တရုတ် "ဝမ်ရှုးကျန်ဖန်း" ရွက်လှေပွဲတော်၏ တာ့လီအဆင့် အယ်ဟိုင်ရေကန်ဘေးတွင် ရွက်လှေများ လှိုင်းထန်းကာ စတင် ပြိုင်ဆိုင်ခဲ့
2025-10-31 15:43|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ "ဝမ်ရှုးကျန်ဖန်း" ရွက်လှေပွဲတော်၏ တာ့လီအဆင့်ကို အယ်ဟိုင်ရေကန်ကမ်းခြေ၌ ကျင်းပခဲ့သည်။ ၂၀၂၅ ခုနှစ် တရုတ် ပြင်ပအားကစား စက်မှုလုပ်ငန်းညီလာခံ၏ ကွင်းဆင်းပြိုင်ပွဲတစ်ခုအဖြစ် ဤအမျိုးသားအဆင့် ရွက်လှေပြိုင်ပွဲကို တာ့လီ၌ ယခုဆိုလျှင် သုံးနှစ်ဆက်တိုက် ကျင်းပပြုလုပ်လာခြင်း ဖြစ်သည်။ ဤအဆင့်အတွက် ပြိုင်ပွဲကို တရုတ် ရွက်လှေအားကစားအသင်းနှင့် ယူနန်ပြည်နယ် အားကစားဗျူရိုတို့က ပူးတွဲဦးဆောင် ကျင်းပခြင်းဖြစ်ကာ၊ နိုင်ငံအနှံ့မှ ရွက်လှေအားကစားသမားနှင့် ဝါသနာရှင် ၁၀၀ ကျော်ခန့်ကို ဆွဲဆောင်နိုင်ခဲ့သည်။
ပြိုင်ပွဲသည် အယ်ဟိုင်ရေကန်၏ ကောင်းမွန်သော ရေပြင်အရင်းအမြစ်ကို အခြေပြုထားသည်။ ရေပေါ်ပြိုင်ပွဲအဖြစ် အားမာန်မြှင့်တင်ရင်းပင် ရွက်လှေစီးခြင်း၊ ကယက်လှေစီးခြင်း စသည့် ရေပေါ်အတွေ့အကြုံမျိုးစုံနှင့် ကုန်းပေါ်အပြန်အလှန်လှုပ်ရှားမှုများကို ပေါင်းစပ်တင်ဆက်ကာ၊ ကြည့်ရှုခံစားရန်နှင့် ကိုယ်တိုင်ပါဝင်ဆင်နွှဲရန်ဟူသော ရေနှင့်ကုန်း နှစ်ဌာနစလုံးပါဝင်သည့် ပွဲတော်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


