်ပြည်နယ် လိကျန်းမြို့ နင်လန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ လူကူကန်သို့ ပျံသန်းရောက်ရှိခဲ့ကြသည်၊ ဤ "အဖြူရောင်နတ်ငယ်များ" သည် တိတ်ဆိတ်ငြိမ်သက်သော ရေကန်နှင့် တောင်တန်းရှုခင်းများအတွက် သက်ဝင်လှုပ်ရှားသော အသက်စွမ်းအားများကို တိုးဖြည့်ပေးခဲ့ပြီး ဆောင်းရာသီတွင် လိကျန်းမြို့သို့ လည်ပတ်ရန်နှင့် စင်ရော်ခေါင်းမဲများ ကြည့်ရှုရန် ရာသီ၏ တရားဝင်အစကိုလည်း အမှတ်အသား ပြုခဲ့သည်။

1

2

ယခုနှစ်များတွင် လိကျန်းမြို့နှင့် နင်လန်ခရိုင်တို့သည် ဂေဟစနစ် ဦးစားပေးရေးကို အမြဲတမ်းလိုက်နာခဲ့ပြီး ရေကန်တစ်လျှောက် ဂေဟစနစ်ကာကွယ်ရန် ရွှေ့ပြောင်းခြင်း၊ ရေကန်ဘေးဧရိယာများ ပြုပြင်ခြင်း၊ ရေကန်ထဲသို့ စီးဆင်းသောမြစ်များ ပြုပြင်ခြင်း၊ ရေကန်တစ်ခုလုံးရှိ ညစ်ညမ်းမှုများ ကြားဖြတ်တားဆီးခြင်းနှင့် ပြုပြင်ခြင်း စီမံကိန်းများကို အဆက်မပြတ် ရှေ့တိုးဆောင်ရွက်ခဲ့သည်။ ယခုလက်ရှိတွင် လူကူကန်၏ ဇီဝမျိုးစုံမျိုးကွဲများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကြွယ်ဝလာ၍ စင်ရော်ခေါင်းမဲများအပြင် လည်ပင်းနက်ကြိုးကြာငှက်များနှင့် ပို့ချပ်ခေါင်းနီများ စသည့် ငှက်မျိုးများသည်လည်း မကြာခဏ ပေါ်လာလျက်ရှိကာ ၄င်းသည် ရွှေ့ပြောင်းငှက်များအတွက် ဆောင်းခိုရန် နွေးထွေးသော နေအိမ်တစ်ခု ဖြစ်လာပြီ။ 

3

4

စင်ရော်ခေါင်းမဲများသည် ရှေ့စဉ်နောက်ဆက် ရောက်ရှိလာသည် နှင့်အမျှ လူကူကန်သည် စင်ရော်ခေါင်းမဲ ကြည့်ရှုရာသီထဲသို့ ဝင်ရောက်နေပြီ ဖြစ်ပြီး ဤကာလသည် လာမည့်နှစ် မတ်လအထိ ဆက်လက်နိုင်မည်ဟု ခန့်မှန်းထားကာ လိကျန်းမြို့ရှိ နင်လန်ခရိုင်သည် လှပသော တောတောင်ရေမြေရှုခင်းများနှင့် ထူးခြားသော ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများဖြင့် ပြည်တွင်းပြည်ပ ခရီးသည်များအား လူကူကန်ဘေးသို့ စင်ရော်ခေါင်းမဲများကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်နေသည်။

初冬时节,“高原明珠”泸沽湖长空如洗,湖水澄澈蔚蓝。近日,数千只红嘴鸥如约飞抵云南省丽江市宁蒗彝族自治县泸沽湖,这些“白色精灵”为静谧的湖光山色增添了灵动的生机,也标志着“冬游丽江”观鸥季正式开启。

1

2

据介绍,近年来,丽江市及宁蒗县始终坚持生态优先,持续推进沿湖生态搬迁、湖滨带修复、入湖河道治理及全湖截污治污工程。如今,泸沽湖生物多样性日益丰富,除红嘴鸥外,黑颈鹤、赤嘴潜鸭等鸟类也频频现身,泸沽湖已成为候鸟越冬的温馨家园。

3

4

随着红嘴鸥陆续抵达,泸沽湖已进入红嘴鸥观赏期,观赏期预计持续至明年3月,丽江市宁蒗县正以美丽的山水风光和独特的民俗文化,向海内外游客发出冬游丽江的浪漫邀约,欢迎八方宾客来泸沽湖畔,赴一场与红嘴鸥的暖冬之约。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်