တရုတ်-လာအို ရထားလမ်းမှ သွင်းကုန်နှင့် ပို့ကုန် ပမာဏနှင့် တန်ဖိုးစလုံးသည် တိုးပွားလာ

2025-10-28 14:35|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ယခုနှစ် ပထမ ကိုးလတာကာလအတွင်း ကူမင်းအကောက်ခွန်ရုံးသည် တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် သွင်းကုန်ပို့ကုန် တန်ချိန် ၄.၁ သန်းကို ကြီးကြပ်ပြီး စစ်ဆေးခွင့်ပြုခဲ့ပြီး စုစုပေါင်းတန်ဖိုး ယွမ် ၁၉.၇၂ ဘီလီယံဖြစ်ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၈.၉ ရာခိုင်နှုန်း နှင့် ၄၂.၈ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကာ ၎င်းတို့အနက် ပို့ကုန်တန်ဖိုး ယွမ် ၉.၈၇ ဘီလီယံဖြစ်ပြီး ၆၅.၁ ရာခိုင်နှုန်း တိုးလာ၍ သွင်းကုန်တန်ဖိုး ယွမ် ၉.၈၅ ဘီလီယံဖြစ်ပြီး ၂၅.၈ ရာခိုင်နှုန်း တိုးလာခဲ့ကာ "ရွှေလမ်းကြောင်း"၏ အကျိုးသက်ရောက်မှုများကို အဆက်မပြတ် ထုတ်ပြန်နေသည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် သတင်းထောက်က ကူမင်းအကောက်ခွန်ရုံးမှ သိရှိခဲ့ရသည်။

ပို့ကုန်ဘက်တွင် ပထမ ကိုးလတာကာလအတွင်း တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် တင်ပို့သည့် စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်တန်ဖိုးသည် ယွမ် ၅.၃၂၅ ဘီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၁၄၀.၁ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တရုတ်-လာအို ရထားလမ်း၏ စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၅၄ ရာခိုင်နှုန်း ရှိ၍ စက်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်ထုတ်ကုန်များသည် တရုတ်-လာအို ရထားလမ်း၏ ပို့ကုန်များ၏ အဓိကအစိတ်အပိုင်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စမတ်ဖုန်းများ၊ စက်မှုလုပ်ငန်းသုံး စက်ရုပ်များ၊ စွမ်းအင်သစ်မော်တော်ယာဉ် (NEV)နှင့် အစိတ်အပိုင်းပစ္စည်းများ စသည့် ထပ်ဆင့်တန်ဖိုးမြင့်နှင့် နည်းပညာမြင့် "တရုတ် ဉာဏ်ရည်တုထုတ်ကုန်"၏ အချိုးအဆသည် ဆက်လက် တိုးမြင့်လာခဲ့သည် ဖြစ်သည်။

သွင်းကုန်ဘက်တွင် အရှေ့တောင်အာရှ ထူးခြားချက်ရှိ လယ်ယာထွက် စားသောက်ကုန်များကို မြောက်ဘက်သို့ အဆက်မပြတ် အမြန်ရောင်းချခဲ့သည်။ အချိန်တူကာလတွင် တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် တင်သွင်းသည့် လယ်ယာထွက် စားသောက်ကုန်များသည် စုစုပေါင်း ယွမ် ၆.၀၉ ဘီလီယံ ရှိခဲ့ပြီး လွန်ခဲ့သည့် အချိန်တူကာလထက် ၃၈.၁ ရာခိုင်နှုန်း တိုးလာခဲ့ကာ ၄င်းတို့အနက် ထိုင်းဒူးရင်းသီးများ၊ လာအိုငှက်ပျောသီးများ စသည့် အရှေ့တောင်အာရှ အပူပိုင်းဒေသ သစ်သီးဝလံများ တင်သွင်းမှုပမာဏသည် မြန်ဆန်စွာ တိုးတက်လာခဲ့၍ လွန်ခဲ့သည့် အချိန်တူကာလထက် ၄၆.၅ ရာခိုင်နှုန်း တိုးလာခဲ့သည် ဖြစ်သည်။

တရုတ်-လာအို ရထားလမ်း၏ သွင်းကုန်ပို့ကုန်  အချက်အလက်များသည်  အလွန်ထင်ရှားပေါ်လွင်မှု ရှိခဲ့ပြီး ဈေးကွက်လုပ်ငန်း အမျိုးမျိုး၏ သက်ဝင်အားများသည် ဖြာထွက်လာခဲ့ကာ ၄င်းတို့အနက် ပုဂ္ဂလိကလုပ်ငန်းများ၏ လုပ်ကိုင်ပုံများသည် အထူးသတိပြုဖွယ် ကောင်းသည် ဖြစ်သည်။ ယခုနှစ် ပထမ ကိုးလတာကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများသည် တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် တန်ဖိုး ယွမ် ၁၅.၃၈ ဘီလီယံရှိသည့် ကုန်ပစ္စည်းများကို တင်သွင်းတင်ပို့ခဲ့ကြပြီး  လွန်ခဲ့သည့် အချိန်တူကာလထက် ၂၂.၄ ရာခိုင်နှုန်း တိုးလာခဲ့ကာ တရုတ်-လာအို ရထားလမ်း မှတစ်ဆင့် သွင်းကုန်ပို့ကုန် စုစုပေါင်းတန်ဖိုး၏ ၇၈ ရာခိုင်နှုန်း ရှိသည် ဖြစ်သည်။

记者10月24日从昆明海关获悉,今年前三季度,昆明海关累计监管验放经中老铁路进出口货物410万吨,货值197.2亿元,同比分别增长8.9%、42.8%,其中,出口98.7亿元,增长65.1%;进口98.5亿元,增长25.8%,“黄金线路”效应持续释放。

出口方面,前三季度,经中老铁路出口机电产品货值53.25亿元,同比增长140.1%,占中老铁路出口总值的54%,机电产品已成为中老铁路出口的主力。智能手机、工业机器人、新能源汽车及零部件等高附加值、高技术含量的“中国智造”占比持续提升。

进口方面,东南亚特色农食产品持续“抢鲜”北上。同期,经中老铁路进口农食产品60.9亿元,同比增长38.1%,其中,泰国榴莲、老挝香蕉等东南亚热带水果进口增势迅猛,同比增长46.5%。

中老铁路进出口数据亮眼,各类市场主体活力迸发,其中民营企业的表现尤为引人关注。前三季度,民营企业经中老铁路进出口货值153.8亿元,同比增长22.4%,占中老铁路进出口总值的78%。(云南日报 记者韩成圆 黄议娴) 

အယ်ဒီတာ: မရီရီ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်