ယူနန်ပြည်နယ် ကွန်နန်ခရိုင်၌ ဆောင်းကူးရာသီရှုခင်းများ ဆေးဆိုးထားသော စပါးစိုက်ခင်းများသည် သီးထွက်များသောနှစ်၏ ရုပ်ပုံကို ရေးဆွဲဖော်ပြ
2025-09-30 17:11|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကွန်နန်ခရိုင် ပါးပေါင်မြို့နယ်သည် သီးထွက်များသော ရာသီချိန်ကို ကြိုဆိုလာနေပြီ။ စပါး အမိုပေါင်း ၄.၅ သောင်းသည် တဖြည်းဖြည်း ရင့်မှည့်လာ၍ ကျယ်ပြန့်သော လယ်ကွင်းများသည် အရောင်အသွေး စုံလင်သော အကွက်များအဖြစ် ပြောင်းလဲသွားသည်။ စပါးလှိုင်းများသည် အဟုန်ပြင်းစွာ လှိမ့်၍နေပြီး သင်းရနံ့ကြိုင်များသည် အရပ်လေးမျက်နှာသို့ လျှံထွက်ပြီး ကြည်လင်သော မြစ်ရေများသည် နှစ်ဘက်ကမ်းရှိ စိမ်းလန်းသော သစ်ပင်များနှင့် ရောယှက်၍နေသော နေအိမ်များကို ရောင်ပြန်ဟပ်နေကာ စိတ်ထိခိုက်စေသော သီးထွက်များသော ပန်းချီကားလိပ် တစ်ချပ်သည် တဖြည်းဖြည်း ဖြန့်ကားနေသည်။
ယခုနှစ်များတွင် ကွန်နန်ခရိုင် ပါးပေါင်မြို့နယ်သည် ပါးပေါင်ဆန်ကို ထူးခြားချက်လက္ခဏာများနှင့် အားသာချက်များ ရှိသော စက်မှုလုပ်ငန်းတစ်ခုအဖြစ် အလေးပေး ဖွံ့ဖြိုးတိုးတက်စေခဲ့၍ စပါးထွက်ရှိမှုကို ဂေဟစနစ်အုပ်ချုပ်မှု၊ အပန်းဖြေခရီးသွားလုပ်ငန်းတို့နှင့် ထိထိရောက်ရောက် ပေါင်းစပ်ပြီး ဒေသခံရွာသူရွာသားများကို ချမ်းသာစေပြီး ဝင်ငွေတိုးလာစေ၍ ကျေးလက် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း


