ကူမင်းမြို့ နန်ဖျင်လမ်းတွင် ဓာတ်ပုံရိုက်ရန် အထင်ကရနေရာအသစ်ကို ဖွင့်လှစ်ခဲ့
2025-09-29 17:43|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) "ဆင်"ဖြင့် ဗဟိုပြုပြီး ဒီဇိုင်းဆွဲသော ဆန်းသစ်တီထွင်မှု အပြင်နံရံတပ်ဆင်မှုပစ္စည်း ဖြစ်သည့် ကူမင်းရှိ ဓာတ်ပုံရိုက်ရန် အထင်ကရနေရာအသစ်သည် နန်ဖျင်ခြေလျင်လျှောက်လမ်း၌ မြို့သူမြို့သားများနှင့် တွေ့ဆုံခဲ့သည်။ ယဉ်ကျေးမှုအဓိပ္ပါယ်နှင့် အပြန်အလှန်တုံ့ပြန်မှုအတွေ့အကြုံ ရောနှောပေါင်းစပ်သော ဤမြို့ပြရှုခင်းသည် မြို့သူမြို့သားများကို လာရောက်ဓာတ်ပုံရိုက်ရန်နှင့် အပြန်အလှန်တုံ့ပြန်ရန် ဆွဲဆောင်ခဲ့ပြီး နွေဦးမြို့၏ လမ်းမပေါ်ရှိ အထင်ကရနေရာတစ်ခုကို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဧရာမဆင်ကြီးသည် နံရံမှ ဖောက်ထွင်းဖြတ်သန်းသွားသော ဆန်းသစ်တီထွင် ဟန်အမူအရာဖြင့် ပေါ်ထွက်လာပြီး အင်အား၊ ဉာဏ်အစွမ်း၊ ကျက်သရေ မင်္ဂလာ အပေါင်းနှင့်ပြည့်စုံခြင်း တို့ကို သရုပ်ဆောင်ပြီး ကောင်းမွန်လှပသော စောင့်မျှော်ချက်များကို ကမ်းလှမ်းပေးသည်။ ဧရာမဆင်ဦးခေါင်းသည် အဆောက်အအုံ၏ အပြင်နံရံမှ ထွက်နေပြီး ၎င်း၏ ကျယ်ပြန့်သော နားရွက်၊ ရှည်မျောမျောသော ဆင်စွယ်နှင့် သွက်လက်သော ဆင်နှာမောင်းရှည် တို့သည် အမြင်အာရုံကို အလွန်ထိခိုင်စေနိုင်သည်။ ဤတပ်ဆင်မှုပစ္စည်းသည် ထူးခြားချက်ရှိသော အပြန်အလှန်တုံ့ပြန်မှု နှစ်ခုကို စီစဉ်ထားသည်- ဆင်သည် အချိန်သတ်မှတ်စွာ ပန်းထွက်တတ်သော ရောင်စုံပူဖောင်းများမှာ နေရောင်ခြည်၏ အလင်းယိုင် ခြင်းအားဖြင့် ပြောက်ကြီးပြောက်ကြားဖြစ်သော အလင်းနှင့် အရိပ်များကို ထွက်ပေါ်လာပြီး အံ့သြသော အငွေ့အသက်ကို ဖန်တီးပေးသည်၊ နာရီတိတိတွင် ထွက်လာသည့် ဆင်အော်သံမှာ မူလရိုင်းစိုင်းသော သဘာဝအသံဖြင့် မြို့ပြလူနေမှုဘဝအတွက် အခမ်းအနား၏ရသကို ထည့်သွင်းပေး၍ မြိုသူမြို့သားများအား မြို့လယ်ခေါင်တွင် သဘာဝကျသော စိတ်နှလုံးကုသပေးခြင်းကိုလည်း ရရှိစေနိုင်မည် ဖြစ်သည်။
ဤနေရာ၌ လူကြီးများနှင့် ကလေးများသည် တပ်ဆင်မှုပစ္စည်းနှင့် စိတ်လှုပ်ရှားစွာ အပြန်အလှန်တုံ့ပြန် နေကြသည်၊ အချို့သည် ပူဖောင်းများကို လိုက်ဖမ်းနေကြပြီး ရယ်မောနေကြသည်၊ အချို့သည် ဆင်အော်သံကို နားထောင်ရန် ရပ်တန့်နေကြသည်၊ အချို့သည်လည်း ဆင်ရုပ်တုနှင့် ဓာတ်ပုံတွဲရိုက်နေကြသည်။ "အပတ်တိုင်း နန်ဖျင်လမ်းကို လာရတာ စောင့်မျှော်စရာနောက်တစ်ခု ရှိပါတယ်။" တပ်ဆင်မှုပစ္စည်းသည် ပျော်စရာကောင်း ရုံသာမက နွေးထွေးသော ဘဝခံစားချက်ကိုလည်း ကှမ်းလှမ်းထားသည် ဖြစ်ကြောင်း မြို့သူမြို့သားမစ္စဝမ်က ပြောကြားခဲ့သည်။
9月27日,昆明全新城市打卡地标——以“大象”为核心设计的创意外墙装置在南屏步行街与市民见面。这一融合文化寓意与互动体验的城市景观,吸引众多市民前来拍照、互动,成为春城街头又一吸睛地标。
巨型大象以穿墙而出的创意姿态亮相,象征力量、智慧与吉祥,传递美好期许。庞大的象头探出建筑外立面,宽阔的耳朵、修长的象牙与灵动的长鼻极具视觉冲击力。装置配备两大特色互动:大象会定时喷出的七彩泡泡,在阳光下折射出斑斓光影,营造奇幻氛围;整点象鸣则以原始野性的自然声音,为都市生活注入仪式感,让市民在城市中心也能收获自然心灵治愈。
现场,大人与孩子与装置兴奋互动,有的追逐泡泡欢笑,有的驻足聆听象鸣,还有的与大象雕塑合影。“每周来南屏街,又多了个期待!”市民王女士表示,装置不仅有趣,还传递着温暖的生活感。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် ဆစ်ဆောင်ပန်းနား၌ စတင်ကျင်းပမည်
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ယူနန်မုရွှေဟွာ တောရိုင်းမှိုရောင်းဝယ်ရေးစင်တာ၌ Collybia albuminosa ကို စတင်ရောင်းချ၍ တစ်ကီလိုဂရမ် အယွမ် ၂၅၀၀ မှ ၂၈၀၀ အထိဖြစ်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းသည် အရှေ့တောင်အာရှ ဒူးရင်းသီးများကို တရုတ်ဈေးကွက်တွင် အရောင်းကောင်းစေ
- လာအိုနိုင်ငံမှ သရက်သီးများကို တရုတ်-လာအို ရထားလမ်းဖြင့် တရုတ်နိုင်ငံသို့ ရောင်းချခဲ့
- ယူနန်ပြည်နယ်တွင် ပထမဆုံး ရောနှောတင်ဆောင်ရထားသည် မြန်မာနိုင်ငံသို့ ခုတ်မောင်းသွားခဲ့
- မေလမှစ၍ တရုတ်-လာအို ရထားလမ်းမှ သစ်သီးဝလံများ သယ်ယူပို့ဆောင်ရေး ပမာဏသည် နေ့စဉ်ပျမ်းမျှအားဖြင့် တန်ချိန် ၂၀၀၀ ကျော်ရှိ








