ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့

2025-11-10 16:42|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မကြာသေးမီက ကူမင်းအကောက်ခွန်ဌာန လက်အောက်ရှိ ဝမ်တင်းအကောက်ခွန်ဌာန၏ စောင့်ကြပ်မှုအောက်တွင် မြန်မာနိုင်ငံမှ တန် ၂၀ လေးသော မက္ကဒေးမီးယားသီးနှံ အသုတ်သည် ဝမ်တင်းဆိပ်ကမ်း မှတစ်ဆင့် အကောက်ခွန် အဆင်ပြေချောမွေ့စွာ ကျော်ဖြတ်ပြီး တရုတ်နိုင်ငံသို့ ဝင်ရောက်ခဲ့သည်။ ၄င်းသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများသည် ကွာရန်တင်းဝင်ခွင့် ရရှိခဲ့ပြီးနောက် ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များသော အခွံမာသီး အမျိုးအစား တစ်ခု အနေဖြင့် မက္ကဒေးမီးယားသီးနှံများသည် ၎င်းတို့၏ မွှေးကြွပ်သော ခံစားချက်နှင့် ကြွယ်ဝသော အာဟာရဓာတ်များကြောင့် စားသုံးသူများ၏ ကြိုက်နှစ်သက်မှု အများအပြား ရရှိကြသည်။ ဝမ်တင်းအကောက်ခွန်ဌာနသည် ဆန္ဒအလျောက် ရှေ့ပြေးဝန်ဆောင်ပေး၍ "အကောက်ခွန် ညွှန်ကြားရေးမှူးချုပ်မှ အိမ်သို့ မူဝါဒများ ပို့ဆောင်ပေးခြင်း"နှင့် ဝန်ဆောင်မှု hotline စသည့် နည်းလမ်းများဖြင့် တင်သွင်းသည့် ကုမ္ပဏီများအတွက် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများဆိုင်ရာ ပြည်ပကုန်ထုတ်လုပ်ငန်းများ၏ မှတ်ပုံတင်ခြင်းနှင့် သွင်းကုန်ပို့ကုန်လုပ်ငန်းများ၏ တိုင်းကြားမှတ်တမ်းတင်ခြင်း စသည့် မူဝါဒများကို အသေးစိတ် ရှင်းပြပေး၍ ကုမ္ပဏီများအား ကုန်သွယ်မှု ချောမွေ့စေရန် အတွက် စောင့်ကြပ်မှုနှင့် စာတမ်းတင်ပြခြင်းဆိုင်ရာ တောင်းဆိုချက်များကို အပြည့်အဝ နားလည်စေရန် ကူညီပေးလျက်ရှိသည်။

ဝမ်တင်းအကောက်ခွန်ဌာနမှ စရင်းဇယားများအရ ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုတွင် ဝမ်တင်းဆိပ်ကမ်းမှ အစားအစာ တန်ပေါင်း ၂၁.၈ သောင်းကို တင်သွင်းခဲ့ပြီး ကုန်စည်တန်ဖိုး ယွမ် ၁၉၀ သန်း ရှိကာ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၉၃.၁ ရာခိုင်နှုန်းနှင့် ၁၆၈.၇ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည် ဖြစ်သည်။

近日,在昆明海关所属畹町海关的监管下,一批重20吨的缅甸夏威夷果经畹町口岸顺利通关入境。这是自2025年9月缅甸夏威夷果获得检疫准入后,云南首次进口缅甸夏威夷果。

作为全球广受欢迎的坚果品类,夏威夷果以香脆的口感与丰富的营养深受消费者青睐。畹町海关主动靠前服务,通过“关长送政策上门”、服务热线等形式,为进口企业详细解读缅甸夏威夷果境外生产企业注册、进出口商备案等政策,帮助企业全面把握监管和申报要求,确保贸易顺畅。

畹町海关统计数据显示,今年前三季度,畹町口岸进口食品21.8万吨、货值1.9亿元,同比分别增长193.1%、168.7%。(云南日报记者 韩成圆 黄议娴) 

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်