တရုတ်လမုန့်များသည် ယူနန်ပြည်နယ်ရှိ ဟယ်ခုတ်အကောက်ခွန်ရုံး မှတဆင့် ဗီယက်နမ့်ဈေးကွက်တွင် ရောင်းကောင်း
2025-10-10 14:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ဝက်ပေါင်ခြောက်နှင့် လတ်ဆတ်ပန်းများ စသည်တို့ဖြင့် ထူးခြားချက်ဖြစ်သော တရုတ်လမုန့်များသည် ပြည်ပဈေးကွက်တွင် ဆက်လက် ရေပန်းစားခဲ့သည်။ အရသာ အမျိုးမျိုးရှိသည့် တရုတ်လမုန့်များသည် ကွက်လက်ဖျတ်လတ်သော အကောက်ခွန်ရှင်းလင်းရေး လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုလျင်မြန်စွာ သယ်ယူပို့ဆောင်ပေးနေသည် ဖြစ်ကာ တရုတ် အစားအစာယဉ်ကျေးမှုများ ပြည်ပသို့ သွားရောက်သည့် ထွန်းလင်းတောက်ပသော အမည်ကတ်ပြား တစ်ချပ် ဖြစ်လာနေပြီ ဖြစ်သည်။
ယူနန်ပြည်နယ်ရှိ ဟယ်ခုတ်ခရိုင်၌ တည်ရှိသော ပေစန်း အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းထားရှိရာနေရာ၌ ဟယ်ခုတ် အကောက်ခွန်ရုံး၏ အမှုထမ်းများသည် ဗီယက်နမ်နိုင်ငံသို့ တင်ပို့မည့် အလေးချိန် ၁၀ တန်ခန့်ရှိသော တရုတ်လမုန့် တစ်သုတ်ကို လျင်မြန်စွာ စစ်ဆေးဆောင်ရွက်နေကြသည် ဖြစ်ခဲ့သည်။
"တရုတ်အရသာများ" အပြည့်ပါရှိသော ဤတရုတ်လမုန့်အသုတ်သည် စာတမ်းတင်ပြခြင်းမှ အတည်ပြုခြင်းသို့ လုပ်ငန်းစဉ်တစ်ခုလုံး မိနစ် ၃၀ မကြာဘဲ ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့သည်။ ကူမင်းအကောက်ခွန်ရုံး၏ စာရင်းဇယားများအရ ဤနှစ် ပထမရှစ်လအတွင်း ယူနန်ပြည်နယ်မှ တင်ပို့သည့် တရုတ်လမုန့်သည် အတန် ၇၅၂၀ ရှိပြီး တန်ဖိုး အယွမ် ၁၃၀ သန်း ရှိခဲ့ကြောင်း သိရသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



