တရုတ်နှင့် လာအိုနိုင်ငံအကြား ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသည် စတင်ခဲ့
2025-11-03 14:55|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြံ အပြည့်တင်ဆောင်ထားသော ပထမဆုံး ထရပ်ကားသည် လာအိုနိုင်ငံမှ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မုန်လာ့ခရိုင် မန်မန်းဆိပ်ကမ်း စစ်ဆေးရေးဧရိယာသို့ ဝင်ရောက်လာခြင်း နှင့်အမျှ တရုတ်နှင့် လာအိုနိုင်ငံအကြား ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးသည် တရားဝင်စတင်ခဲ့သည်။ စတင်ပို့ဆောင်သည့် ပထမနေ့တွင် မန်မန်းဆိပ်ကမ်းသည် ကြံတန်ချိန် ၁၅၀၀ ကျော်ကို ထိရောက်စွာ စစ်ဆေးထုတ်လွှတ်ပေးခဲ့ပြီ။
ဤကြံကြိတ်ရာသီသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်ပြီး ၂၀၂၆ ခုနှစ် ဧပြီလကုန်တွင် ပြီးဆုံးမည်ဖြစ်ကာ လာအိုမှ ကြံ တန်ပေါင်း ၉၃ သောင်းသည် သကြားထုတ်လုပ်ရန် မန်မန်းဆိပ်ကမ်း မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပြီး လွန်ခဲ့သည့် ကြံကြိတ်ရာသီနှင့် နှိုင်းယှဉ်ပါက ၁၂ ရာခိုင်နှုန်းခန့် တိုးလာမည် ဖြစ်ပြီး စက်မှုထွက်ကုန်တန်ဖိုးမှာ ယွမ် ၆၂၀ သန်းအထိ ရောက်ရှိရန် မျှော်လင့်ရသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



