တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့

2025-10-28 16:10|ရောင်စုံတိမ်တံတား

2c79c7be68718528189dda5a086f1ef1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အောက်တိုဘာလ ၁၅ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထားများသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် စုစုပေါင်း အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့၍ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၁၅ ခုကို လွှမ်းခြုံထားသည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Group Co., Ltd. မှ သိရှိရခဲ့သည်။

736b16d86d22a6532db149cbc2c1d8c5

ခရီးသည်များ၏ တစ်နေ့ထက်တစ်နေ့ မျိုးစုံလာသည့် နယ်စပ်ဖြတ်ကျော် ခရီးသွားလိုအပ်ချက်များကို ဖြည့်ဆည်းသည့်အတွက် တရုတ်နှင့် လာအို (၂) နိုင်ငံတို့၏ ရထားလမ်းဌာနများသည် ရထားလည်ပတ်မှု အစီအစဉ်များကို အဆက်မပြတ် ပိုမိုကောင်းမွန်စေအောင် လုပ်ဆောင်ခဲ့ကြ၍ ၂၀၂၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မှစ၍ ကူမင်းမှ ဗီယင်ကျန်းသို့ တရုတ်-လာအိုရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထားများကို ခုတ်မောင်းပြေးဆွဲခဲ့ပြီး ၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ မှစ၍ ဆစ်ဆောင်ပန်းနား (ဖူအော်) မှ လွမ်ပရာဘမ်သို့ တရုတ်-လာအိုရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထားများကို ခုတ်မောင်းပြေးဆွဲခဲ့သည် ဖြစ်သည်။ ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မှစ၍ နိုင်ငံတကာ ခရီးသည်တင်ရထား ပြေးဆွဲမှု အတိုင်းအတာကို ထပ်မံတိုးချဲ့ခဲ့ပြီး ဖူအော်မှ လွမ်ပရာဘမ်သို့ နိုင်ငံတကာ ခရီးသည်တင်ရထား၏ လည်ပတ်မှု အတိုင်းအတာကို ကူမင်းမှ ဗီယင်ကျန်းသို့အထိ တိုးချဲ့ခဲ့ပြီး ၄င်းကို ကူမင်းမှ ဗီယင်ကျန်းသို့ ဒုတိယအတွဲ နိုင်ငံတကာ ခရီးသည်တင်ရထား ဖြစ်လာစေခဲ့သည် ဖြစ်သည်။

1ddd8b684f29b7793dc15dc4b403c541

ထို့ပြင် တရုတ်-လာအို ရထားလမ်းမှ နိုင်ငံတကာ ခရီးသည်တင်ရထား တစ်ကြိမ်တိုင်း၏ နယ်စပ်ဖြတ်ကျော် ခရီးသည်ထိုင်ခုံ အရေအတွက်ကို အခု ၄၂၀ အထိ တိုးမြှင့်ခဲ့၍ နေ့စဉ် ပြည်ဝင်ပြည်ထွက် လူဦးရေးကို အမြင့်ဆုံး အယောက်ပေါင်း ၁၄၀၀ ကျော်အထိ ရောက်ရှိစေခဲ့သည်။ ဤအပြုအမူ စီးရီးသည် တရုတ်နိုင်ငံရှိ ကူမင်းနှင့် ဆစ်ဆောင်ပန်းနား စသည့် နေရာများသို့ ပညာသင်ကြားရန်နှင့် ဆေးကုသမှုခံယူရန် လာအိုနိုင်ငံသားကို တစ်နေ့ထက်တစ်နေ့ တိုးပွားလာစေခဲ့ကာ လာအိုနိုင်ငံသို့ စီးပွားရေးလုပ်ကိုင်ရန်နှင့် လုပ်ငန်းကုမ္ပဏီဖွင့်ရန် တရုတ်နိုင်ငံသားကိုလည်း အမျှင်မပြတ် သွားရောက်စေခဲ့သည် ဖြစ်သည်။

တစ်နေ့ထက်တစ်နေ့ တိုးပွားလာသည့် ခရီးသည်စီးဆင်းမှုမှာ တရုတ်-လာအို ရထားလမ်း တစ်လျှောက်ရှိ ရှုခင်းသာနေရာများ၊ ဟိုတယ်များနှင့် အစားအသောက် စသည့်လုပ်ငန်းများကို ရေပန်းစားစေခဲ့ပြီး ခရီးသည်စီးဆင်းမှု၊ ကုန်စည်ပို့ဆောင်မှုနှင့် သတင်းအချက်အလက် စီးဆင်းမှုတို့ကို ပိုမိုလျင်မြန်စွာ စီးဆင်းစေ၍ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အားကောင်းသော သက်ဝင်အားများကို ထည့်သွင်းပေးခဲ့သည် ဖြစ်သည်။

昆明信息港讯 记者上官艳君 记者从中国铁路昆明局集团有限公司获悉,截至10月15日,中老铁路国际旅客列车累计运送跨境国际旅客突破60万人次,覆盖全球115个国家和地区。

2c79c7be68718528189dda5a086f1ef1

为满足游客日益多样化的跨境出行需求,中老两国铁路部门不断优化列车开行方案,2023年4月13日起开行昆明至万象中老铁路国际旅客列车,2024年4月13日起开行西双版纳(普洱)至琅勃拉邦中老铁路国际旅客列车。今年7月18日起,再次扩大国际旅客列车开行范围,将普洱至琅勃拉邦国际旅客列车运行区间延伸至昆明至万象,成为第二对昆明至万象国际旅客列车。

736b16d86d22a6532db149cbc2c1d8c5

此外,每趟中老铁路国际旅客列车跨境旅客席位增至420个,每天出入境人数最高达1400多人。这一系列举措,让前往中国昆明、西双版纳等地求学、就医的老挝民众日益增多,奔赴老挝经商、办企业的中国民众也络绎不绝。

1ddd8b684f29b7793dc15dc4b403c541

与日俱增的客流带火了沿线景区、酒店、餐饮等产业,加速了客流、物流、信息流的流动,为区域经济发展注入了强劲活力。

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်