(၂၅) ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်ကို စတင်ကျင်းပခဲ့

2025-10-29 17:05|ရောင်စုံတိမ်တံတား

20251027d455a4d40f034f93b1a04983a135486b_2025102713c6c94c54654446861443da48c520af

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်(၂၅) ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုဖုန်းမြို့ရှိ ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် အနုပညာကွင်းပြင်၌ စတင်ကျင်းပခဲ့သည်။ ဤအကြိမ် ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်သည် "ယူနန်ဟုခေါ်သည့် ဘဝနေထိုင်မှုတစ်မျိုးရှိခြင်း၊ ရေပန်းစားသော ချူရှုန်၊ လုဖုန်းတွင် ခရီးသွားနေထိုင်ခြင်း၊ အပြန်အလှန်ထည့်သွင်းစီခင်းပြီး ရောနှောပေါင်းစပ်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဒိုင်နိုဆောဆိုင်ရာ ယဉ်ကျေးများကို ဗဟိုခါးပတ်ကြိုးအဖြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းကို နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ရန် တွန်အားပေးမည် ဖြစ်သည်။

ကွင်းဖွင့်ပွဲအပြင် ဤအကြိမ် ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်တွင် တေးဂီတသီဆိုပွဲ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပုံပြင်များ ပြောပြခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ပြသခြင်း စသည့် လှုပ်ရှားမှု ၁၄ ခုကိုလည်း ကျင်းပမည် ဖြစ်ကာ ထွေပြားစုံလင်သော လှုပ်ရှားမှုများကို နိုဝင်ဘာလအထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကာ ၄င်းသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လှုပ်ရှားမှုများ မှတစ်ဆင့် မြို့သူမြို့သားများနှင့် ခရီးသည်များအား ဒိုင်နိုဆော ယဉ်ကျေးမှု အမှတ်တံဆိပ်၏ ညှို့နိုင်စွမ်းများကို ခံစားရစေရန်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည် ဖြစ်သည်။

20251027d455a4d40f034f93b1a04983a135486b_2025102713c6c94c54654446861443da48c520af

新华网昆明10月27日电 记者王安浩维 第二十五届禄丰恐龙文化旅游节26日在云南省楚雄彝族自治州禄丰市恐龙文化艺术广场开幕。本届恐龙文化旅游节以“有一种叫云南的生活——火火楚雄·旅居禄丰·互嵌共融”为主题,以恐龙文化为核心纽带,推动文旅深度融合。

据了解,除开幕式演出外,本届恐龙文化旅游节还将举办音乐会、文旅故事讲演、非遗展演等14项系列活动,丰富多彩的活动将一直持续至11月,旨在通过文旅活动让市民游客感受恐龙文化品牌魅力,促进文化和旅游事业高质量发展。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်