(၂၅) ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်ကို စတင်ကျင်းပခဲ့
2025-10-29 17:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) (၂၅) ကြိမ်မြောက် လုဖုန်း ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ် ချူရှုန် ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ လုဖုန်းမြို့ရှိ ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် အနုပညာကွင်းပြင်၌ စတင်ကျင်းပခဲ့သည်။ ဤအကြိမ် ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်သည် "ယူနန်ဟုခေါ်သည့် ဘဝနေထိုင်မှုတစ်မျိုးရှိခြင်း၊ ရေပန်းစားသော ချူရှုန်၊ လုဖုန်းတွင် ခရီးသွားနေထိုင်ခြင်း၊ အပြန်အလှန်ထည့်သွင်းစီခင်းပြီး ရောနှောပေါင်းစပ်ခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဒိုင်နိုဆောဆိုင်ရာ ယဉ်ကျေးများကို ဗဟိုခါးပတ်ကြိုးအဖြစ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းကို နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ရန် တွန်အားပေးမည် ဖြစ်သည်။
ကွင်းဖွင့်ပွဲအပြင် ဤအကြိမ် ဒိုင်နိုဆော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်တွင် တေးဂီတသီဆိုပွဲ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပုံပြင်များ ပြောပြခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ပြသခြင်း စသည့် လှုပ်ရှားမှု ၁၄ ခုကိုလည်း ကျင်းပမည် ဖြစ်ကာ ထွေပြားစုံလင်သော လှုပ်ရှားမှုများကို နိုဝင်ဘာလအထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကာ ၄င်းသည် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လှုပ်ရှားမှုများ မှတစ်ဆင့် မြို့သူမြို့သားများနှင့် ခရီးသည်များအား ဒိုင်နိုဆော ယဉ်ကျေးမှု အမှတ်တံဆိပ်၏ ညှို့နိုင်စွမ်းများကို ခံစားရစေရန်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထားသည် ဖြစ်သည်။
အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ

